နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိုဆင်မ်ဟန်ရဲ့ အပြောင်းအရွှေ့ အတွက် သဘောတူညီမှု ရထားတဲ့ နာပိုလီနဲ့ အဲလ်အာလီ | စီးရီးအေ

စီးရီးအေ ထိပ်သီး ကလပ် နာပိုလီ ကတော့ သူတို့ရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီထံ ရောင်းချဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဒါပေမယ့်လည်း ကလပ် နှစ်ခု အကြားမှာသာ သဘောတူညီမှု ရရှိသေးတာ ဖြစ်ပြီး ကစားသမား ကိုယ်တိုင် ကတော့ အခုချိန်ထိ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် မချရသေးဘူးလို့ သိရပါတယ်။

နိုင်ဂျီးရီးယား လက်ရွေးစင် ကစားသမား ဟာ ၂၀၂၂/၂၃ ဘောလုံးရာသီ စီးရီးအေမှာ သွင်းဂိုး ၂၆ ဂိုး အထိ ရရှိခဲ့ပြီး သူ့ရဲ့ အသင်း ချန်ပီယံဆု ရရှိရာမှာလည်း အဓိကကျခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ အသက် ၂၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အိုဆင်မ်ဟန်က ပြီးခဲ့တဲ့ ရာသီက နာပိုလီ အတွက် ၁၅ ဂိုး သွင်းယူပေးခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ စာချုပ်သက်တမ်းတိုးခဲ့သလို စာချုပ်ဖျက်သိမ်းကြေး ကလည်း ယူရိုသန်း ၁၃၀  အထိ တိုးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အိုဆင်မ်ဟန်ဟာ နောက်ပိုင်းမှာ အသင်းနဲ့ အဆင်မပြေ ဖြစ်လာခဲ့ပြီးတော့ ဒီနွေရာသီမှာ နေပဲလ် ကလပ် ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

အိုဆင်မ်ဟန်ဟာ အစောပိုင်းမှာ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးတို့နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ခဲ့သလို ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့လည်း နီးစပ်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းပြောင်းရွှေ့ဖို့ အဆင်မပြေဖြစ်ခဲ့ရတဲ့ အိုဆင်မ်ဟန်က အခုနောက်ဆုံး မှာတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီနဲ့ သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ဖာဘရီဇီယို ရိုမီနိုရဲ့ ဖော်ပြချက်အရ စီးရီးအေ ကလပ်ဟာ အိုဆင်မ်ဟန်ကို အဲလ် အာလီ အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၆၅ သန်းနဲ့ ရောင်းချဖို့ သဘောတူညီမှု ရရှိရန် နီးစပ်နေပြီလို့ သိရပါတယ်။ အကယ်၍ အိုဆင်မ်ဟန်သာ အဲလ်အာလီကို ပြောင်းရွှေ့ဖြစ်ခဲ့ရင်တော့ ဒီနွေရာသီမှာ ဆော်ဒီပရိုလိဂ်ကို ရောက်ရှိတဲ့ ကစားသမား စာရင်းမှာ တန်ကြေး အများဆုံးလည်း ဖြစ်လာဖို့ ရှိနေပါတယ်။ အိုဆင်မ်ဟန် မတိုင်ခင် မှာတော့ မူဆာ ဒီယာဘီ၊ အော်ဘာမီယန်း၊ နာချို ဖာနန်ဒက်ဇ် တို့ဟာ ဆော်ဒီပရိုလိဂ် ကလပ်တွေကို အသီးသီး ပြောင်းရွှေ့ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း အိုဆင်မ်ဟန် အနေနဲ့ အဲလ်အာလီကို ပြောင်းရွှေ့ဖို့ မီးစိမ်းမပြသေးတာကြောင့် ယတိပြတ်တော့ ပြောလို့ မရသေးပါဘူး။ အိုဆင်မ်ဟန် အနေနဲ့ မြင့်မားတဲ့ လုပ်ခလစာ လိုချင်နေတယ်လို့ သိရသလို တချို့သတင်းတွေ မှာတော့ သူက ဥရောပမှာပဲ ဆက်ရှိနေချင်ကြောင်း ဖော်ပြထားပါတယ်။ အိုဆင်မ်ဟန်ရဲ့ အေးဂျင့် ဖြစ်သူ ရော်ဘတ်တို ကယ်လန်ဒါ ကတော့ ဆော်ဒီအာရေဗျသို့ ပြောင်းရွှေ့ခြင်းဟာ သူ့ကစားသမားရဲ့ အစီအစဉ်ထဲမှာ မပါဝင်ကြောင်း ပြောကြားထားခဲ့ပါတယ်။

ကယ်လန်ဒါက “အိုဆင်မ်ဟန်က လက်ရှိမှာ နာပိုလီ ကစားသမား တစ်ဦး ဖြစ်ပြီး မကြာသေးမီကမှ အပြန်အလှန် ကျေနပ်မှုနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်” လို့ ဆိုရှယ်မီဒီယာ ကနေ တဆင့် ရေးသား ဖော်ပြထားခဲ့ပါတယ်။ ဒါ့အပြင် “သူ့ဟာ ကလပ်ရဲ့ ဆုံးဖြတ်ချက်တွေကို အမြဲတမ်း (ဒီနှစ်မှာလည်း) လိုက်နာခဲ့သူ ဖြစ်ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ အိုဆင်မ်ဟန်က ပရောဖက်ရှင်နယ် အသစ်တွေ အတွက် အဝေးမှာ သွားကစားရမယ့်သူ မဟုတ်ပါဘူး။ ဗစ်တာဟာ တစ်နှစ်တာ အကောင်းဆုံး အာဖရိက ဘောလုံးသမား တစ်ဦး ဖြစ်သလို ဘယ်လွန်ဒေါဆု အတွက် ဆန်ကာတင် စာရင်းမှာ ရှစ်ကြိမ်မြောက် ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။ သူ့ အနေနဲ့ ဥရောပမှာ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။ လေးစားမှုနဲ့ ဟန်ချက်ညီဖို့ လိုအပ်တယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်