ရိုးမား – စပီဇီယာ
လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့ စနေနေ့မှာတော့ ရိုးမားနဲ့ စပီဇီယာတို့ ကစားမယ့် စီးရီးအေ ပွဲစဉ်ရှိနေပါတယ်။ ရိုးမားတို့ အနီးကပ်ဆုံး ကိုပါအီတလီယာဖလား ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ စပီဇီယာကို ပူပူနွေနွေး အရေးနိမ့်ထားခဲ့လို့ အခုပွဲစဉ်မှာ ပြန်ပြီး လက်စားချေနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။
ရိုးမားတို့ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ လာဇီယိုကို ၃ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ကိုပါအီတလီယာဖလား ရှုံးထွက်ပွဲစဉ်မှာ စပီဇီယာကို အိမ်ကွင်းမှာ ထပ်မံရှုံးနိမ့်ထားခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာဆိုရင် ရိုးမားတို့ မထင်မှတ်ပဲ ပွဲစကတည်းက ဦးဆောင်ဂိုးပေးခဲ့ရလို့ တောက်လျောက် ကစားပုံ ပျက်သွားပြီး ပွဲအပြီးမှာ ၂-၄ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့လို့ ပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရပါတယ်။ လက်ရှိ ပြိုင်ပွဲစုံ ၃ ပွဲဆက် အရေးနိမ့်ထားခဲ့တဲ့ ရိုးမားတို့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၄ နေရာကို ရောက်ရှိနေခဲ့ပြီး ထိပ်ဆုံးက အေစီမီလန်နဲ့ ၆ မှတ်အထိ ကွာဟနေခဲ့ပါတယ်။ အင်တာမီလန်ကို သရေကျခဲ့တဲ့ ပွဲစဉ်မှာ ရိုးမား ကစားသမားတွေရဲ့ ပွဲပန်းမှုကို စတင်မြင်တွေ့ခဲ့ရပြီး အဲ့နောက်မှာတော့ တောက်လျောက် ရလဒ်တွေ ဆိုးရွားခဲ့ပါတယ်။ ရိုးမားတို့ရဲ့ ဒီရာသီ စီးရီးအေ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၆ ပွဲနိုင်၊ ၃ပွဲသရေကျပြီး ရှုံးပွဲလုံးဝမရှိတာ တွေ့ရပါတယ်။ ရိုးမား နောက်တန်းက မန်စီနီ ပွဲပယ်ပြစ်ဒဏ်ကြောင့် အခုပွဲမှာ ပါဝင်လာနိုင်ဖို့ မရှိပေမယ့် တိုက်စစ်မှူးကြီး အီဒင်ဒီဂျက်ကို ဦးဆောင်ပြီး မက်ခီတာရန်၊ ပယ်လီဂရီနီ၊ ဗယ်ရီတောက်၊ ဗေလာ၊ အိုင်ဘန့်ဇ်၊ ခရစ္စ စမောလင်းတို့လို ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာနိုင်ပါတယ်။
စပီဇီယာတို့ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲဆက်တိုက် ရှုံးပွဲလုံးဝမရှိပဲ ၃ ပွဲနိုင်ပြီး ၁ ပွဲသရေကျထားပါတယ်။ စပီဇီယာတို့ နာပိုလီကို အနိုင်ရခဲ့တဲ့ ပွဲအပြီးကတည်းက တစ်သင်းလုံး စိတ်ဓာတ်ပိုင်း မြင့်တက်သွားပုံပေါ်ပါတယ်။ လက်တလောမှာ အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ၁၈ ပွဲကစားရာမှာ ၄ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၈ ပွဲရှုံးနိမ့်ပြီး ရမှတ် ၁၈ မှတ်ရရှိထားပါတယ်။ ဒီရာသီ အဝေးကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ စပီဇီယာတို့ ၉ ပွဲကစားရာမှာ ၃ ပွဲနိုင်၊ ၃ ပွဲရှုံးပြီး ၃ ပွဲသရေကျထားပါတယ်။ လက်ရှိမှာ အသင်းရဲ့ အဓိကကစားသမားတွေ ဒဏ်ရာရရှိနေလို့ ရိုးမားကွင်းမှာ ကိုပါအီတလီယာ ဖလားတုန်းကလို နိုင်ပွဲရှာဖွေနိုင်ဖို့ ဆိုတာ လွယ်ကူမယ် မထင်ပါဘူး။
ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း
ရိုးမားနဲ့ စပီဇီယာတို့ သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်သာ ရှိခဲ့ပြီး ၂ ကြိမ်စလုံးမှာ စပီဇီယာက ၂-၄ ရလဒ်တွေနဲ့ အနိုင်ရထားပါတယ်။ ပထမတစ်ကြိမ် ၂၀၁၅ ခုနှစ်က ကိုပါအီတလီယာဖလား တွေ့ဆုံမှုမှာ စပီဇီယာတို့ ပင်နယ်တီနဲ့ အနိုင်ရပြီး ပြီးခဲ့တဲ့တွေ့ဆုံမှုမှာတော့ အချိန်ပိုမှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ရိုးမား – စပီဇီယာ | 1X2 အိမ်ရှင် @ ၁.၃၃ဆ | |
ဇန်နဝါရီလ ၂၃ရက်, ည၈:၃၀ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၁.၃၃ဆနဲ့ဧည့်သည်အသင်းအတွက် ၈.၀၀ဆ ကြေးဖွင့်ပြီးသရေအတွက် ၅.၅၀ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ ပြီးခဲ့တဲ့ ကိုပါအီတလီယာဖလား ပူပူနွေးနွေး တွေ့ဆုံထားမှုမှာ စပီဇီယာတို့ အနိုင်ရထားခဲ့တယ်ဆိုပေမယ့် အခုတစ်ကြိမ်တွေ့ဆုံမှုမှာတော့ ရိုးမားတို့ ကျိန်းသေပေါက် အားထည့် ကစားလာနိုင်လို့ စပီဇီယာတို့ လွယ်ကူမှာ မဟုတ်ပါဘူး။ လူစုံတက်စုံ ပွဲထွက်လာမယ့် ရိုးမားတို့ပဲ အိမ်ကွင်းမှာ ၂-၁ လောက်နဲ့ အနိုင်ရသွားပါလိမ့်မယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.