နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆောင်းရာသီမှာ ဗင်နီးစီးယပ်စ် ဂျူနီယာကို ဆက်လက် ကြိုးပမ်းသွားမယ့် အဲလ်အာလီ | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီ အသင်း ကတော့ ဗင်နီးစီးယပ်စ် ဂျူနီယာကို လက်လျော့လိုခြင်း မရှိသေးပဲ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ထပ်မံ ကြိုးပမ်းသွားဦးမယ်လို့ သိရပါတယ်။ အဲလ်အာလီ အသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ ခါလက် အဲလ်အစ်ဆာက ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်မှူး ဗင်နီးစီးယပ်စ် ဂျူနီယာကို လာမယ့် ဇန်နဝါရီလမှာ ထပ်မံ ကြိုးပမ်းသွားဖို့ ရှိနေကြောင်း ဖွင့်ဟ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

အဲလ်အာလီ အသင်း ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ ဗင်နီးစီးယပ်စ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ် အသင်း ဘက်က ချက်ချင်း ငြင်းဆန် ပယ်ချခဲ့သလို ကစားသမား ကိုယ်တိုင် ကလည်း စိတ်ဝင်စားခြင်း မရှိခဲ့ပါဘူး။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗင်နီးစီးယပ်စ် ဂျူနီယာကို ယူရို ၁ ဘီလီယံတန် လျော်ကြေး စာချုပ်ချုပ်ဆိုထားတဲ့ အတွက် ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီ အသင်းရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲလ်အာလီ ကတော့ ရီးရဲလ်မက်ဒရစ် အသင်းဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တန်ဖိုးနဲ့ ကမ်းလှမ်းခဲ့သလို၊ ဗင်နီးစီးယပ်စ် ကိုလည်း ၅ နှစ် စာချုပ် အတွက် လစာ အဖြစ် ယူရို ၁ ဘီလီယံ ပေးချေမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

အဲဒီအချိန်တုန်းက ကောလာဟလ အဖြစ်သာ သိရှိခဲ့ကြပေမယ့်လည်း အခုအခါ မှာတော့ ဗင်နီးစီးယပ်စ်ကို နွေရာသီမှာ ကမ်းလှမ်းခဲ့ကြောင်းနဲ့ ဇန်နဝါရီလ မှာလည်း ထပ်မံ ကြိုးပမ်းသွားဦးမှာ ဖြစ်ကြောင်း အဲလ်အာလီ ဥက္ကဋ္ဌ ခါလက် အဲလ် အစ်ဆာက အတည်ပြုခဲ့တာကြောင့် သတင်းတွေက မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ အဲလ် အာလီ ဥက္ကဌက “ထိပ်တန်း တောင်ပံကစားသမား တစ်ယောက် ခေါ်ယူဖို့ နွေရာသီမှာ ကြိုးစားခဲ့ပြီးတော့ ဗင်နီးစီးယပ်စ်ကို ကမ်းလှမ်းခဲ့ပါတယ်။ ဒီစိတ်ကူးကို လာမယ့် ဆောင်းရာသီမှာ ဆက်လက် အကောင်အထည် ဖော်နိုင်အောင်လို့ ကြိုးစားရဦးမှာပါ” လို့ ခါလက် အဲလ်အစ်ဆာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အသက် ၂၄ နှစ် အရွယ် ဗင်နီးစီးယပ်စ် ဂျူနီယာက ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက မရှိမဖြစ် ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းပြနေသူပါ။ ဒါပေမယ့်လည်း အသင်းကို ပြင်သစ် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ရောက်ရှိလာခြင်း အပြင် စပိန် ပရိသတ်တွေရဲ့ မကြာခဏ ဆိုသလို လူမျိုးရေး ခွဲခြားမှုတွေကြောင့် ဘရာဇီးလ်သား တစ်ယောက် အသင်း ပြောင်းရွှေ့ဖွယ် ရှိတယ် ဆိုပြီး သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်နေခဲ့တာပါ။

ဒီအခြေအနေကို ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီက စောင့်ကြည့်နေခဲ့ပြီး ဗင်နီးစီးယပ်စ်ကို ၅ နှစ် စာချုပ် အတွက် ယူရို ၁ ဘီလီယံ အကုန်အကျခံကာ ကမ်းလှမ်းဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အဲလ်အာလီဟာ ဗင်နီးစီးယပ်စ်ကို တစ်နှစ် လုပ်ခလစာ ယူရို သန်း ၂၀၀ နှုန်းနဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုဖို့ အတွက် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါအပြင် ဆော်ဒီနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပခွင့်ရဖို့ သေချာနေတဲ့ ၂၀၃၄ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ သံတမန် အဖြစ်လည်း ခန့်အပ်သွားဖို့လည်း ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်