နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ရာသီ အနှစ်ချုပ်

၂၀၁၉-၂၀၂၀ပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲကြီးကတော့ ပြီးခဲ့တဲ့ရက်ကပဲ ကျင်းပပြီးစီးခဲ့ပြီးဖြစ်ပါတယ်။လစ်ဗာပူးလ်အသင်းရဲ့နှစ်ပေါင်းသုံးဆယ်ကြာမှတစ်ကျော့ပြန်အမှတ်ပေးချန်ပီယံဖြစ်မှုနဲ့အတူ ရာသီသိမ်းခဲ့ပြီးတော့အနီးကပ်ဆုံးပြိုင်ဘက် မန်ချက်စတာစီးတီး၊မန်ချက်စတာယူနိုက်တက်၊ချယ်ဆီးလ်တို့က ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ပြီး လက်စတာစီးတီးကယူရိုပါလိဂ်တိုက်ရိုက်၀င်ခွင့် ရရှိခဲ့ကြပါတယ်။စပါးကတော့ ယူရိုပါလိဂ်ခြေစစ်ပွဲအဆင့်ကနေစတင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပြီးတော့ လန်ဒန်မြို့ခံအာဆင်နယ်အသင်းကတော့ အဆင့်၈နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။အာဆင်နယ်အနေနဲ့ လက်ရှိမှာ လာမယ့် ရာသီဥရောပဝင်ခွင့်တွေနဲ့လွဲချော်ဖို့ ရာခိုင်နှုန်းများနေပြီးတော့ ၁၀စုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး အခြေအနေကိုရောက်ရှိနေခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာအားကစားမီဒီယာတွေနဲ့ ကလောင်ရှင်တွေက ရာသီတစ်ခုလုံးအပေါ်မူတည်ပြီးဘယ်သူတွေက အကောင်းဆုံးကစားသမားတွေလဲ၊ဘယ်ပွဲကအကောင်းဆုံးပွဲ ဖြစ်ခဲ့လဲ၊ထူးထူးခြားခြား ဘယ်လိုအဖြစ်အပျက်တွေရှိခဲ့လဲဆိုတာနဲ့ပတ်သတ်လို့ အသီးသီးသုံးသပ်ဖော်ပြနေသလိုပဲ ကျွန်တော်များ SBOTOPရဲ့ ပရီးမီးယားလိဂ်ပရိတ်သတ်တွေအတွက် ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ် ဘောလုံးရာသီ အနှစ်ချုပ်သုံးသပ်ချက်တချို့ကို အခုလိုပဲ ဖော်ပြပေးလိုက်ရပါတယ်။ပရီးမီးယားလိဂ်
 

လစ်ဗာပူးလ်

(တစ်နှစ်တာအကောင်းဆုံးအသင်း)

တစ်နှစ်တာအကောင်းဆုံးအ‌သင်းလို့ဆိုရင် ချန်ပီယံဆုကိုရရှိသွားတဲ့ လီဗာပူးလ်ကိုပဲရွေးချယ်မယ်ဆိုတာ အားလုံးသိပြီးကြပြီးဖြစ်မှာပါ။လစ်ဗာပူးလ်ဟာပရီးမီးယားလိဂ်ရဲ့  တစ်နှစ်တာအကောင်းဆုံးအသင်းဆိုတာထက် ဥရောပရဲ့တစ်နှစ်တာအကောင်းဆုံးအသင်းဖြစ်တောင် ရွေးချယ်ရမှာပါ။ချန်ပီယံလိဂ်၊UEFAစူပါဖလား၊ဖီဖာကမ္ဘာ့ကလပ်ချန်ပီယံဖလား၊ပရီးမီးယားလိဂ်စတဲ့ ဆုဖလား၄လုံးဆုခူးနိုင်ခဲ့ပြီးတော့ မျက်မှောက်ခေတ်မှာအကောင်းဆုံး သမိုင်းမှတ်တမ်းသစ်တွေရေးထိုးနိုင်ခဲ့တဲ့ အသင်းလည်းဖြစ်ပါတယ်။၁၈ပွဲဆက်ပရီးမီးယားလိဂ်နိုင်ပွဲရရှိခဲ့သလို အမှတ်ပေးဇယားထိပ်ဆုံးမှာ ဒုတိယနေရာကအသင်းကို၂၅မှတ်ဖြတ်ပြီး ဦးဆောင်နိုင်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။ အိမ်ကွင်းနိုင်ပွဲ ရရှိမှုအများဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့သလို တစ်ရာသီလုံး၃၈ပွဲကစား ၃၂ပွဲထိ အနိုင်ရရှိပြီး နိုင်ပွဲအများဆုံးရတဲ့အသင်းလည်းဖြစ်ခဲ့ပါတယ်။ချန်ပီယံဆုဖလားကိုလည်း ရာသီမကုန်ခင်၅ပွဲအလိုမှာတင်ရရှိခဲ့ပြီး ဒါဟာ၂၀၀၁ခုနှစ်က မန်ချက်စတာယူနိုက်တက်နဲ့ ၂၀၁၈ခုနှစ်ကမန်ချက်စတာစီးတီးတို့ရရှိခဲ့တဲ့မှတ်တမ်းတွေကို လိုက်မှီခဲ့တာ ဖြစ်ပါတယ်။

 

ဆာဒီယိုမာနေး{လစ်ဗာပူးလ်}

(တစ်နှစ်တာအကောင်းဆုံးကစားသမား)

လစ်ဗာပူးလ်အသင်းချန်ပီယံဆု ရရှိအောင်စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေထဲမှာ မာနေးကလည်းတစ်ဦးအပါအဝင်ဖြစ်ပြီးတော့ သူ့ရဲ့သွင်းဂိုးတွေအပါအဝင် ဂိုးဖန်တီးမှုတွေကြောင့်တစ်ရာသီလုံးအတွက် အကောင်းဆုံးကစားသမားအဖြစ်‌ ရွေးချယ်ရခြင်းဖြစ်ပါတယ်။ မန်စီးတီး က ဒီဘရိုင်းနဲ့ ယှဉ်ပြီး ရွေးချယ်ရချိန်မှာ ဆုဖလားအောင်မြင်မှု တွေရယူပေးနိုင်ခဲ့တဲ့ မာနေးကို ဦးစားပေးရွေးချယ်ရမှာပါ။တစ်ရာသီလုံး ၃၁ပွဲကစား ၁၈ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၇ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့မာနေးဟာ ပရီးမီးယားလိဂ်တစ်ပွဲချင်း အကောင်းဆုံးကစားသမားဆု ၉ကြိမ်ထိရရှိခဲ့ပါတယ်။ဂိုးပေါက်တည့်မှု ၃၆ကြိမ်၊အခွင့်အရေးဖန်တီးမှု၆၆ကြိမ်ထိ ပြုလုပ်နိုင်ခဲ့တဲ့ကစားသမားလည်းဖြစ်ပါတယ်။
 

အယ်လီရက်ဇ်ဇာ ဂျာဟန်ဘက်ဟက်ရှ်{ဘရိုက်တန် ၁-၁ ချဲလ်ဆီး၊ဇန်နဝါရီ}

(တစ်နှစ်တာအကောင်းဆုံးဂိုး)

ဇန်နဝါရီလ ၁ရက်နေ့ ဘရိုက်တန်အိမ်ကွင်း မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၁မှာ အီရန်တောင်ပံကစားသမား ဂျာဟန်ဘက်ဟက်ရှ်သွင်းယူခဲ့တဲ့ သွင်းဂိုးကို ဒီရာသီရဲ့ အကောင်းဆုံးဂိုးအဖြစ်ရွေးချယ်ချင်ပါတယ်။ဘရိုက်တန်တို့ အိမ်ကွင်းမှာ ချဲလ်ဆီးက အက်ဇ်ပီကျူအာတာရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခံထားရချိန် လူစား၀င်ကစားသမား ဘက်ဟက်ရှ်က ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။အဲ့ဒီဂိုးဟာ သာမန်သွင်းဂိုးမဟုတ်ခဲ့ပဲ ချဲလ်ဆီး နောက်ခံလူတွေကြားကနေ ဘက်ဟက်ရှ်က နောက်ပြန်ဇောက်ထိုးကန်ချက်နဲ့ သွင်းယူခဲ့တဲ့ ဂိုးလည်းဖြစ်ပါတယ်။
 

ဘရူနိုဖာနန်ဒက်စ်(စပို့တင်းလစ်စဘွန်း မှ မန်ချက်စတာယူနိုက်တက်)

(တစ်နှစ်တာအကောင်းအဆုံးအပြောင်းအရွှေ့)

ပရီးမီးယားလိဂ်မှာ ခြေချပြီး ၆လအကြာမှာတင် ဖာနန်ဒက်စ်ဟာ အရေးပါတဲ့ ကစားသမားဖြစ်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် ၁၇ပွဲကစားပြီး သွင်းဂိုး၈ဂိုး၊ဂိုးဖန်တီးမှု ၇ကြိမ်ပြုလုပ်ထားတဲ့ ဘရူနိုဖာနန်ဒက်စ်

ယူနိုက်တက်ကို ၂၀၂၀ဇန်နဝါရီအပြောင်းအရွှေ့ကမှ ရောက်ရှိလာတဲ့ ဖာနန်ဒက်စ်ကတော့ ဒီရာသီအတွက် အကောင်းဆုံးအပြောင်းအရွှေ့ဖြစ်ခဲ့ပါတယ်။ကနဦး ပေါင် ၄၆.၅သန်း နဲ့ ရောက်ရှိလာခဲ့တဲ့ ဖာနန်ဒက်စ်ဟာ လက်ရှိမှာ ၁၇ပွဲကစားထားပြီး သွင်းဂိုး၈ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ကြိမ်ပြုလုပ်ထားပါတယ်။ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ရောက်ရှိလာချိန်မှ ၁၉ပွဲဆက်ရှုံးပွဲမရှိခဲ့သလို ရာသီအကုန်မှာ အဆင့်၃နေရာကနေ ချန်ပီယံလိဂ်၀င်ခွင့်ရရှိခဲ့ပါတယ်။ပရီးမီးယားလိဂ်မှာ ခြေချပြီး ၆လအကြာမှာတင် ဖာနန်ဒက်စ်ဟာ အရေးပါတဲ့ ကစားသမားဖြစ်နေခဲ့ပါတယ်။

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်