နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရမှတ် လိုအပ်ချက် အတွက် အမှားခံမှာ မဟုတ်တဲ့ နာပိုလီ ကိုပဲ ကြိုက်တယ် | ဘိုလော့ဂ်နာ – နာပိုလီ (စီးရီးအေ ပွဲကြိုသုံးသပ်ချက်)

ဘိုလော့ဂ်နာ – နာပိုလ

လက်ရှိ စီးရီးအေမှာ ခြေစွမ်းပိုင်းရော ရလဒ်ပိုင်းမှာပါ မတည်မငြိမ် ဖြစ်နေတဲ့ အသင်း နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။ ပြိုင်ပွဲစုံမှာ တောက်လျောက် ခြေချော်နေတဲ့ နာပိုလီကို ရှုံးပွဲတွေ ဆက်နေတဲ့ ဘိုလော့ဂ်နာတို့ အိမ်ကွင်းမှာ ဘယ်လောက် အတိုင်းအတာ အထိ ဒုက္ခပေးနိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

ဘိုလော့ဂ်နာ အကြောင်း အရင်ဆုံး ပြောရမယ် ဆိုရင် မီဟိုင်းလိုဗစ်ရဲ့ အသင်းက စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရရှိထားပြီး ကျန် ၄ ပွဲစလုံး ရှုံးနိမ့်ထားပါတယ်။ ရာသီ အစမှာ ရလဒ်တွေ ကောင်းခဲ့တဲ့ ဘိုလော့ဂ်နာတို့ လက်ရှိမှာ အမှတ်ပေးဇယား အဆင့် ၁၂ နေရာ အထိ ပြန်လည် ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဖန်တီးမှု အားကောင်းပြီး အမြင့်ဘော ကစားပုံ သေသပ်တဲ့ ဘိုလော့ဂ်နာဟာ ပြိုင်ဘက်ကို Aggressive ဆန်ဆန် တုန့်ပြန်တတ်တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ဘက် တောင်ပံ တိုက်စစ်နဲ့ တွဲလုံးတွေကို ထိန်းချုပ်တဲ့ နေရာမှာ တော်တော်လေး အားနည်းနေတာကြောင့် ရလဒ်တွေ ဆိုးရွားနေခဲ့တယ်လို့တောင် ပြောလို့ ရပါတယ်။ လက်တလော အသင်းမှာ အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲ သွားကစားနေရတဲ့ ဘာရိုး၊ အမ်ဘာယီတို့ လွဲချော်ဖို့ ရှိနေသလို အမေး၊ ရှောက်တန်၊ မီဒဲလ်၊ ဆန်တန်ဒါ၊ ဗစ်ဂ်နာတို တို့ ကိုဗစ် ၁၉ ကူးစက်ခံထားရလို့ ကျိန်းသေးပေါက် ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

လာလီဂါ
ရီးယဲလ် ဘက်တစ်
အလာဗတ်ဇ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

နာပိုလီ ကတော့ ရလဒ်ပိုင်း မတည်မငြိမ် ဖြစ်နေပေမယ့် ဘိုလော့ဂ်နာ လောက်တော့ အခြေအနေ မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၂ ပွဲ၊ သရေပွဲ ၂ ပွဲ၊ ရှုံးပွဲ ၁ ပွဲ ရှိထားတဲ့ နာပိုလီတို့ စီးရီးအေ မှာလည်း ထိုနည်းတူစွာပါပဲ။ ရလဒ်ပိုင်း ယိမ်းယိုင်နေတယ် ဆိုပေမယ့် စပယ်လက်တီရဲ့ အသင်းက အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ရပ်တည်နေဆဲ ဖြစ်ပြီး ရာသီကုန် ဥရောပဝင်ခွင့် အတွက် မျှော်လင့်ချက် အပြည့် ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဆင့် ၅ နေရာက ဂျူဗင်တပ်စ်နဲ့ ၂ မှတ်သာ ကွာဟနေလို့ ဆက်ပြီး ခြေချော်နေဦးမယ် ဆိုရင်တော့ ချန်ပီယံလိဂ် မဟုတ်ပဲ ယူရိုပါလိဂ်နဲ့သာ ကျေနပ်ရနိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ ပြောလို့ ရပါတယ်။ နာပိုလီဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ကစားတတ်သလို တိုက်စစ် ကစားပုံ ကောင်းတဲ့ အသင်း ဖြစ်ပြီး ပြိုင်ဘက်တိုင်းကို ဂိုးသွင်းနိုင်စွမ်း ရှိတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် ခပ်ကြမ်းကြမ်း ကစားတတ်တဲ့ ပြိုင်ဘက်နဲ့ တွေ့ရင်တော့ အခက်တွေ့ရလေ့ ရှိတယ် ဆိုတာ ဖီအိုရင်တီးနားကို ၂-၅ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ကိုပါအီတလီယာ ဖလား ပွဲစဉ်ကို ပြန်ကြည့်တာနဲ့ သိနိုင်ပါတယ်။ အခုလာမယ့် ပွဲမှာတော့ ခံစစ်က ကူလီဘာလီ၊ အန်ဂစ်ဆာ၊ အူနက်စ်တို့ အာဖရိကဖလား သွားကစားနေလို့ လွဲချော်ဖို့ ရှိပြီး အင်ဆစ်ဂ်ညီနဲ့ ဒေးဗစ် အော့စပီနာ တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၂၃ ကြိမ်မှာ ဘိုလော့ဂ်နာတို့ ၆ ကြိမ်သာ အနိုင်ရခဲ့ပြီး နာပိုလီ ကတော့ ၁၄ ကြိမ် အထိ ပြန်ပြီး အနိုင်ရထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ တွေ့ဆုံမှု မှာလည်း ဘိုလော့ဂ်နာတို့ ၁ ပွဲသာ အနိုင်ရခဲ့ပြီး နာပိုလီက ၃ ပွဲနိုင်၊ ၁ ပွဲ သရေကျအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အခုနှစ် စီးရီးအေ ပထမအကျော့ ပွဲစဉ်မှာလည်း နာပိုလီတို့ ၃ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဘိုလော့ဂ်နာ – နာပိုလီအချိန်ပြည့် 1X2 ဧည့်သည် @ 1.97
ဇန်နဝါရီလ ၁၈ ရက်၊ ည ၁၂:၀၀ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာ ဆိုရင် အိမ်ရှင် အတွက် ၃.၆၅ ဆ၊ သရေ အတွက် ၃.၃၅ ဆနဲ့ နာပိုလီ အတွက် ကိုတော့ ၂.၀၁ ဆ ကြေးဖွင့်ပေးထားပါတယ်။ ဘိုလော့ဂ်နာတို့ ရုန်းကန်နေရတယ် ဆိုပေမယ့် စုဖွဲ့မှု အရတော့ နာပိုလီကို သရေခံကစားနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ဒါပေမယ့် ပွဲအဖြေ ပြောင်းလဲနိုင်တဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ နာပိုလီတို့ နောက်ဆုံး ၅ ပွဲမှာ တိုက်စစ်က ဂိုးမရတဲ့ ပွဲ ၁ ပွဲပဲ ရှိထားပါတယ်။ ဘိုလော့ဂ်နာ ကလည်း မာမာထန်ထန် တုန့်ပြန်တတ်တဲ့ အသင်းပေမယ့် အသင်းကြီးတွေနဲ့ တွေ့ရင် ရုန်းကန်ရတတ်သလို ဂိုးမပေးရတဲ့ပွဲ မရှိသလောက် ဖြစ်နေလို့ ဒီပွဲမှာတော့ ဧည့်သည် အသင်းကို ပိုပြီး အကြိုက်တွေ့နေမိပါတယ်။ ၂ ဆ အထိ ပေးထားတဲ့ ကြေးက အနည်းငယ် စိတ်ထင့်စရာ ရှိပေမယ့် ရမှတ် လိုအပ်နေတဲ့ နာပိုလီတို့ ကပ်ပြီး အနိုင်သွားမယ်လို့ ယုံကြည်နေပါတယ်။


ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်