နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒုတိယ ပိုင်းသွင်းဂိုးတွေနဲ့ အဝေးကွင်းနိုင်ပွဲရတဲ့ ရိုးမား – ယူရိုပါလိဂ် ပွဲပြီးသုံးသပ်ချက်

အေဂျက်စ် ၁ – ၂ ရိုးမား

အေဂျက်စ်နဲ့ ရိုးမားတို့ရဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ် မှာတော့ ရိုးမားတို့ အပိုင်အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့လို့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့အတူ အဝေးကွင်းမှာ အနိုင်ရသွားခဲ့ပါတယ်။ အေဂျက်စ်တို့ တစ်ပွဲလုံး အတိုင်းအတာနဲ့ ရိုးမားဘက်ကို အသာစီးရခဲ့ပေမယ့် အဆုံးသတ်သေချာမှုအပိုင်းမှာ ရိုးမားကို မယှဉ်နိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

အေဂျက်စ်တို့ ဒီနေ့ပွဲမှာ တာဒစ်၊ ကလာဆန်၊ အန်တိုနီ၊ တင်မ်ဘာ၊ မာတီနက်ဇ်၊ နီရက်စ်တို့ကို ပွဲထွက်ကစားစေပြီး တိုက်စစ် အသားပေး ၄-၃-၃ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ ရိုးမား ဘက်မှာလည်း တိုက်စစ်က ဒီဂျက်ကို ဦးဆောင်လာပြီး ပယ်လီဂရီနီ၊ ဗယ်ရီတောက်၊ အိုင်ဘန့်ဇ်၊ စပင်နာဇိုလာ တို့လို ကစားသမားကောင်းတွေ များစွာနဲ့ အိမ်ရှင် အသင်းကို ရင်ဆိုင်ခဲ့ပါတယ်။ ပွဲစတာနဲ့ နှစ်သင်းစလုံး ဂိုးရဖို့ အဓိက ဦးတည်ကစားခဲ့ကြပြီး ပထမပိုင်းမှာ အေဂျက်စ်တို့ တိုက်စစ်က တော်တော်လေး ကောင်းမွန်ခဲ့ပါတယ်။ ပွဲချိန် ၃၉ မိနစ်မှာ အေဂျက်စ်တို့ ဦးဆောင်ဂိုး ရခဲ့ပြီး ကလာဆန်က တာဒစ်နဲ့ အပေးအယူလုပ်ပြီး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ချေပဂိုးရဖို့ ရိုးမားတို့ တိုက်စစ်ကို တဟုန်ထိုး တင်ကစားခဲ့ပြီး ပြိုင်ဘက်နောက်တန်းကို တော်တော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။ ပွဲချိန် ၅၃ မိနစ်မှာ အေဂျက်စ် ပင်နယ်တီရခဲ့ပေမယ့် တာဒစ်ရဲ့ ကန်ချက်ကို ရိုးမား ဂိုးသမား လိုပက်ဇ် ကာကွယ်ခဲ့လို့ အိမ်ရှင်တို့ နောက်ထပ်သွင်းဂိုး တစ်ဂိုးနဲ့ လွဲချော်ခဲ့ပါတယ်။ ပွဲချိန်ကြာလာတာနဲ့ အမျှ အချိတ်အဆက် ပိုမိလာတဲ့ ရိုးမားတို့ ၅၇ မိနစ်မှာ ချေပဂိုး ပြန်ရသွားပါတယ်။ ဒီဂိုးကိုတော့ လော်ရန်ဇို ပယ်လီဂရီနီက သွင်းယူပေးခဲ့တာပါ။ အဲ့နောက် ဒီဂျက်ကို အစား မိုယိုရဲလ်၊ ဗယ်ရီတောက်အစား ဗေလာ ဝင်ကစားပြီး ရိုးမားတို့ တိုက်စစ် မြှင့်ခဲ့ပါတယ်။ ပေါလ်လို ဖွန်ဆီကာရဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်လို့ ပြောရမှာ ဖြစ်ပြီး ပွဲပြီးခါနီး ၃ မိနစ်အလိုမှာ ရိုးမား တို့အနိုင်ဂိုးရခဲ့ပါတယ်။ ဒီဂိုးကိုတော့ အိုင်ဘန့်ဇ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ပွဲထက် အဝေးဂိုး ၂ ဂိုးပါ လိုက်ပွဲယူသွားသေးတာကြောင့် အေဂျက်စ် ကတော့ ယူရိုပါလိဂ် နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက်တွေ ဝေဝါးသွားခဲ့ရပါတယ်။
ပြိုင်ပွဲစုံ ၂၄ ပွဲဆက် ရှုံးပွဲမရှိ စံချိန် ကျိုးပျက်ခဲ့ရတဲ့ အေဂျက်စ်

ပွဲပြီးသုံးသပ်ချက်

ရိုးမားတို့ ပြီးခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက်အဆင့်တွေမှာလည်း တိုက်စစ်ထက်မြတ်မှုနဲ့ အတူ ဂိုးပြတ်နိုင်ပွဲတွေ အသီးသီး ရရှိခဲ့ပြီး ဒီနေ့ပွဲမှာလည်း ရိုးမားတို့ အပိုင်အခွင့်အရေးတွေကို အမိအရအသုံးချပြီး နို်ငပွဲတစ်ပွဲ ရယူနိုင်ခဲ့ပြန်ပါတယ်။ နိုင်ပွဲထက် အဝေးဂိုး ၂ ဂိုးပါ လိုက်ပွဲယူသွားသေးတာကြောင့် အေဂျက်စ် ကတော့ ယူရိုပါလိဂ် နောက်တစ်ဆင့် တက်ဖို့ မျှော်လင့်ချက်တွေ ဝေဝါးသွားခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှု အသားပေးကစားခဲ့တဲ့ အေဂျက်စ် ကတော့ ကစားပုံ သာခဲ့တာက လွဲလို့ တခြားဘာမှမတတ်နိုင်ခဲ့ပါဘူး။

 

လာမယ့်ပွဲစဉ်များ

အေဂျက်စ်တို့ လာမယ့် ရက်မှာ အမှတ်ပေးပြိုင်ပွဲ ဆက်လက်ကစားဖို့ ရှိပြီး ရိုးမားကတော့ ဘိုလော့ဂ်နာနဲ့ စီးရီးအေ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ် ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ လာမယ့် ဧပြီလ ၁၆ ရက်နေ့မှာ ပြန်ကစားမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်