ဖီအိုရင်တီးနား – အေစီမီလန်
ဖီအိုရင်တီးနားနဲ့ အေစီမီလန်တို့ရဲ့ စီးရီးအေ ပွဲစဉ် ၃၀ ကတော့ တနင်္ဂနွေနေ့ မနက် မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ်မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဖီအိုရင်တီးနား အိမ်ကွင်းမှာ နောက်ဆုံး ၃ ကြိမ်ဆက် အနိုင်ရမထားတဲ့ အခြေအနေတစ်ခုကို အေစီမီလန်တို့ ချေဖျက်ပြနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဗင်ဆန်ဇို အီတလီယာနိုရဲ့ ဖီအိုရင်တီးနားက ဥရောပ ပွဲစဉ်တွေပါ ကစားနေရလို့ စီးရီးအေမှာ အနည်းငယ် ရလဒ်ပိုင်း ယိမ်းယိုင်နေတာ တွေ့ရပါတယ်။ လက်တလော အဆင့် ၈ နေရာမှာ ရှိနေတဲ့ ဖိအိုရင်တီးနားက လာမယ့်ရာသီ ဥရောပဝင်ခွင့် တစ်နေရာ အတွက် မျှော်လင့်နိုင်ဆဲ ဖြစ်လို့ လက်ကျန်ပွဲတွေမှာ တတ်နိုင်သမျှ ရမှတ် ရှာဖွေဖို့ ကြိုးစားပါလိမ့်မယ်။ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲ မှာတော့ ဖီအိုရင်တီးနားက ၃ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပြီး ရှုံးပွဲတော့ မရှိပါဘူး။
အေစီမီလန် ကတော့ ချန်ပီယံ မျှော်လင့်ချက် မရှိတော့လို့ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အခိုင်အမာရဖို့ပဲ အားထုတ်ရတော့မှာပါ။ လက်ရှိမှာ စတက်ဖ်နို ပီအိုလီရဲ့ အသင်းက စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် ရှုံးပွဲ မရှိထားသလို ၅ ပွဲနိုင်၊ ၁ ပွဲ သရေ ရလဒ်တွေ ပိုင်ဆိုင်ထားပါတယ်။ စီးရီးအေ မှာတော့ နောက်ဆုံး ၃ ပွဲဆက် အနိုင်ရထားပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရှိနေခဲ့သလို အဆင့် ၃ နေရာက ဂျူဗင်တပ်စ် ကိုလည်း ၃ မှတ် ဖြတ်ထားနိုင်ပါတယ်။ အေစီမီလန်ဟာ ဒီရာသီ စီးရီးအေ ရှုံးပွဲ ၅ ပွဲ ရှိထားပြီး ၃ ပွဲ ကတော့ အဝေးကွင်းမှာ ရှုံးခဲ့တာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အေစီမီလန် ဘက်မှာတော့ သီယို ဟာနန်ဒက်ဇ် ပွဲပယ်ထိထားပြီး ပိုဘီဂါ၊ ဆိုင်မွန် ရှားနဲ့ ကာလူလူ တို့ကတော့ ဒဏ်ရာကြောင့် အနားယူနေရပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဖီအိုရင်တီးနား – တာရက်စီယာနို၊ ကာယိုဒီ၊ မီလန်ကိုဗစ်၊ ရာနီရီ၊ ဘီရာဂီ၊ အာသာ၊ မန်ဒရာဂိုရာ၊ ဂွန်ဇာလက်ဇ်၊ ဘဲလ်ထရန်၊ ဆော့တေးလ်၊ ဘယ်လော့တီ
အေစီမီလန် – မိုက်ဂ်နန်၊ ကာလာဘရီယာ၊ တွန်မိုရီ၊ ဂက်ဘီယာ၊ ဖလော်ရန်ဇီ၊ ဘန်နက်ဆာ၊ ရိုင်နဒါ၊ ပူလီဆစ်၊ လော့ဖ်တပ်စ်ချိခ်၊ လီယောင်၊ ဂျရူး
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး တွေ့ဆုံမှု ၂၇ ကြိမ်မှာ ဖီအိုရင်တီးနားက ၉ ကြိမ်နိုင်၊ အေစီမီလန်က ၁၂ ကြိမ် နိုင်ပြီး ၆ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ စီးရီးအေ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ အေစီမီလန်က ၃ ကြိမ် နိုင်ပြီး ဖီအိုရင်တီးနား ၂ ကြိမ် အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဖီအိုရင်တီးနားက ၂ ပွဲနိုင်၊ ၃ ပွဲ သရေကျခဲ့ပြီး အေစီမီလန် ကတော့ ၅ ပွဲစလုံး အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဖီအိုရင်တီးနား နိုင်ရင် ၂.၆၉ ဆ၊ အေစီမီလန် နိုင်ရင် ၂.၄၁ ဆနဲ့ သရေ ဆိုရင်တော့ ၃.၁၇ ဆမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးနဲ့ အေစီမီလန်က သရေ အရှုံးကြေးတွေ ပေးထားပါတယ်။ ဂိုးပေါင်း ကတော့ ၃ လုံး သွင်းရင် ရပါပြီ။ ဒီလို ကြေးဖွင့်ထားတာကြောင့် တော်တော်များများ ကတော့ သရေလောက်ပဲ မျှော်လင့်ထားကြပါတယ်။ ကျနော် ကတော့ အေစီမီလန်ရဲ့ လက်ရှိ အကောင်းဆုံး Form တစ်ခုကို ယုံကြည်နေပြီး အေစီမီလန် ကပ်နိုင်သွားမယ်လို့ ယူဆပါတယ်။ အကျိုးအမြတ် အတွက် ဧည့်သည် အသင်းနဲ့ အတူ အရဲစွန့်ရမှာပါ။
ခန့်မှန်းရလဒ်
ဖီအိုရင်တီးနား ၁-၂ အေစီမီလန်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.