ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၁ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
အင်မိုဘီလီကို ရောင်းချမှာ မဟုတ်ဘူးဆိုတဲ့ လာဇီယို ဥက္ကဌ
လာဇီယို ဥက္ကဌ ကလော်ဒီယို လော့တီတိုက အသင်းရဲ့ တိုက်စစ်မှူး ကိုင်ရို အင်မိုဘီလီကို ရောင်းချသွားမှာ မဟုတ်ကြောင်း အတိအလင်း ဖွင့်ဟလိုက်ပါတယ်။ အဆိုပါ စီးရီးအေ တိုက်စစ်မှူးကို ခေါ်ယူဖို့ အတွက် ဆော်ဒီအာရေဗျ ကလပ်တွေ ဘက်က ချိတ်ဆက်နေတာ ဖြစ်ပါတယ်။ လာဇီယို အနေနဲ့လည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် အီမိုဘီလီကို ရောင်းချရဖွယ် ရှိကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။
လာဇီယိုဟာ အသင်းရဲ့ အဓိကကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ဆာ့ဂျ် မီလင်ကိုဗစ် ဆာဗစ်ကို လက်ရှိ နွေရာသီ မှာတင်ပဲ ဆော်ဒီထံ လက်လွှတ်ပေးခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း လော့တီတိုက လာဇီယို အနေနဲ့ အီမိုဘီလီကို ရောင်းချသွားမှာ မဟုတ်ကြောင်းနဲ့ သူ့အတွက် တရားဝင် ကမ်းလှမ်းမှုတွေလည်း မရရှိထားကြောင်း ဖွင့်ဟ ပြောကြားထားပါတယ်။
စီးရီးအေ ကလပ် အသင်း အချို့ဟာ လက်ရှိအချိန်မှာ ဘဏ္ဍာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ကစားသမား အချို့ကို ရောင်းထုတ်နေရဆဲ ဖြစ်တာကြောင့် ဆော်ဒီ ဘက်က အင်မိုဘီလီ အတွက် ချဉ်းကပ်လာခဲ့တာလည်း ဖြစ်ပါတယ်။
လိုဆယ်ဆို အတွက် နာပိုလီနဲ့ စပါး ဆွေးနွေးနေကြောင်း အေးဂျင့် အဖွဲ့ ဖွင့်ဟ
လိုဆယ်ဆိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗီလာရီးရဲလ်ကို အငှားနဲ့ သွားရောက် ကစားခဲ့ပြီး လက်ရှိ နွေရာသီ မှာတော့ စပါးနဲ့ အတူ ရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပူးပေါင်းလျက် ရှိပါတယ်။ လိုဆယ်ဆိုနဲ့ ပတ်သက်လို့ အေးဂျင့်အဖွဲ့ဝင် တစ်ဦးက နာပိုလီနဲ့ စပါးတို့ ဆွေးနွေးနေကြောင်း၊ လက်ရှိ အခိုက်အတန့် မှာတော့ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့က နီးစပ်မှု မရှိသေးကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
လာမယ့် ရာသီမှာ အင်တာမီလန် အသင်းခေါင်းဆောင် ဖြစ်လာမယ့် မာတီနက်ဇ်
အဆိုပါ အာဂျင်တီးနား လက်ရွေးစင် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေ ကလပ်ရဲ့ အဓိက, ကစားသမား အဖြစ် ခြေစွမ်းပြခဲ့ပြီး လာမယ့် ရာသီမှာလည်း အင်တာမီလန်က သူ့ကို ဆက်လက် မှီခိုရပါလိမ့်မယ်။ အသင်းခေါင်းဆောင် ရာထူးနဲ့ ပတ်သက်လို့ ဇနက်တီက မာတီနက်ဇ်က အသင်းခေါင်းဆောင် ဖြစ်လာဖို့ ရှိကြောင်း၊ သူက ကျွန်တော်တို့ အတွက် အရမ်းကို အရေးကြီးတဲ့ ကစားသမား ဖြစ်ပြီး အသင်း အတွက် ရှေ့ဆောင် လမ်းပြ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း စီးရီးအေ ကလပ်ရဲ့ ဒုတိယဥက္ကဌက ကျွန်တော်တို့ မာတီနက်ဇ်ကို မျက်စိအမြင်နဲ့ ခဏပဲကြည့်ပြီး ခေါ်ယူခဲ့တာ မဟုတ်ကြောင်း၊ သူ့ကို မခေါ်ယူခင်ကတည်းက လေးနှစ်၊ ငါးနှစ်လောက် အချိန်ပေး စောင့်ကြည့်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.