နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မေဂျာလိဂ်မှာ ဆိုရင် ရော်နယ်ဒိုက မက်ဆီထက် ဂိုးပိုသွင်းနိုင်တယ်လို့ ဆိုလိုက်တဲ့ ဆာဟာ | ဆော်ဒီပရိုလိဂ်

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟောင်း လူးဝစ္စ ဆာဟာ ကတော့ အခုရက်ပိုင်းမှာ တောက်လျောက်ကို သုံးသပ် ပြောဆိုမှုတွေ ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် မှာလည်း ဆာဟာက ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုကို မက်ဆီနဲ့ နှိုင်းယှဉ်ပြီး ချီးကျူးပြောကြားသွားခဲ့ပြန်တာ ဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ယူနိုက်တက် အသင်းဖော်ဟောင်း ဖြစ်ခဲ့တဲ့ ဆာဟာက ရော်နယ်ဒိုသာ အမေရိကန် မေဂျာလိဂ်မှာ ကစားခဲ့မယ် ဆိုရင် သူ့ရဲ့ ပြိုင်ဘက် ဖြစ်တဲ့ လီယွန်နယ် မက်ဆီထက် ဂိုးတွေ ပိုပြီး သွင်းယူနိုင်လိမ့်မယ်လို့ သုံးသပ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ဆာဟာက “ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ မေဂျာလိဂ်မှာသာ ကစားမယ် ဆိုရင် အခု လက်ရှိ မက်ဆီ သွင်းထားတဲ့ ဂိုးအရေတွက်ထက် ပိုပြီး သွင်းနိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မက်ဆီက သူ့ရဲ့ အသင်းမှာ အရည်အသွေး ရှိတဲ့ ကစားသမားတွေနဲ့ ကစားနေရပြီးတော့ ဂိုး ၂၀ လောက်ပဲ သွင်းယူထားနိုင်လို့ပါပဲ။ ကျွန်တော် အရင်က ပြောခဲ့သလို ရော်နယ်လ်ဒိုက ဂိုးတွေ အများကြီး သွင်းယူဖို့ အတွက် သူ့ရဲ့ ပတ်ဝန်းကျင်မှာ အရည်အသွေးကောင်းတဲ့ ကစားသမားတွေ ရှိနေဖို့ လိုအပ်မယ် မထင်ပါဘူး။ သူက ဘယ်မှာပဲ ကစားရ ကစားရ တစ်ရာသီ ဂိုး ၃၀ လောက် သွင်းနိုင်ရင်တောင် သူ့အတွက်က မလုံလောက်သေးပါဘူး။ သူက လိဂ် ဂိုး ၂၀ လောက်နဲ့ သွင်းရရုံနဲ့ ကျေနပ်နေမယ့်သူ မဟုတ်ပါဘူး။” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို ကတော့ အဲလ်နာဆာနဲ့ အတူ အာရပ် ကလပ် ချန်ပီယံရှစ် ဖလား တစ်လုံးသာ ရရှိထားပြီး ဆော်ဒီပရိုလိဂ် ဖလား အပါအဝင် အဓိက မေဂျာ ဆုဖလားတွေနဲ့ လွဲချော်နေဆဲ ဖြစ်ပါတယ်။
ကစားသမားဘဝ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ ကြိုးစားဦးမယ့် ရော်နယ်ဒို

ဆက်လက်ပြီး ဆာဟာက “ပြီးခဲ့တဲ့ နှစ်ကလည်း သူက လိဂ်ဂိုး ၃၅ ဂိုး သွင်းပြီးတော့ ပြိုင်ပွဲစုံမှာလည်း စုစုပေါင်း ဂိုး သွင်းဂိုး ၅၀ အထိ သွင်းနိုင်ခဲ့ပါတယ်။ မက်ဆီက အခုဆိုရင် မတူညီတဲ့ ကစားသမား တစ်ဦး ဖြစ်နေပါပြီ။ သူက အဲ့ဒီမှာ စံချိန်သစ်တွေ ထပ်တင်နိုင်ဖို့ ဂိုးတွေ ထပ်သွင်းဖို့ မရှိတော့ဘဲ စိတ်အေးလက်အေး ဖြစ်နေပါတယ်။ ရော်နယ်ဒို ကျတော့ စံချိန်တွေကို ချိုးဖျက်နိုင်ဖို့ ကြိုးစားနေဆဲပါပဲ။” လို့ ပြောဆိုလိုက်ပါတယ်။

ရော်နယ်ဒိုနဲ့ မက်ဆီ တို့ဟာ ဘောလုံး လောကမှာ ဆယ်စုနှစ် နှစ်ခွဲကြာ အကြာ လွှမ်းမိုးထားနိုင်ခဲ့သူတွေ ဖြစ်ပြီးတော့ နှစ်ဦးစလုံးက လက်ရှိ အချိန်ထိ အနားမယူကြသေးပါဘူး။ ရော်နယ်ဒိုက ၂၀၂၂-၂၀၂၃ ဘောလုံးရာသီမှာ ဥရောပ ဘောလုံး ရပ်ဝန်းကို စွန့်ခွာပြီး ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့သလို မက်ဆီ ကတော့ ၂၀၂၃ ခုနှစ်မှာ ပီအက်စ်ဂျီ ကနေ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ခဲ့ပါတယ်။

ရော်နယ်ဒိုက ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာမှာ ၈၉ ပွဲ ကစားရာမှာ ဂိုး ၈၀ သွင်းယူထားနိုင်ပြီးတော့ မက်ဆီ ကတော့ အင်တာမိုင်ယာမီ အတွက် ၃၉ ပွဲ ကစားပြီး ၃၄ ဂိုး သွင်းယူထားပါတယ်။ ရော်နယ်ဒို ကတော့ အဲလ်နာဆာနဲ့ အတူ အာရပ် ကလပ် ချန်ပီယံရှစ် ဖလား တစ်လုံးသာ ရရှိထားပြီး ဆော်ဒီပရိုလိဂ် ဖလား အပါအဝင် အဓိက မေဂျာ ဆုဖလားတွေနဲ့ လွဲချော်နေဆဲ ဖြစ်ပါတယ်။ မက်ဆီ ကတော့ အင်တာမိုင်ယာမီ အတွက် အသင်း သမိုင်းတလျောက် ပထမဦးဆုံး ဆုဖလားတွေ အဖြစ် လိဂ်ဖလားနဲ့ Supporter’s Shield တို့ကို ရရှိထားခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီဟာ ၂ဝ၂၄ ခုနှစ် မေဂျာလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကိုပါ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်