နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဖီအိုရင်တီးနားနဲ့ သတင်းတွေ ထွက်လာပြန်တဲ့ ဒက်ဟဲယား | စီးရီးအေ

မန်ချက်စတာယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက် အသင်း လက်မဲ့ ဖြစ်နေတဲ့ ဒါးဗစ် ဒက်ဟဲယား ကတော့ လက်ရှိမှာ စီးရီးအေ ကလပ် ဖီအိုရင်တီးနားနဲ့ သတင်းတွေ ထွက်နေပြန်ပါတယ်။

အသက် ၃၃ နှစ် အရွယ် ဒက်ဟဲယားဟာ ဂိုးသမား တစ်ယောက် အတွက်တော့ အကောင်းဆုံး အချိန်တစ်ခုမှာ ရှိနေဆဲပါ။ ယူနိုက်တက်မှာ ၁၁ ရာသီကြာ ကစားပြီးနောက် ထွက်ခွာသွားခဲ့တဲ့ စပိန်သား အနေနဲ့ ပြီးခဲ့တဲ့ နွေရာသီက ကမ်းလှမ်းမှုတွေ မရခဲ့ပေမယ့်လည်း ဥရောပ ကလပ်တွေနဲ့ အပြိုင် ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း စိတ်ဝင်စားခဲ့ကြပါတယ်။

The Athleticရဲ့ ဖော်ပြချက်အရ ဆော်ဒီအာရေးဗီးယား၊ အမေရိကန်နဲ့ အီတလီ ကလပ် တစ်ခုစီက ဒက်ဟဲယားကို ကမ်းလှမ်းမှုတွေ ရှိထားတာကြောင့် လက်ရှိမှာ သူ့ အနေနဲ့ ဘောလုံးလောကထဲကို ပြန်လည် ခြေချဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဒက်ဟဲယား အနေနဲ့ သူ့ရဲ့ အနာဂတ် အတွက် မကြာခင် ဆုံးဖြတ်ချက်ချသွားဖို့ ရှိပြီး ဘယ်အသင်းကို ပြောင်းမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဒက်ဟဲယားကို ခေါ်ယူချင်တဲ့ အသင်း ၃ သင်း ရှိနေတယ်လို့ သိရပေမယ့် ဘယ်အသင်းတွေလဲ ဆိုတာတော့ မသိရသေးပါဘူး

အသက် ၃၃ နှစ် အရွယ် စပိန် လက်ရွေးစင်ဟောင်းဟာ ယူနိုက်တက်မှာ ဆယ်စု နှစ် တစ်ခု နီးပါး ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နွေရာသီမှာ အသင်းက သူ့ကို စာချုပ်သက်တမ်း မတိုးတော့တာကြောင့် အိုးထရက်ဖို့ဒ် ကနေ ထွက်လာခဲ့ရသူ ဖြစ်ပါတယ်။ အဓိက ကတော့ ဒက်ဟဲယားက နောက်ပိုင်းနှစ်တွေထဲမှာ လက်စွမ်းပိုင်း မတည်ငြိမ်တော့သလို အားနည်းချက်တွေ ရှိလာတာကြောင့် ယူနိုက်တက် ဘက်က သက်တမ်းတိုးဖို့ ဆန္ဒမရှိခဲ့တာ ဖြစ်ပါတယ်။

အခု လက်ရှိမှာ ဒက်ဟဲယားကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ ကစားသမားရဲ့ မြင့်မားတဲ့ လုပ်ခ လစာကို ပေးချေဖို့ အခက်တွေ့နေရသလို ဦးစားပေး ဂိုးသမား အဖြစ် အာမခံချက် မပေးနိုင်ပါဘူး။ ဒီအခြေအနေတွေကြောင့် ဒက်ဟဲယားက အသင်း ပေါင်းစုံနဲ့ သတင်းတွေ ထွက်သလောက် အပြောင်းအရွှေ့ ဖြစ်ဖို့တော့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

စပိန် ဂိုးသမားကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စီးရီးအေ ကလပ် ဂျီနိုအာက စိတ်ဝင်စားခဲ့ပေမယ့် ဒက်ဟဲယားရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ပေးချေဖို့ ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် ဂျီနိုအာက အခြား ဂိုးသမား တစ်ဦး ကိုသာ ခေါ်ယူသွားခဲ့ပါတယ်။

ဒက်ဟဲယားရဲ့ လုပ်ခလစာကို ပေးချေနိုင်တဲ့ အသင်းတွေ ကလည်း ဆော်ဒီပရိုလိဂ်နဲ့ မေဂျာလိဂ် ကလပ်တွေလောက်ပဲ ရှိနေပေမယ့် ကစားသမား ကိုယ်တိုင် ကတော့ အဲ့ဒီ အသင်းတွေဆီ မသွားချင်ဘူးလို့ သိရပါတယ်။ အခုတော့ ဒက်ဟဲယားကို နောက်ထပ် စီးရီးအေ ကလပ် တစ်ခု ဖြစ်တဲ့ ဖီအိုရင်တီးနားက စိတ်ဝင်စားကြောင်း ပြသလာခဲ့ပြန်ပါပြီ။ ဖီအိုရင်တီးနားဟာ လက်ရှိမှာ ဂိုးသမား ၃ ဦး အထိ ပိုင်ဆိုင်ထားပေမယ့် ဒက်ဟဲယားလို အတွေ့အကြုံရင် ဂိုးသမား တစ်ဦးကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ စီးရီးအေ ကလပ်က ယူရိုပါကွန့်ဖရန့်လိဂ် ပြိုင်ပွဲ ဝင်ရောင် ယှဉ်ပြိုင်ခွင့်ရထားလို့ ဒက်ဟဲယား အတွက် သင့်လျော်တဲ့ အသင်းရွေးချယ်မှု ဖြစ်လာမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒက်ဟဲယားဟာ အက်တလက်တီကိုမက်ဒရစ် အသင်းနဲ့ အတူ စတင် တောက်ပခဲ့ပြီးတော့ ၂၀၁၁ ခုနှစ် မှာတော့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ ဒက်ဟဲယားက ကလပ် ယူနိုက်တက် မှာတော့ ပွဲပေါင်း ၅၄၅ ပွဲ အထိ ကစားပေးခဲ့သလို စပိန် လက်ရွေးစင် အသင်း အတွက်တော့ ၄၅ ပွဲ ကစားထားခဲ့ပါတယ်။ ဒက်ဟဲယားဟာ အက်တလက်တီကို မက်ဒရစ်နဲ့ အတူ ယူရိုပါလိဂ်နဲ့ ယူအီးအက်ဖ်အေ စူပါဖလားတို့ ရရှိခဲ့ပါတယ်။ ယူနိုက်တက် မှာတော့ ကစားသမားဘဝ အောင်မြင်မှုတွေ ပိုမို ရရှိခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ပြည်တွင်းဆုဖလား အားလုံး ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်