နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စံချိန်ဟောင်းတွေကို လိုက်မီပြီး ဆီဗီလာတို့ အောင်ပွဲခံခဲ့တဲ့ ပွဲစဉ် ၁၈ – လာလီဂါ ပွဲပြီးသုံးသပ်ချက်

ဆီဗီလာ ၃ – ၂ ရီးရဲယ်ဆိုစီဒက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၁၈ ရဲ့ ပွဲတစ်ပွဲမှာတော့ ဆီဗီလာက တိုက်စစ်မှူး ယူဆက်ဖ် အန်နက်ဆရီရဲ့ ဟက်ထရစ်နဲ့ အတူ အိမ်ရှင် ရီးရဲယ်ဆိုစီဒက်ကို ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုပွဲအပြီးမှာ ဆီဗီလာနဲ့ ရီးရဲယ်ဆိုစီဒက်တို့ အနေနဲ့ ၁၉၈၈ ခုနှစ်က အက်စပန်ညိုနဲ့ ဗယ်လာဒိုးလစ်တို့ တင်ထားခဲ့တဲ့ ပွဲချိန် အစောပိုင်းအတွင်း နှစ်သင်းပေါင်း  ၄ ဂိုးသွင်းအထိ သွင်းယူနိုင်ခဲ့တဲ့ စံချိန်ကိုလည်း လိုက်မီခဲ့ကြပါတယ်။

ဆီဗီလာတို့ အခုပွဲမှာ အိမ်ကွင်းအားသာချက်နဲ့ အတူ လာလီဂါ အမှတ်ပေးဇယား ထိပ်ပိုင်းက အသင်းတွေနဲ့ ရမှတ် ကွာဟချက် လျှော့ချနိုင်ဖို့ အတွက် ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပေမယ့် ရီးရဲယ်ဆိုစီဒက်မှာတော့ ဆိုလာ၊ ဒါးဗစ်ဆေးလ်ဗား၊ ပက်ချီကို၊ ဆန်ဂါလီ၊ မွန်ရီရယ်တို့ ဒဏ်ရာရရှိနေလို့ ပါဝင်လာခြင်းမရှိခဲ့ပါဘူး။ ပွဲအစ ၄ မိနစ်မှာတင် အိမ်ရှင် ဆီဗီလာတို့ ဦးဆောင်ဂိုး ရရှိခဲ့ပြီး တိုက်စစ်မှူး အန်နက်ဆရီက ဖာနန်ဒိုရဲ့ ပေးပို့မှုကနေ အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပွဲချိန် ၅ မိနစ်မှာတော့ ဆီဗီလာ နောက်ခံလူ ဒီယေဂို ကားလို့စ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှုကြောင့် ဆိုစီဒက်တို့ ချေပဂိုးပြန်လည် ရရှိခဲ့ပါတယ်။ နောက်ထက် ၂ မိနစ်အကြာမှာတော့ ဆီဗီလာ တိုက်စစ်မှူး အန်နက်ဆရီကပဲ တစ်ကိုယ်တော် စွမ်းရည်နဲ့ ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပေမယ့် ပွဲချိန် ၁၄ မိနစ်မှာတော့ ဆီုစီဒက်တို့ ချေပဂိုး ထပ်ရခဲ့ပြီး အိုရာဇာဘယ်ရဲ့ ဖန်တီးပေးပို့မှုကနေ အလက်ဇန်းဒါး အိုင်ဇက်ခ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပြီး တစ်ဖက် ၂ ဂိုးစီနဲ့  ပထမပိုင်း ပွဲပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်စလို့ ၁ မိနစ်အကြာမှာတင် ဆီဗီလာတို့ နောက်ထပ် သွင်းဂိုး ၁ ဂိုး ထပ်ရခဲ့ပြီး အန်နက်ဆရီကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် မိနစ် ၉၀ ပြည့်ချိန်အထိ ရီးရဲယ်ဆိုစီဒက်စ်တို့ ချေပဂိုး သွင်းယူနိုင်ခြင်း မရှိတော့လို့ ၃-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ရီးရဲယ်ဆိုစီဒက်ကတော့ လာလီဂါ ၂ ပွဲဆက် နိုင်ပွဲ ပြန်လည် ပျောက်ဆုံးခဲ့ရပြန်လို့ ၁၉ ပွဲအထိ ကစားပြီး ရမှတ် ၃၀ နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
နောက်ပိုင်းကစားတဲ့ လာလီဂါပွဲစဉ်တွေမှာ ခြေစွမ်းကျဆင်းနေတဲ့ ရီးရဲယ်ဆိုစီဒက်

အခုပွဲအပြီးမှာ ဆီဗီလာတို့ လာလီဂါမှာ ၁၆ ပွဲကစားပြီး ရမှတ် ၃၀ အထိ ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် ၄ နေရာက အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၆ နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ ရီးရဲယ်ဆိုစီဒက်ကတော့ လာလီဂါ ၂ ပွဲဆက် နိုင်ပွဲ ပြန်လည် ပျောက်ဆုံးခဲ့ရပြန်လို့ ၁၉ ပွဲအထိ ကစားပြီး ရမှတ် ၃၀ နဲ့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဒီပွဲမှာတော့ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပြီး ဆီဗီလာတို့ ဂိုးပေါက်တည့်မှု အကြိမ်အရေအတွက် ပိုသာခဲ့သလို ဘောလုံး ပိုင်ဆိုင်မှု လည်း ၆၀/၄၀ လောက် အထိ အသာစီးရယူပြီး ကစားနိုင်ခဲ့ပါတယ်။ ရီးရဲယ်ဆိုစီဒက် တို့ ဒီပုံအတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ ပွဲပိုတွေ ကစားပြီး ရမှတ်တွေလည်း ဆက်တိုက် ဆုံးရှုံးရဖို့ ရှိနေတာကြောင့် အင်မနောလ် အလ်ဂူယာစေလ် အနေနဲ့ ပြန်လည်သုံးသပ်ဖို့တော့ လိုအပ်နေခဲ့ပါပြီ။

 

လာမယ့်ပွဲစဉ်များ

ဆီဗီလာတို့ လာမယ့် လာလီဂါ ပွဲစဉ်မှာတော့ အက်တလက်တီကို မက်ဒရစ်နဲ့ ကစားရဖို့ ရှိနေပြီး ရီးရဲယ်ဆိုစီဒက် ကတော့ ဘာစီလိုနာနဲ့ စပိန်စူပါဖလား ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်