နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆန်းချက်ဇ်ကို ပြန်ခေါ်ချင်နေတဲ့ အသင်းဟောင်း အူးဒီးနီးစ် | စီးရီးအေ

ချီလီ ဝါရင့် တိုက်စစ် ကစားသမား အလက်ဆစ် ဆန်းချက်ဇ် ကိုတော့ သူ့ရဲ့ စီးရီးအေ ကလပ်ဟောင်း ဖြစ်တဲ့ အူးဒီးနီးစ်က ပြန်လည် ခေါ်ယူဖို့ ချိတ်ဆက်လျက် ရှိကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အလက်ဆစ် ဆန်းချက်ဇ်ဟာ ပြီးခဲ့တဲ့ ဇွန်လမှာ စီးရီးအေ ထိပ်သီး အင်တာမီလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၅ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆန်းချက်ဇ်ဟာ အူးဒီးနီးစ်မှာ စတင် တောက်ပခဲ့သူ ဖြစ်ပြီး ဘာစီလိုနာ၊ အာဆင်နယ်၊ မန်ချက်စတာယူနိုက်တက်၊ အင်တာမီလန်နဲ့ မာဆေးလ်လို အသင်းတွေမှာ ကျင်လည်ခဲ့သူလည်း ဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ စီးရီးအေ ကလပ် အူးဒီးနီးစ်ကို ၂၀၀၆ ခုနှစ်မှာ စတင် ရောက်ရှိလာခဲ့ပြီးတော့ ၂၀၀၈ ခုနှစ် မှာတော့ စီနီယာ အသင်းကြီး အတွက် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ အဲ့နောက် အူးဒီးနီးစ် အတွက် ၃ ရာသီ အတွင်း ပွဲပေါင်း ၁၁၀ ကစားပေးခဲ့ပြီး ၂၁ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ချီလီသားက အူးဒီးနီးစ် ကနေမှ ဘာစီလိုနာကို ထပ်မံ ပြောင်းရွှေ့ခဲ့ပြီး လာလီဂါ ကလပ် မှာလည်း တောင်ပနိုင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် မှာတော့ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့ပြီး ဂန်းနားတွေ အတွက် ပွဲပေါင်း ၁၆၀ ကျော် ကစားကာ သွင်းဂိုး ၈၀ အထိ ရရှိခဲ့ပါတယ်။ အဲ့ကနေမှ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ချိန်မှာတော့ ဆန်းချက်ဇ် တစ်ယောက် ရုန်းကန်ခဲ့ရပါတယ်။ အဲဒီနောက် စီးရီးအေ ကလပ် အင်တာမီလန်နဲ့ မာဆေးလ် တို့မှာ ကျင်လည်ခဲ့ပြီးတော့ ဒဏ်ရာပြသနာ၊ ပုံမှန် ပွဲထွက်ခွင့် မရတာတွေနဲ့ပဲ အချိန်ကုန်ဆုံးခဲ့ရတာပါ။

လက်ရှိမှာ ဆန်းချက်ဇ်က ကစားသမားဘဝရဲ့ နေဝင်ချိန်ကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် အသင်းကြီး တော်တော်များများ ကတော့ စိတ်မဝင်စားတော့ပဲ အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ကစားသမားလည်း ဖြစ်နေတာပါ။ ဒါပေမယ့်လည်း ဆန်းချက်ဇ်လို အတွေ့အကြုံရှိ ဝါရင့်တိုက်စစ်မှူး တစ်ဦးကို ဆော်ဒီပရိုလိဂ်၊ မေဂျာလိဂ်နဲ့ ဘရာဇီးလ် ကလပ်တွေက ခေါ်ယူချင်နေကြတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အူးဒီးနီးစ် ကတော့ ဒီအသင်းတွေနဲ့ အပြိုင် ဆန်းချက်ဇ်ကို သူတို့ အသင်းနဲ့ ပြန်လည် ပူးပေါင်းဖို့ လိုလားနေတာ ဖြစ်ပါတယ်။

သတင်းဖော်ပြချက်တွေ အရ ဆိုရင် ဆန်းချက်ဇ် အတွက် ကမ်းလှမ်းမှုတွေ များစွာ ရှိနေပြီး ကစားသမား ကိုယ်တိုင် ကတော့ မကြာခင်မှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ ဘယ်အသင်းကို ပြောင်းမလဲ ဆိုတာ ဆုံးဖြတ်သွားဖို့လည်း ရှိနေပါတယ်။ ဆန်းချက်ဇ်ဟာ အူဒီးနီးစ်၊ ဘာစီလိုနာနဲ့ အာဆင်နယ် တို့မှာ ကစားခဲ့စဉ်က ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ယူနိုက်တက်ကို အရောက်မှာတော့ သူရဲ့ စွမ်းဆောင်ရည်တွေက စတင် ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဆန်းချက်ဇ်ဟာ ရောက်ရှိတဲ့ ကလပ်တိုင်းမှာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်က လွဲလို့ အဓိက ဆုဖလား အောင်မြင်မှုတွေ သိမ်းပိုက်ထားနိုင်ခဲ့သူ ဖြစ်ပြီးတော့ နိုင်ငံ လက်ရွေးစင် အသင်း ချီလီနဲ့လည်း ကိုပါအမေရိကဖလားကို ၂ ကြိမ်ဆက် ရရှိခဲ့သူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်