နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုနာနာကို သဘောတူညီမှု ရဖို့ မျှော်လင့်နေတဲ့‌ အေစီမီလန်၊ ဆန်ချိုကို စိတ်ဝင်စားတဲ့ အသင်းတွေထဲ ပါဝင်လာတဲ့ ရောမမြို့ခံ နှစ်သင်း | စီးရီးအေ

စီးရီးအေ အပါအဝင် ဥရောပ ထိပ်တန်းလိဂ်တွေရဲ့ အပြောင်းအရွှေ့နဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စီးရီးအေ ကလပ် အေစီမီလန် ကတော့ မြို့ခံ ပြိုင်ဘက် အင်တာမီလန်ရဲ့ ဂိုးသမားဟောင်း အန်ဒရေ အိုနာနာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။ အိုနာနာဟာ အင်တာမီလန်မှာ လက်စွမ်းပြနိုင်ခဲ့တာကြောင့် အဲရစ်ခ် တန်ဟက်ဂ် လက်ထက်မှာ ယူနိုက်တက်က ခေါ်ယူခဲ့ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကင်မရွန်း ဂိုးသမားဟာ ယူနိုက်တက်မှာ စံချိန် မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ခဲ့ရပြီး များသော အားဖြင့် ပုံမှန် လက်စွမ်းအောက် ရောက်နေခဲ့တာကြောင့် အသင်း ပြောင်းရွှေ့ဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ အေစီမီလန်က အက်စတွန်ဗီလာနဲ့ ချဲလ်ဆီး တို့က စိတ်ဝင်စားနေတဲ့ ပြင်သစ် ဂိုးသမား မိုက် မိုက်ဂ်နန်ကို လက်လွှတ်သွားဖို့ အဆင်သင့် ရှိနေတယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လေဗာကူဆင် ညာနောက်ခံလူ ဂျရမီ ဖရင်ပေါင်ကို လစ်ဗာပူးလ်နဲ့ အပြိုင် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ နယ်သာလန် လက်ရွေးစင်နဲ့ ဆွေးနွေးမှုတွေလည်း ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။ ဒါ့အပြင် မန်ချက်စတာစီးတီး ကလည်း သူတို့ရဲ့ အကယ်ဒမီထွက် ကစားသမားဟောင်း ဖြစ်တဲ့ ဖရင်ပေါင်ကို ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ 

လစ်ဗာပူးလ် ကလည်း ဖရင်ပေါင်ကို လိုချင်နေပေမယ့် မခေါ်ယူနိုင်ခဲ့ရင်တော့ နောက်ထပ် အလားအလာ ရှိတဲ့ ပစ်မှတ် အဖြစ် နယူးကာဆယ် ညာနောက်ခံလူ တီနို လစ်ဗရာမန်တိုကို သတ်မှတ်ထားကြောင်း သိရပါတယ်။ 

ဘုန်းမောက် ကတော့ လစ်ဗာပူးလ်ရဲ့ ပစ်မှတ်တွေ ဖြစ်တဲ့ မီလော့စ် ကာကက်ဇ်နဲ့ အန်တွန် ဆီမီညို တို့ရဲ့ အနာဂတ် အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် အသက် ၂၁ နှစ် အရွယ် ဟန်ဂေရီ လက်ရွေးစင်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ အက်တလက်တီကိုမက်ဒရစ်လည်း အပြိုင်အဆိုင် ပါဝင်လာပြီ ဖြစ်ပါတယ်။

စီးရီးအေ ကလပ် လာဇီယိုနဲ့ ရိုးမား တို့ကတော့ ဂျေဒန် ဆန်ချိုကို ဒေါ့မန်၊ လေဗာကူဆင် တို့နဲ့ အပြိုင် ကြိုးပမ်းဖို့ ရှိနေတယ်လို့ သိရပါတယ်။
ဆန်ချိုကို အပြီးသတ် ခေါ်ယူပြီး ပြန်လည် ရောင်းထုတ်ချင်နေတဲ့ ချဲလ်ဆီး

အသက် ၁၇ နှစ် အရွယ် ဂန့်ခ် ကွင်းလယ် ကစားသမား ကော့စတန်တီနို့စ် ကာရတ်ဆတ်စ် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်၊ ယူနိုက်တက်၊ နယူးကာဆယ်နဲ့ နာပိုလီ တို့ရဲ့ ပစ်မှတ် ဖြစ်နေကြောင်း Tuttomercatoweb က ဖော်ပြပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ပေါင် ၃၃.၃ သန်း တန်ကြေး ရှိတဲ့ အူဒီးနီးစ် ဗဟိုခံစစ်ကစားသမား အူမာ ဆိုလတ် အတွက် စုံစမ်း မေးမြန်းခဲ့ကြောင်း သိရပါတယ်။

စီးရီးအေ ကလပ် လာဇီယိုနဲ့ ရိုးမား တို့ကတော့ ဂျေဒန် ဆန်ချိုကို ဒေါ့မန်၊ လေဗာကူဆင် တို့နဲ့ အပြိုင် ကြိုးပမ်းဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်ထိ အင်္ဂလန် ကစားသမားရဲ့ အနာဂတ်က ရှင်းလင်းမှု မရှိသေးပါဘူး။ ချဲလ်ဆီး ကတော့ ဆန်ချိုကို ပေါင် ၂၅ သန်းနဲ့ အပြီးသတ် ခေါ်ယူပြီးတော့ တခြားအသင်းတွေထဲ ပြန်လည် ရောင်းချဖို့ စဉ်းစားနေတယ်လို့လည်း သိရပါတယ်။ 

ရီးရဲလ်မက်ဒရစ် ကတော့ ဘုန်းမောက် ဗဟိုခံစစ်မှူး ဒင်းန် ဟိုင်ဂျ်ဆန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ဒီကစားသမားရဲ့ စျေးနှုန်းကို လျှော့ချရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း အနေနဲ့ အာဒါ ဂူလာ သို့မဟုတ် အန်းဒရစ်ခ်ကို ဘုန်းမောက်ဆီ အငှားနဲ့ စေလွှတ်ဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။

တူရကီ ထိပ်သီး ဂါလာတာဆာရေး ကတော့ လာမယ့် ရာသီမှာ ချဲလ်ဆီး တိုက်စစ်မှူး ယာအို ဖီးလစ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းလာဖွယ် ရှိနေကြောင်း တူရကီ မီဒီယာ Sporx က ဖော်ပြပါတယ်။

ပရီးမီးယားလိဂ် ကလပ် အဲဗာတန်နဲ့ ဝက်စ်ဟမ်းတို့ ကတော့ အသက် ၁၇ နှစ် အရွယ် ဆန်းဒါးလန်း ကွင်းလယ်လူ ခရစ္စ ရစ်ဂ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းသွားဖို့ ရှိနေကြောင်းSky Sports News က ဖော်ပြပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်