နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာဖင်ညာကို မရလို့ အန်တိုနီကို ခေါ်မယ့် အဲလ်နာဆာ | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်နာဆာ ကတော့ အခုနွေရာသီ အပြောင်းအရွှေ့မှာ တောင်ပံ ကစားသမား တစ်ဦး ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲလ်နာဆာက ဘာစီလိုနာရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ညာကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားကို ခေါ်ယူဖို့ မလွယ်ကူတဲ့ အတွက် လက်ရှိမှတော့ ဆော်ဒီပရိုလိဂ် ကလပ်က မန်ချက်စတာယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ အန်တိုနီကို ပြောင်းလဲ ပစ်မှတ်ထား ခေါ်ယူဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာက ရာဖင်ညာကို ပြောင်းရွှေ့ကြေး အမြောက်အများ သုံးစွဲကာ ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးတာပါ။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ ဆော်ဒီမြေကို လာဖို့ ငြင်းဆန်ထားတာကြောင့် လက်ရှိမှာ ရာဖင်ညာ အစား နောက်ထပ် ဘရာဇီးလ် တောင်ပံ ကစားသမား အန်တိုနီကို ပြောင်းလဲ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အေဂျက်စ် ကစားသမားဟောင်း အန်တိုနီဟာ ယူနိုက်တက်ကို သန်း ၁၀၀နဲ့ ပြောင်းရွှေ့လာခဲ့ပေမယ့် ပုံမှန် ခြေစွမ်းပြသနိုင်ခြင်း မရှိတာကြောင့် ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။ အန်တိုနီကို နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က တော်တော်လေး မျှော်လင့်ထားခဲ့ပေမယ့် လာမယ့် ရာသီသစ်မှာလည်း အာမတ်ဒ် ဒီယာလိုရဲ့ အနောက် ဒုတိယ ဦးစားပေး အဖြစ်နဲ့ပဲ ပွဲထွက်ခွင့်ပေးသွားမယ့် သဘောရှိပါတယ်။ ဒါ့အပြင် အသင်း ဘက်ကလည်း အန်တိုနီ အတွက် ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေေ ရရှိလာခဲ့ရင်တော့ အပြီးသတ် ရောင်းထုတ်သွားဖို့ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဲလ်နာဆာဟာ ခရစ္စတီယာနိုရော်နယ်လ်ဒိုလို ကမ္ဘာ့ထိပ်တန်းအဆင့် ရှိတဲ့ ကစားသမားကို ခေါ်ယူပြီးနောက်မှာ နာမည်ကြီး ကစားသမားတွေကို ဆက်လက် ခေါ်ယူထားခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီးနောက်မှာ အဲလ်နာဆာက ဆာဒီယို မာနေး၊ မာဆယ်လို ဘရိုဇိုဗစ်၊ အော့တာဗီယို၊ အဲလက်စ် တဲလက်စ်နဲ့ အမ်းမရစ်ခ် လာပေါ့တ် တို့ကို ဆက်တိုက် ခေါ်ယူ အားဖြည့်ထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိနွေရာသီ အပြောင်းအရွှေ့ မှာတော့ အဲလ်နာဆာရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ အဲလ်ဟီလယ်နဲ့ အဲလ်အစ်တီဟတ် တို့က ကောင်းမွန်တဲ့ ကစားသမား ခေါ်ယူမှုတွေ ပြုလုပ်ထားနိုင်တာ တွေ့ရပါတယ်။ ဒါကြောင့် အဲလ်နာဆာ ကလည်း သူတို့ရဲ့ ပြိုင်ဘက်တွေကို အမှီလိုက်ဖို့ အတွက် ကစားသမားကောင်းတွေ ထပ်မံ ခေါ်ယူ အားဖြည့်ချင်နေတာ ဖြစ်ပြီး အန်တိုနီလို ကစားသမားမျိုးကို တောင်ပံမှာ အသုံးချချင်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာက လာတဲ့ သတင်းတွေ အရတော့ အန်တိုနီ အနေနဲ့ အိုးထရက်ဖို့ဒ် ကနေ ထွက်ခွာလိုခြင်း မရှိပဲ ပုံမှန် ပွဲထွက်ခွင့် ရဖို့သာ ဆက်လက် တိုက်ပွဲဝင်ချင်နေတယ်လို့ သိရပါတယ်။ ဒီလို အခြေအနေမျိုးမှာ အန်တိုနီ အနေနဲ့ အဲရစ်ခ် တန်ဟက်ဂ် အခွင့်အရေးပေးချိန်မှာ အကောင်းဆုံး အသုံးချနိုင်ဖို့ လိုအပ်ပြီး မဟုတ်ရင်တော့ အရန်ခုံမှာ ထိုင်နေရဖို့သာ များပါတယ်။

အန်တိုနီဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဘရာဇီးလ် ကလပ် ဆာပေါ်လို အသင်းနဲ့ အတူ စတင်ခဲ့သူ ဖြစ်ပြီး ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ် အထိတော့ အေဂျက်စ်မှာ ကစားခဲ့ပါတယ်။ အဲ့နောက် အေဂျက်စ်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ အန်တိုနီက ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ရောက်ရှိခဲ့ပါတယ်။ အန်တိုနီဟာ ယူနိုက်တက် ၂ ရာသီ အတွင်း ပွဲပေါင်း ၈၂ ပွဲ ကစားထားပေမယ့် ပြီးခဲ့တဲ့ ရာသီ ကတော့ လူစားဝင် ကစားသမား အဖြစ် ပွဲတော်တော်များများ ကစားခဲ့ရတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်