ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒို ကတော့ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ အတွက် ခြေစွမ်းပြ ကစားပေးနေသူ ဖြစ်ပါတယ်။ ဒီလို ခြေစွမ်းပြနေတဲ့ ရော်နယ်ဒိုကို အဲလ်နာဆာရဲ့ ဆော်ဒီပရိုလိဂ် ပြိုင်ဘက် အဲလ်ဟီလယ်က ခေါ်ယူမယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ အဲလ်ဟီလယ်ရဲ့ အမှုဆောင် အရာရှိချုပ် ကဲလ်ဆာဒါက ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆိုတာ စိတ်ကူးယဉ် ဇာတ်လမ်း တစ်ပုဒ်လိုပဲ ဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
လက်ရှိ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲ တစ်လျှောက် ဂိုးသွင်း အများဆုံး ကစားသမား စာရင်းမှာ ရှိနေတဲ့ ရော်နယ်ဒိုက အဲလ်နာဆာနဲ့ စာချုပ် သက်တမ်းတိုးဖို့ အစီအစဉ် ရှိနေသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲလ်ဟီလယ်က နေမာနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ဘရာဇီးသားရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ရော်နယ်ဒိုကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေနဲ့ ပတ်သက်လို့တော့ အဲလ်ဟီလယ်ရဲ့ အမှုဆောင် အရာရှိချုပ်က “ဒီသတင်းတွေက စိတ်ကူးယဉ် ဇာတ်လမ်း တစ်ပုဒ်နဲ့တောင် တူနေပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုက ကျွန်တော် တို့ရဲ့ ကစားသမား မဟုတ်တော့ ဒါနဲ့ ပတ်သက်လို မှတ်ချက်ပေးဖို့က ခက်ပါတယ်။ နောက်ပြီးတော့ သူက အခုလည်း ကလပ် အသင်း လက်မဲ့ ဖြစ်နေသူ မဟုတ်တာကြောင့် ဒီအကြောင်းကို ပြောဆို ဆွေးနွေးရတာ သိပ်တော့ မကောင်းလှပါဘူး။” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
သတင်းတွေ အရ ဆိုရင်တော့ အဲလ်ဟီလယ်က ရော်နယ်ဒိုကို ခေါ်ယူဖို့ အစီအစဉ် မရှိပေမယ့်လည်း လာမယ့် နွေရာသီ မှာတော့ လစ်ဗာပူးလ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် မိုဟာမက် ဆာလာကို ခေါ်ယူဖို့တော့ အစီအစဉ် ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိ အဲလ်ဟီလယ်မှာ နေမာ၊ ကန်ဆယ်လို၊ ကူလီဘလီ၊ ဘိုနို၊ မီထရိုဗစ်၊ မီလန်ကိုဗစ် ဆာဗစ်၊ ရူဘင် နီးဗက်စ်၊ မယ်လ်ကွန် တို့လို ထိပ်တန်း ကစားသမားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ လက်ရှိ ဆော်ဒီပရိုလိဂ်မှာ အဲလ်ဟီလယ်ဟာ အတောင့်တင်းဆုံး အသင်းလို့ ပြောလို့ ရပြီး လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။
ဒီအချိန်မှာ အဲလ်ဟီလာက သူတို့ရဲ့ အနီးစပ်ဆုံး ပြိုင်ဘက် အဲလ်နာဆာရဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒို ကိုပါ ခေါ်ယူသွားဖို့ ဆန္ဒရှိနေတယ် ဆိုပြီး သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ အားလုံး သိတဲ့ အတိုင်း ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (ဘယ်လွန်ဒေါ) ၅ ကြိမ် ရရှိထားတဲ့ ရော်နယ်ဒိုဟာ ကစားသမားဘဝ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ သူကစားနေတဲ့ အဲလ်နာဆာက ဆုဖလား အောင်မြင်မှု ရရှိနိုင်ချေတော့ တော်တော်လေး နည်းပါးနေတာကြောင့် ရော်နယ်ဒို အနေနဲ့ အခက်တွေ့နေရတာ ဖြစ်ပါတယ်။ အကယ်၍ ရော်နယ်ဒိုသာ အဲလ်ဟီလယ်ကို ပြောင်းရွှေ့ဖြစ်ခဲ့မယ် ဆိုရင်တော့ သူ့ အနေနဲ့ လိုချင်နေတဲ့ သွင်းဂိုး စံချိန်တွေရော၊ ဆုဖလား အောင်မြင်မှုတွေပါ ရရှိဖို့ သေချာသလောက် ရှိမှာလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.