စီးရီးအေကလပ်အေစီမီလန်ကတော့အသင်းရဲ့တောင်ပံတိုက်စစ်ကစားသမားရာဖေးလ်လီယောင်ကိုယူရိုသန်း၁၂၀ရရင်ရောင်းထုတ်သွားဖို့ရှိနေကြောင်းအီတလီမီဒီယာတွေကဖော်ပြလျက်ရှိနေပါတယ်။လီယောင်ဟာအေစီမီလန်အတွက်လက်ရှိမှာခြေစွမ်းပြကစားနေသူဖြစ်ပြီးတော့အသင်းပြောင်းရွှေ့ဖို့လည်းအစီအစဉ်မရှိသေးသူဖြစ်ပါတယ်။
ဒါ့အပြင်အသက်၂၅နှစ်အရွယ်ပေါ်တူဂီလက်ရွေးစင်ကစားသမားကစီးရီးအေထိပ်သီးကလပ်နဲ့၂၀၂၈ခုနှစ်အထိစာချုပ်သက်တမ်းရှိနေကာအီတလီမြေမှာလည်းပျော်ရွှင်နေတယ်လို့သိရပါတယ်။ဒါပေမယ့်လည်းလီယောင်ကိုခေါ်ယူချင်တဲ့ထိပ်တန်းကလပ်များစွာရှိနေတာကြောင့်အေစီမီလန်ဘက်ကကြိုတင်ပြင်ဆင်နေတဲ့အနေနဲ့မြင့်မာတဲ့ပြောင်းရွှေ့ကြေးသတ်မှတ်ခဲ့တာလည်းဖြစ်သည်။
စပို့တင်းလစ္စဘွန်းမှာကစားသမားဘဝစတင်ခဲ့တဲ့လီယောင်ဟာ၂၀၁၈ခုနှစ်မှာတော့ပြင်သစ်လီဂူးဝမ်းကိုပြောင်းရွှေ့ကစားခဲ့ပါတယ်။အဲဒီနောက်၂၀၁၉မှာတော့စီးရီးအေကလပ်အေစီမီလန်ကိုထပ်မံပြောင်းရွှေ့ခဲ့ပြီးအခုဆိုရင်တော့၆ရာသီမြောက်ကိုဖြတ်သန်းနေတာဖြစ်ပါတယ်။လီယောင်ဟာအေစီမီလန်အတွက်ပြိုင်ပွဲစုံ၂၃၇ပွဲကစားပြီး၆၄ဂိုးသွင်းယူထားပါတယ်။ဒီရာသီမှာတော့စီးရီးအေအပါအဝင်ပြိုင်ပွဲစုံ၂၃ပွဲကစားပြီး၆ဂိုးသွင်းကာဂိုးဖန်တီးမှု၇ကြိမ်ပြုလုပ်ထားပါတယ်။
လီယောင်ကိုပြီးခဲ့တဲ့နွေရာသီကလာလီဂါကလပ်ဘာစီလိုနာကခေါ်ယူချင်ခဲ့ကြောင်းသတင်းတွေထွက်ခဲ့ပါသေးတယ်။ဒါပေမယ့်လည်းဘာစီလိုနာကဘီလ်ဘာအိုကနီကိုဝီလီယမ်စ်ကိုပိုပြီးသဘောကျခဲ့တာကြောင့်လီယောင်ကိုမကြိုးပမ်းတော့တာဖြစ်ပါတယ်။အစောပိုင်းမှာရရှိတဲ့သတင်းတွေအရဆိုရင်တော့အေစီမီလန်ကမန်ချက်စတာယူနိုက်တက်တောင်ပံတိုက်စစ်ကစားသမားမားကပ်စ်ရက်ရှ်ဖို့ဒ်ကိုခေါ်ယူဖို့ညှိနှိုင်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အေစီမီလန်ကပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာလည်းအင်္ဂလန်တိုက်စစ်မှူးတမ်မီအေဘရာဟမ်နဲ့နောက်ခံလူတိုမိုရီတို့ကိုခေါ်ယူထားခဲ့သလိုလက်ရှိမှာလည်းအင်္ဂလန်လက်ရွေးစင်ဟောင်းရက်ရှ်ဖို့ဒ်ကိုပါထပ်မံခေါ်ယူချင်နေတာဖြစ်ပါတယ်။အေစီမီလန်နဲ့ရက်ရှ်ဖို့ဒ်ရဲ့အပြောင်းအရွှေ့ကအထမြောက်ဖို့ရှိခဲ့ပေမယ့်ရက်ရှ်ဖို့ဒ်ရဲ့မြင့်မားတဲ့လုပ်ခလစာကိုပေးချေဖို့ညှိနှိုင်းရာမှာအဆင်မပြေတဲ့သဘောမှာရှိပြီးသတင်းတွေပြန်ငြိမ်သွားခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်နဲ့ရာဖေးလ်လီယောင်တို့ဟာကစားတဲ့နေရာချင်းဆင်တူသူတွေဖြစ်ပါတယ်။အကယ်၍အေစီမီလန်သာရက်ရှ်ဖို့ဒ်ကိုခေါ်ယူခဲ့မယ်ဆိုရင်တော့ရာဖေးလ်လီယောင်နဲ့မီလန်တို့ရဲ့အနာဂတ်ဟာအပြောင်းအလဲတွေရှိလာနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.