နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရိသတ်နဲ့ ပြိုင်ဘက်တွေရဲ့ လက်ခုပ်သံတွေကိုပါ သဲ့ယူသွားနိုင်ခဲ့ပြန်တဲ့ ရော်နယ်ဒို | အာရှ ချန်ပီယံလိဂ်

မနေ့ညက ကစားခဲ့တဲ့ အာရှချန်ပီယံလိဂ်ပွဲ ဖြစ်တဲ့ အီရန် ကလပ် ပါဆီပိုလစ်နဲ့ ပွဲမှာ ဆော်ဒီ ကလပ် အယ်လ်နာဆာ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပရိသတ် လက်ခုပ်သံတွေကို သဲ့ယူသွားခဲ့ပါတယ်။ အဲဒါကတော့ သူဟာ ဖျက်ထုတ်ခံရလို့ လဲကျသွားခဲ့ပြီး ကွင်းလယ်ဒိုင်က ပင်နယ်တီ ပေးခဲ့ပေမယ့် ဒါဟာ ပင်နယ်တီ မဟုတ်ဘူးလို့ သူက ငြင်းဆန်ခဲ့တာပါ။ ကိုယ့်အသင်း ပင်နယ်တီရမယ့် အခွင့်အရေးကို ငြင်းဆန်ပြီး ဒီတိုင်းပဲ လဲကျခဲ့တယ် ဆိုတာကို သူက ရှင်းပြခဲ့တာလည်း ဖြစ်ပါတယ်။ 

ပွဲစပြီး သိပ်မကြာခင် ရော်နယ်ဒိုက ဂိုးရဖို့ အတွက် အားထုတ်ခဲ့ရာမှာ ပင်နယ်တီ ဧရိယာ အတွင်း ဘောလုံး ရခဲ့ပါတယ်။ ဘောလုံး လက်လွှတ်လိုက်ရတဲ့ ပါဆီပိုလစ် နောက်ခံလူက ဘောလုံးကို ပြန်ရဖို့ အတွက် ကြိုးစားရာမှာ ရော်နယ်ဒို လဲကျခဲ့တာပါ။ အနှေးပြကွက်တွေအရ သူက ဘောလုံး ကိုပဲ အာရုံစိုက် ဖျက်ထုတ်ခဲ့ပြီး ရော်နယ်ဒိုကို မရည်ရွယ်ခဲ့ပါဘူး။ ရော်နယ်ဒို ကလည်း လွတ်အောင် ရှောင်ခဲ့ရင်းနဲ့ ထိမိခဲ့ကာ လဲကျသွားတဲ့နောက် ဒိုင်လူကြီးက ပင်နယ်တီပေးခဲ့တာပါ။ 

ပါဆီပိုလစ် ကလည်း အုပ်စု ဒုတိယနေရာ ကနေ အာရှ ချန်ပီယံလိဂ် နောက်တဆင့် တက်နိုင်ဖို့ မျှော်လင့်ချက် ရှိနေပါသေးတယ်။
ဒိုင်လူကြီး ပေးတဲ့ ပင်နယ်တီကို ငြင်းဆန်ခဲ့တဲ့ အယ်လ်နာဆာ

ရော်နယ်ဒိုက လဲကျရာက ထပြီး ပင်နယ်တီ မဟုတ်ဘူးလို့ သွားပြောခဲ့သလို ပါဆီပိုလစ် ကစားသမားတွေ ကလည်း ပင်နယ်တီ မပေးဖို့ အတွက် ဝိုင်းပြီး တောင်းဆိုခဲ့ကြပါတယ်။ ဒိုင်က ပယ်ဖျက်ပေးခဲ့ပြီးတော့ ရော်နယ်ဒိုကို ပြိုင်ဘက် ကစားသမားတွေ ကလည်း အသိအမှတ်ပြု ချီးကျူးခဲ့ပါတယ်။ ဒီပွဲက ဂိုးမရှိ သရေကျခဲ့ပြီး ပွဲချိန်ပထမပိုင်း အတွင်း မှာပဲ အယ်လ်နာဆာ ကစားသမား တစ်ဦး အထုတ်ခံခဲ့ရလို့ ရော်နယ်ဒိုတို့ ရုန်းကန်ခဲ့ရပါတယ်။ သရေရအောင် မနည်း ကစားခဲ့ရပြီး အုပ်စုပထမ နေရာ ကနေ အာရှ ချန်ပီယံလိဂ် နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပါပြီ။ 

ပေါ်တူဂီ တိုက်စစ်မှူး ကတော့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း သူ့ လုပ်ရပ် အတွက် ပရိသတ်တွေရဲ့ ချီးကျူးခြင်း ကိုတော့ ပိုင်ဆိုင်ခဲ့ပါတယ်။ အယ်လ်နာဆာ အတွက် ဒီပွဲက အရေးမပါတော့ဘဲ ရှုံးပွဲ မရှိအောင် ထိန်းကစားဖို့သာ လိုအပ်ခဲ့တာပါ။ ဒါကြောင့်လည်း တစ်ယောက် လျော့ချိန်မှာ ဂိုးမပေးရဖို့ကို ဦးစားပေးသွားခဲ့ပါတယ်။ ပါဆီပိုလစ် ကလည်း အုပ်စု ဒုတိယနေရာ ကနေ အာရှ ချန်ပီယံလိဂ် နောက်တဆင့် တက်နိုင်ဖို့ မျှော်လင့်ချက် ရှိနေပါသေးတယ်။ ဒီပွဲမှာ သရေ တစ်မှတ် ရခဲ့တာက သူတို့အတွက် အဖိုးတန်ခဲ့ပါတယ်။

ဘောလုံး လောကမှာ ဒီလိုမျိုး ပင်နယ်တီ ရပေမယ့် ငြင်းဆန်ခဲ့သူတွေ အများကြီးပါ။ ဒီလိုမျိုးတွေ မြင်တွေ့ရတိုင်း ပရိသတ်တွေ ကလည်း ကြည်နူးရပါတယ်။ ဘောလုံးက ပေးတဲ့ ခံစားချက်က ဘာလဲ ဆိုတာကို ထိတွေ့ရတာ ဖြစ်ပြီး အနိုင်ရဖို့ တစ်ခုတည်း အတွက် ကစားနေတာ မဟုတ်ဘူး ဆိုတာ ကိုလည်း ပြသရာရောက်ပါတယ်။ ရော်နယ်ဒိုက ပင်နယ်တီ ငြင်းဆန်တဲ့ နောက်ဆုံး ကစားသမား ဖြစ်လာခဲ့ပြီး အလားတူ ငြင်းဆန်မယ့် အဖြစ်အပျက်မျိုုးတွေ အနာဂတ်မှာ ရှိလာနိုင်ပါသေးတယ်။ ဘယ်သူတွေ ဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပါ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်