နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီရော်နယ်ဒို စံချိန်သစ်တွေ ထပ်တင်ပြီး ဂိုးပြတ်နိုင်ပွဲရခဲ့တဲ့ ဂျူဗင်တပ်စ် – စီးရီးအေ ပွဲပြီးသုံးသပ်ချက်

ဂျူဗင်တပ်စ် ၃ – ၀ ခရိုတိုနီ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ ဂျူဗင်တပ်စ်တို့ အိမ်ကွင်းမှာ ခရိုတိုနီကို ရော်နယ်ဒိုရဲ့ သွင်းဂိုး ၂ ဂိုးအပါအဝင် ၃-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီသွင်းဂိုး နှစ်ဂိုးကြောင့်ပဲ ရော်နယ်ဒို အနေနဲ့ ဒီရာသီ စီးရီးအေ ဂိုးသွင်း အများဆုံးကစားသမားစာရင်းမှာ (၁၈) ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သလို ဂျူဗင်တပ်စ် ကလည်း ရမှတ် ၄၅ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာကနေ ထိပ်ဆုံးက အသင်းတွေကို ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။

ပီယာလိုအနေနဲ့ တိုက်စစ်မှာ ခရစ္စတီယာနို ရော်နယ်ဒို ကူလူဆက်ဗ်စကီး၊ ခရစ္စတီယာနို ရော်နယ်ဒို တို့ကို ဦးဆောင်စေပြီး ကွင်းလယ်မှာ ခီယေဇာ၊ ဘန်တန်ကာ၊ ရမ်ဆေး၊ မက်ကင်နီ၊ နောက်တန်းမှာ ဒီလစ်ဂျ်၊ ဒါမီရယ်၊ ဒန်နီလို၊ အလက်စ်ဆန်ဒရို၊ ဘက်ဖွန်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ခရိုတိုနီ ဘက်မှာတော့ ဒီကာမိုင်း၊ ဗူလစ်၊ လူပါတို၊ ပါရဲရား၊ မိုလီနာ တို့လို ကစားသမားကောင်းတွေ ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျူဗင်တပ်စ်တို့ အိမ်ကွင်း ဖြစ်တဲ့အပြင် အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့တာကြောင့် ဧည့်သည် အသင်းဘက်ကို ပွဲစကတည်းက အကောင်းပုံစံနဲ့ ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ထိုးဖောက်မှု တချို့ ကောင်းခဲ့ပေမယ့် သွင်းဂိုးတွေအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိခဲ့လို့ အစောပိုင်းပွဲကစားချိန် တွေမှာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်နေခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၃၈ မိနစ်နဲ့ ၄၅ မိနစ်တို့မှာ အဲလက်စ်ဆန်ဒရိုနဲ့ အာရွန်ရမ်ဆေးတို့ရဲ့ ပံ့ပိုးပေးမှုကနေ ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူပေးခဲ့လို့ ပထမပိုင်း အပြီးမှာ ဂျူဗင်တပ်စ်တို့ ၂ ဂိုးပြတ် ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းပွဲစချိန်မှာလည်း ဂျူဗင်တပ်စ်တို့ပဲ ခရိုတိုနီ အသင်းဘက်ကို တဖက်သတ်ဖိအားပေး ကစားနိုင်ခဲ့လို့ ပွဲချိန် ၆၆ မိနစ်မှာ တတိယ ဦးဆောင်ဂိုး ထပ်မံရရှိခဲ့ပြီး ဒီဂိုးကိုတော့ ဝက်စတန် မက်ကင်နီက တစ်ကိုယ်တော် စွမ်းရည်နဲ့ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ နှစ်သင်းစလုံး ကစားသမား အပြောင်းအလဲ တချို့ ပြုလုပ်ခဲ့ပေမယ့် ၃-၀ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ခရိုတိုနီကတော့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၂၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။
စီးရီးအေ နိုင်ပွဲပြန်လည် ရှာတွေ့ခဲ့တဲ့ ဂျူဗင်တပ်စ်

ဒီပွဲမှာ ဂျူဗင်တပ်စ်တို့ အနိုင် ၃ မှတ် ထိုက်ထိုက်တန်တန် ရရှိခဲ့သလို ရော်နယ်ဒိုအတွက် ပိုပြီး ဂုဏ်ယူစရာကောင်းတဲ့ မှတ်တမ်းတွေလည်း ဒီပွဲအပြီးမှာ ရရှိခဲ့ပါတယ်။ ပထမဆုံးရရှိခဲ့တဲ့ စံချိန်ကတော့ ရော်နယ်ဒိုအနေနဲ့ ရင်ဆိုင်ခဲ့သမျှ စီးရီးအေ ပြိုင်ဘက် အသင်းတိုင်းကို ဂိုးသွင်းနိုင်ခဲ့မှုပဲ ဖြစ်ပါတယ်။ နောက်ထပ် စံချိန် တစ်ခုကတော့ စီးရီအေ သမိုင်းတလျောက်မှာ သွင်းဂိုး (၇၀) ကို အမြန်ဆုံးပြည့်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပြီး ဂျူဗင်တပ်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး စာရင်းမှာလည်း အင်ဇာဂီရဲ့ (၈၉) ဂိုးကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်ရပ်တည်နိုင်ခဲ့ပြီလည်း ဖြစ်သလို အင်ဇာဂီထက် (၄၈) ပွဲလျော့ကစားပြီးချိန်မှာတင် ကျော်ဖြတ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုရဲ့ ခေါင်းတိုက် သွင်းဂိုးအရေအတွက်ဟာလည်း (၁၃၃) ဂိုးအထိရှိလာခဲ့ပြီ ဖြစ်သလို ဒါဟာ ဘောလုံးသမိုင်းတလျောက် အများဆုံး စံချိန်တစ်ခုလည်း ဖြစ်ပါတယ်။ နောက်ဆုံး ဂုဏ်ယူစရာ စံချိန်တစ်ခုကတော့ ဒီရာသီ တစ်ဝက်မှာတင် သွင်းဂိုး (၂၅) ဂိုးအထိ သွင်းယူနိုင်ခဲ့မှုနဲ့ အတူ ဘောလုံးသမိုင်းတလျောက် (၁၄) ရာသီဆက် (၂၅) ဂိုးနဲ့အထက် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမား အဖြစ်ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ခရိုတိုနီကတော့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၂၀ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဂျူဗင်တပ်စ်တို့ လာမယ့် ပွဲစဉ်အဖြစ် စီးရီးအေမှာ ဟဲလက်စ် ဗီရိုနာနဲ့ ကစားဖို့ ရှိနေပြီး ခရိုတိုနီကတော့ ကက်ဂလီယာရီနဲ့ ကစားဖို့ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်