နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နေမာ နေရာမှာ ဗင်နီးစီးယပ်စ်နဲ့ အစားထိုးချင်နေတဲ့ အဲလ်ဟီလယ် | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် အဲလ်ဟီလယ် ကတော့ နေမာ ဂျူနီယာ နေရာမှာ အစားထိုးဖို့ အတွက် ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တာ ကြာပါပြီ။ လက်ရှိ မှာတော့ အဲလ်ဟီလယ်က အသင်းရဲ့ ဈေးကြီးပေး စာချုပ်ချုပ်ဆိုထားတဲ့ ထိပ်တန်း ကစားသမား ဖြစ်တဲ့ ဘရာဇီးလ် တိုက်စစ်မှူး နေမာ နေရာမှာ အစားထိုးဖို့ အတွက် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဗင်နီးစီးယပ်စ်ကို အရ ခေါ်ယူသွားဖွယ် ရှိနေတယ် ဆိုပြီး စပိန် နာမည်ကျော် သတင်းဌာန ဖြစ်တဲ့ မာကာ ကနေ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

အဲလ်ဟီလယ်မှာ လက်ရှိ အလက်ဇန္တား မီထရိုဗစ်၊ မယ်လ်ကွန်၊ မီလန် ကိုဗစ် ဆာဗစ်၊ ယာအို ကန်ဆယ်လို၊ ယာအို နီးဗက်စ်၊ ကူလီဘလီ၊ ဘွန်နူ တို့လို ကစားသမားတွေ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ လက်ရှိ ဆော်ဒီပရိုလိဂ်ရဲ့ အင်အား အကြီးမားဆုံး အသင်း တစ်သင်း အဖြစ် ရပ်တည်နေတဲ့ အဲလ်ဟီလယ် ကတော့ ဒေသတွင်းမှာလည်း ပြိုင်ဘက်ကင်း အသင်း တစ်သင်း အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အဲလ်ဟီလယ်က နေမာလို ထိပ်တန်း ကစားသမား တစ်ဦးကို ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး အသင်း အတွက် အကျိုးမပြုနိုင် ဖြစ်နေခဲ့တာပါ။ ဒါ့အပြင် မကြာခင်မှာလည်း နေမာနဲ့ အဲလ်ဟီလယ်တို့ အကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကလည်း မကြာခင် ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် နေမာ နေရာမှာ အစားထိုးဖို့ အတွက် ထိပ်တန်း ကစားသမား တစ်ဦးကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဗင်နီ အနေနဲ့ ဆော်ဒီပရိုလိဂ် ကလပ် ဘက်က ကမ်းလှမ်းလာမယ့် ဘယ်လို ကမ်းလှမ်းမှုမျိုးကို မဆို ငြင်းဆန် ပယ်ချသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ဒဏ်ရာကြောင့် အနားယူနေရတာ များနေတဲ့ နေမာ

လက်ရှိ မှာတော့ အဲလ်ဟီလယ်က နေမာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဘရာဇီးလ် နိုင်ငံတူ ကစားသမား ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဗင်နီးစီးယပ်စ်ကို အသင်းရဲ့ အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင်တော့ အဲလ်ဟီလယ်က လာမယ့် နွေရာသီ ဈေးကွက်မှာပဲ မငြင်းဆန်နိုင်မယ့် ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းသွားဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အသက် ၂၄ နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်က ရီးရဲလ်မက်ဒရစ်ရဲ့ မရှိမဖြစ် ကစားသမား တစ်ဦး ဖြစ်နေတဲ့ အပြင် စာချုပ်သစ် ချုပ်ဆိုတုန်း ကလည်း တစ်ဘီလီယံ တန်ကြေး ရှိတဲ့ စာချုပ် ဖျက်သိမ်းကြေး ကိုပါ ထည့်သွင်းထားတာကြောင့် အဲလ်ဟီလယ် အနေနဲ့ အဲ့ဒီ တန်ကြေးနဲ့ ကမ်းလှမ်းဖို့ ဆိုတာက တော်တော်လေး ခက်ခဲနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ဗင်နီးစီးယပ်စ် ဂျူနီယာ ကလည်း ဒီနှစ်ရဲ့ ဘယ်လွန်ဒေါဆုရှင် ဖြစ်လာဖို့ သေချာသလောက် ရှိနေတာကြောင့် သူရဲ့ ကစားသမား ဘ၀ကို ဥရောပ ဘောလုံးနယ်ပယ်မှာပဲ ဆက်လက် ကျင်လည် ဖြတ်သန်းချင်နေတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဗင်နီ အနေနဲ့ ဆော်ဒီပရိုလိဂ် ကလပ် ဘက်က ကမ်းလှမ်းလာမယ့် ဘယ်လို ကမ်းလှမ်းမှုမျိုးကို မဆို ငြင်းဆန် ပယ်ချသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်