ဗီနီဇီယာ ဝ – ၂ အင်တာမီလန
စီးရီးအေ အိမ်ကွင်း စွမ်းဆောင်ရည် ကောင်းတဲ့ ဗီနီဇီယာတို့ အင်တာမီလန်ကို အကောင်းဆုံး တုံ့ပြန် ကစားသွားခဲ့တာ ဖြစ်ပါတယ်။ အိမ်ကွင်း အားသားချက်နဲ့ အတူ ကျစ်လျစ်တဲ့ ခံစစ် ကစားပုံနဲ့ ရင်ဆိုင်လာခဲ့လို့ အင်တာမီလန် အတွက် လွယ်ကူတဲ့ ပွဲစဉ်တော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်လည်း နောက်ဆုံး မှာတော့ ကစားသမား အင်အား တောင့်တင်းမှုက အနိုင်/အရှုံးကို ဆုံးဖြတ်ပေးသွားခဲ့ပြီး လက်ရှိ ချန်ပီယံတို့ စီးရီးအေ ဂိုးပြတ် နိုင်ပွဲ ရယူသွားနိုင်ခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း
အင်တာမီလန်တို့ စီးရီးအေ နိုင်ပွဲ လိုအပ်တယ် ဆိုပေမယ့် အဓိက တိုက်စစ်မှူး မာတီနက်ဇ် ကိုတောင် အရန်ခုံ ပို့ပြီး ပွဲထွက်လာခဲ့တာပါ။ ဒီဇီကို၊ ကော်ရီရာ၊ ဘရိုဇိုဗစ်၊ ဘာရီလာ၊ ပါရီဆစ်တို့ကို ပွဲထွက်အဖြစ် အင်တာမီလန်တို့ အသုံးပြုခဲ့ပါတယ်။ ၄-၃-၂-၁ အခြေခံ ကစားကွက်နဲ့ အာရာမူ၊ ကိုင်း၊ အိုကီရီကီ၊ အမ်ပါဒူ၊ ဘူဆီယို တို့နဲ့အတူ အိမ်ရှင်တို့ အကောင်းဆုံး တုံ့ပြန်ခဲ့တာပါ။ ဘောလုံး ပိုင်ဆိုင်မှု အရ ၄၄-၅၆ ဆိုတဲ့ အနေအထားက သိပ်ပြီး ကွာဟမှု မရှိခဲ့သလို တကယ်တမ်း မှာလည်း အခွင့်အရေး ဆတူနီးပါး ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန် ၃၄ မိနစ် ကတည်းက ကယ်လ်ဟာနိုဂလူက အင်တာမီလန် အတွက် ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့တဲ့ အတွက် ပွဲက အနည်းငယ် တစ်ဖက်သတ် ဆန်နေခဲ့ပါတယ်။ ဒုတိယပိုင်း ရောက်တဲ့ အခါမှာတော့ အင်တာမီလန်တို့ တိုက်စစ်ကို ပိုပြီး ပီပြင်အောင် ကစားလာခဲ့ပါတယ်။ အိမ်ရှင် ကတော့ အားသာချက်ရှိတဲ့ တန်ပြန် တိုက်စစ်နဲ့ပဲ တုံ့ပြန်ခဲ့ရတာပါ။ ပွဲချိန် ၅၇ မိနစ်မှာ ဗီစင်နို၊ မာတီနက်ဇ်တို့ ဝင်လာခဲ့ပြီးတဲ့နောက် အင်တာမီလန်ရဲ့ တိုက်စစ် အစပြုပုံတွေက အလုပ် ဖြစ်လာခဲ့ပါတယ်။ အိမ်ရှင်တို့ အနေနဲ့ ကလည်း ကစားအား ကျနေတဲ့ ကစားသမား ၃ ဦးကို တပြိုင်နက် လူစားလဲခြင်း နဲ့အတူ ချေပဂိုးရဖို့ အားစိုက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဂိုးထပ်ရသွားတာ ကတော့ အင်တာမီလန် အသင်းပဲ ဖြစ်နေပါတယ်။ ဘရိုဇိုဗစ်ကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို လူစားဝင် တိုက်စစ်မှူး မာတီနက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ အင်တာမီလန်တို့ ဝ-၂ ရလဒ်နဲ့ အနိုင် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲပြီးသုံးသပ်ချက်
အသင်းကြီးနဲ့ အသင်းငယ် အကြား နည်းဗျူဟာပိုင်း အားပြိုင်ခဲ့ကြတဲ့ပွဲ ဖြစ်ပါတယ်။ ကစားသမား အင်အားပိုင်း ကွာဟမှု ရှိနေတာက ဗီနီဇီယာ အတွက် အခက်အခဲ ရှိခဲ့တယ် ဆိုပေမယ့် ခံစစ်ပိုင်း အရတော့ အင်တာမီလန်ကို အကောင်းဆုံး ပုံစံနဲ့ ရင်ဆိုင်သွားခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အင်တာမီလန်ရဲ့ ဂိုးပေါက် ကန်သွင်းမှု ၂၇ ကြိမ်၊ ဂိုးပေါက်တည့်မှု ၁၂ ကြိမ်မှာ ၁ ကြိမ်ပဲ ဂိုးပေးရခဲ့တဲ့ အခြေအနေက အိမ်ရှင် အသင်းရဲ့ ဗျူဟာပိုင်း အလုပ် ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။ ကျန် ၁ ဂိုးက ပင်နယ်တီဂိုး ဖြစ်လို့ ဗီနီဇီယာ ခံစစ်ရဲ့ အားနည်းချက်လို့ ပြောလို့မရပါဘူး။ အဆုံးသတ် အနေနဲ့ကတော့ ကစားသမား အင်အား အသာရတဲ့ အသင်းက အနိုင်ရခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဗီနီဇီယာတို့ အကောင်းဆုံး ပုံစံ ရှိခဲ့ပေမယ့် အင်တာမီလန် ဆီက အမှတ်ခွဲယူနိုင်ဖို့ လုံလောက်တဲ့ အခြေအနေ မှာတော့ ရှိမနေခဲ့ဘူး လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
ဗီနီဇီယာတို့ လာမယ့် စီးရီးအေ ပွဲစဉ်မှာ အတ္တလန္တာကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီး အင်တာမီလန် ကတော့ အိမ်ကွင်းမှာ စပီဇီယာကို ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.