နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

စကူဒက်တို ချန်ပီယံဆုကို အတ္တလန္တာ၊ နာပိုလီ တို့နဲ့ အပြိုင်လုရမယ် ဆိုလိုက်တဲ့ အင်တာ ဥက္ကဌ | စီးရီးအေ

အင်တာမီလန် အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ဘီပီ မာရော့တာ ကတော့ စီးရီးအေ ချန်ပီယံဆု အတွက် သူတို့ အသင်းဟာ အတ္တလန္တာတာ၊ နာပိုလီနဲ့ အပြိုင်လုရမယ်လို့ ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် မာရော့တာက အင်တာမီလန် အနေနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးက အတ္တလန္တာကို အမီလိုက်ဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

ဘီပီ မာရော့တာက “အတ္တလန္တာက ဘယ်လို အနိုင်ကစားရမယ် ဆိုတာကို သိနေတဲ့ အသင်းပါ။ သူတို့ အသင်း အနေနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပြီးတော့ ဖိအားတွေ ကိုလည်း ကောင်းကောင်း ကိုင်တွယ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ နာပိုလီ ကလည်း အန်တိုနီယို ကွန်တီနဲ့ အတူ အရမ်းကို ကောင်းမွန်နေပါတယ်။ ဒီရာသီ စကူဒက်တို ချန်ပီယံဆု အတွက် ကတော့ ဂတ်စ်ပီရီနီ၊ ကွန်တီနဲ့ အင်ဇာဂီ တို့ရဲ့ အားပြိုင်ရမှာပါ။ ပြိုင်ဆိုင်မှု ကလည်း အရမ်းကို လှပါတယ်။” လို့ သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။ 

ဒါ့အပြင် အင်တာမီလန်က ဒီရာသီ စီးရီးအေ မှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီးတော့ ၁၀ ပွဲနိုင်၊ ၄ ပွဲ သရေ ကျထားခဲ့ပါတယ်။
ချန်ပီယံလိဂ် မှာတော့ ၆ ပွဲ ကစားထားပြီး ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားတဲ့ အင်တာမီလန်

အင်တာမီလန်ဟာ လက်ရှိ ရာသီ စီးရီးအေ ပွဲစဉ် ၁၆ ပွဲ ကစားပြီးချိန်မှာ တစ်ပွဲလျော့ ၃၄ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာမီလန် အနေနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးက အတ္တလန္တာနဲ့ ၃ မှတ် ကွာဟနေသလို ဒုတိယ နေရာက နာပိုလီ နဲ့တော့ ၁ မှတ်သာ ကွာဟနေတာ ဖြစ်ပါတယ်။ အင်တာမီလန်က ဖီအိုရင်တီးနားနဲ့ လက်ကျန် ပွဲစဉ် ကစားဖို့ ရှိနေသေးပြီး အဲဒီပွဲ ကိုသာ အနိုင်ရခဲ့ရင်တော့ အမှတ်ပေးဇယား ထိပ်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် အင်တာမီလန်က ဒီရာသီ စီးရီးအေ မှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားပြီးတော့ ၁၀ ပွဲနိုင်၊ ၄ ပွဲ သရေ ကျထားခဲ့ပါတယ်။ ရှုံးပွဲ ၁ ပွဲ ကလည်း မြို့ခံ ပြိုင်ဘက် အေစီမီလန်ကို ဆန်စီရိုမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီးတော့ ကျန်ပွဲတွေ မှာတော့ အားရစရာ ခြေစွမ်းနဲ့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာမီလန်က တိုက်စစ်ပိုင်း ကောင်းမွန်လွန်းနေပြီး စီးရီးအေ ၁၅ ပွဲ ကစားပြီးချိန်မှာ ဂိုး ၄၀ ရရှိထားကာ ပေးဂိုး ကတော့ ၁၅ ဂိုး ရှိထားပါတယ်။ အင်တာမီလန်က ချန်ပီယံလိဂ် မှာတော့ ၆ ပွဲ ကစားထားပြီး ၄ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားကာ မန်စီးတီးနဲ့ သရေ၊ ရက်စတားကို ၄-၀၊ ယန်းဘွိုင်းစ်ကို ၀-၁၊ အာဆင်နယ်ကို ၁-၀၊ လိုက်ပ်ဇစ်ကို ၁-၀ တွေနဲ့ အနိုင်ရထားပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာတော့ အင်တာမီလန်က လေဗာကူဆင်ကို အဝေးကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်