နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလ် ကတ်ဆီယာကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ ဒီဘားလား | စီးရီးအေ

စီးရီးအေ ကလပ် ရိုးမားရဲ့ အာဂျင်တီးနား တိုက်စစ် ကစားသမား ပေါ်လို ဒီဘားလား ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ် ကတ်ဆီယာကို ပြောင်းရွှေ့ဖို့ တော်တော်လေး နီးစပ်နေပြီလို့ သိရပါတယ်။ သတင်းတွေ အရ ဆိုရင် အဲလ် ကတ်ဆီယာက ဒီဘားလားကို ၃ နှစ် စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိဖို့ နီးစပ်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၀ အရွယ် ရှိနေပြီ ဖြစ်တဲ့ အာဂျင်တီးနား တိုက်စစ် ကစားသမား ဒီဘားလား ဟာ စီးရီးအေ ကလပ် ဂျုဗင်တပ်စ်မှာ ကာလရှည်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက် ရိုးမား အသင်းထံ ပြောင်းရွှေ့ကစားခဲ့ပြီး လက်ရှိမှာတော့ ဒီဘားလားက ရိုးမား ကနေ ဆော်ဒီပရိုလိဂ် ကလပ်ဆီ ပြောင်းရွှေ့ဖို့ များနေခဲ့ပြီ ဖြစ်ပါတယ်။ ကနဦးရရှိတဲ့ သတင်းတွေအရ ဆိုရင်တော့ ဆော်ဒီကလပ် အဲလ် ကတ်ဆီယာရဲ့ ကမ်းလှမ်းချက်ကို ပေါ်လို ဒီဘားလား ဘက်က ချက်ချင်း ပယ်ချခဲ့ပေမယ့် ရိုးမား ကတော့ အပြောင်းအရွှေ့ ဖြစ်မြောက်သွားအောင် ဖိအားပေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရိုးမားက ဒီဘားလားကို ရောင်းချပြီးရင်တော့ ဂျုဗင်တပ်စ် ကနေ ခေါ်ယူထားတဲ့ ဆူလီနဲ့ အစားထိုးဖို့ ပြင်ဆင်ထားသလို ဆာဆူအိုလို ကစားသမားဟောင်း ဘိုဂါ ကိုပါ ခေါ်ယူဖို့ ပြင်ဆင်ထားတာလည်း ဖြစ်ပါတယ်။

လက်ရှိ မှာတော့ ပေါ်လို ဒီဘားလား က အဲလ်ကတ်ဆီယာ အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် လက်ခံလိုက်ပြီလို့ သိရပြီး လုပ်ခလစာနဲ့ စာချုပ်စာတမ်း ကိစ္စတွေ မှာလည်း သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် စာချုပ်စာတမ်း ကိစ္စတွေ အတွက် နောက်ဆုံး အဆင့် လုပ်ဆောင်ဖို့သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ ဒီဘားလား အတွက် သတ်မှတ်ထားတဲ့ ယူရို ၁၂ သန်းတန် စာချုပ်ဖျက်သိမ်းကြေး ကလည်း မကြာသေးခင် ကပဲ သက်တမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်တာကြောင့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့တော့ အဲလ် ကတ်ဆီယာနဲ့ ရိုးမားတို့ အကြား ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

စီးရီးအေ ကလပ်ဟောင်း ပါလာမို နဲ့ အတူ စတင် တောက်ပလာခဲ့တဲ့ ပေါ်လို ဒီဘားလားဟာ ၂၀၁၅ ခုနှစ်မှာ ဂျူဗင်တပ်စ်လို အသင်းကြီး တစ်သင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ ဂျူဗင်တပ်စ် မှာတော့ ၇ ရာသီ အတွင်း ပွဲပေါင်း ၂၉၃ ပွဲ ကစားကာ ၁၁၅ ဂိုး အထိ သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။ ဒီဘားလား ဟာ အစောပိုင်း ရာသီတွေမှာ တူရင် ကလပ် အတွက် ခြေစွမ်းပြနိုင်ခဲ့ပေမယ့်‌ နောက်ပိုင်းမှာတော့ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ရိုးမားကို ပြောင်းရွှေ့သွားခဲ့ပြီး ခြေစွမ်းလည်း ပြသနိုင်ခဲ့သလို ပထမရာသီမှာ ၃၈ ပွဲ ကစားပြီး ၁၈ ဂိုး သွင်းကာ၊ ဒုတိယ ရာသီမှာတော့ ၃၉ ပွဲ ကစားပြီး ၁၆ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

အဲလ်ကတ်ဆီယာက ဆော်ဒီပရိုလိဂ် တန်းတက် ကလပ် ဖြစ်ပေမယ့်လည်း ကစားသမားသစ်တွေ ဆက်တိုက် ခေါ်ယူထားခဲ့ပြီးတော့ အောင်မြင်မှုတွေ ရရှိဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အဲလ်ကတ်ဆီယာဟာ အစောပိုင်းမှာလည်း နာမည်ကျော် ဂါဘွန်း တိုက်စစ်မှူးဟောင်း ပီယာ အမ်းမရစ်ခ် အော်ဘာမီယန်း အပြင် နာချို ဖာနန်ဒက်စ်၊ ကတ်စတီးလ်စ်နဲ့ အက်ဇီကီရယ်လ် ဖာနန်ဒက်ဇ် တို့ကို ခေါ်ယူ အားဖြည့်ထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်