နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရီးရဲလ်မက်ဒရစ်က ချဉ်းကပ်ခဲ့ခြင်း မရှိဘူးလို့ ဆိုလာတဲ့ လာပေါ့တ် | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာရဲ့ စပိန် ဝါရင့် နောက်ခံလူ အန်းမရစ်ခ် လာပေါ့တ်က အခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကံယာကံရှင် ကိုယ်တိုင် ကတော့ ရီးရဲလ်မက်ဒရစ် ဘက်က သူ့ကို ခေါ်ယူဖို့ အမှန်တကယ် ချဉ်းကပ်ခဲ့တယ် ဆိုတာ မဟုတ်ကြောင်း ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာ အသက် ၃၀ အရွယ် ရှိပြီ ဖြစ်တဲ့ စပိန် လက်ရွေးစင် ဗဟို နောက်ခံလူ အမ်းမရစ်ခ် လာပေါ့တ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ နွေရာသီ ကမှ မန်စီးတီး ကနေ အဲလ်နာဆာကို ပေါင် ၂၃.၆ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ လာပေါ့တ်က ခရစ္စတီယာနို ရော်နယ်ဒို၊ ဆာဒီယို မာနေး၊ မာဆယ်လို၊ ဘရိုဇိုဗစ်၊ အော့တာဗီယို တိုနဲ့အတူ ဆော်ဒီပရိုလိဂ် ကလပ်ရဲ့ အဓိက ကစားသမား တစ်ဦး အဖြစ် ရပ်တည်နေပါတယ်။ လာပေါ့တ်က ဥရောပ ကနေ ဆော်ဒီပရိုလိဂ် ကလပ်ဆီ ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်း ယူရို ၂၀၂၄ မှာပါ စပိန် အတွက် တောက်လျှောက် ပွဲထွက် ကစားပေးခဲ့ရင်း စပိန်ကို ယူရို ချန်ပီယံ ဖြစ်လာအောင် အဓိက နေရာ ကနေ စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကစားသမားက ရီးရဲလ်မက်ဒရစ်နဲ့ အပြောင်းအရွှေ့ သတင်းတွေပါ ထွက်ပေါ်လာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ အတွင်းမှာပဲ ရီးရဲလ်မက်ဒရစ် ခံစစ်ပိုင်း ဒဏ်ရာ ပြသာနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ မန်ချက်စတာစီးတီးနဲ့ ဘီလ်ဘာအို ကစားသမားဟောင်း အမ်းမရစ်ခ် လာပေါ့တ်ကို ခေါ်ယူမယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ လာပေါ့တ် ကလည်း အဲလ်နာဆာနဲ့ စာချုပ် ဖျက်သိမ်းပြီး ရီးရဲလ်မက်ဒရစ်ဆီ အလွတ်နဲ့ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ လာပေါ့တ်ဟာ အဲလ်နာဆာမှာ ၂၀၂၆ ခုနှစ် ဇွန်လ အထိ စာချုပ် သက်တမ်းကျန်ရှိနေသေးသူ ဖြစ်ပါတယ်။ ဒါ့အပြင် လာပေါ့တ်ဟာ အဲလ်နာဆာမှာ တစ်ပတ် လုပ်ခ ပေါင် ၄ သိန်းလောက် အထိ ရရှိနေတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေ ရှိခဲ့တာတောင် လာပေါ့တ်က ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့က တော်တော်လေး ခက်ခဲပေမယ့် ဈေးကွက်မပိတ်ခင် အချိန်ထိ လာပေါ့တ်နဲ့ ရီးရဲလ်မက်ဒရစ် တို့အကြား ကောလာဟလတွေ အဆက်မပြတ် ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီအကြောင်းအရာတွေ ပတ်သက်လို့ လာပေါ့တ် ကတော့ အခုလိုပဲ ပြန်လည် ဖြေရှင်းလာခဲ့တာ ဖြစ်ပါတယ်။ လာပေါ့တ်က “ကျွန်တော့် အတွက် ဘာချဉ်းကပ်မှုမှ မရှိခဲ့ပါဘူး။” လို့ ပြတ်ပြတ်သားသား ပြောဆိုသွားခဲ့တာ ဖြစ်ပါဝယ်။ ဒါပေမယ့် သူ့ အတွက် ဥရောပ ကလပ်တွေ ဘက်က ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ် ဆိုရင်တော့ ကမ်းလှမ်းမှုတွေ စောင့်ကြည့်သွားမှာ ဖြစ်ပြီး အနာဂတ်မှာ ဥရောပဆီ ပြန်လာဖို့လည်း စဉ်းစားသွားမှာ ဖြစ်ကြောင်း ဖွင့်ဟသွားခဲ့တာ ဖြစ်ပါတယ်။

လာပေါ့တ်ဟာ ဆော်ဒီပရိုလိဂ်မှာ ကစားနေပေမယ့် ပြီးခဲ့တဲ့ ယူရို ၂၀၂၄ မှာတော့ စပိန်ရဲ့ ခံစစ်မှာ ပွဲထွက် ကစားသမား အဖြစ် ပွဲတိုင်း ပါဝင်ခဲ့ရသူ ဖြစ်ပါတယ်။ ဒါ့အပြင် လာပေါ့တ်က စပိန်ရဲ့ ခံစစ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ထိန်းကျောင်းပေးနိုင်ခဲ့သလို ယူရို ၂၀၂၄ ချန်ပီယံဆု ကိုလည်း ကိုင်မြောက်နိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်