နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗင်နီရဲ့ တောက်ပမှုနဲ့ ဘာဆာကို အမှောက်သိပ်ပြီး ဖလားသိမ်းခဲ့တဲ့ ရီးရဲလ် | စပိန် စူပါဖလား (ပွဲပြီးသုံးသပ်ချက်)

ဒီကနေ့ မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ စပိန် စူပါဖလား ဗိုလ်လုပွဲ မှာတော့ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၄-၁ ရလဒ်နဲ့ ဂိုးပြတ် ချေမှုန်းပြီး ဒီရာသီ အတွက် ပွဲဦးထွက် ဆုဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ဘာစီလိုနာနဲ့ (၉) ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ရာ (၇) ကြိမ် အထိ အနိုင်ရရှိခဲ့ပြီး အသင်း အတွက် (၁၃) ကြိမ်မြောက် စပိန် စူပါဖလားကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ နှစ်သင်းစလုံး အဓိက ကစားသမား တချို့ ဒဏ်ရာကြောင့် လွဲချော်ခဲ့ပေမယ့် အတောင့်တင်းဆုံး လူစာရင်း ပွဲထွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ရီးရဲလ် ဘက်မှာ အလာဘာ၊ မီလီတာအို၊ ဗက်ဇ်ကွက်ဇ်၊ ကော့တွာစ် တို့ မပါခဲ့သလို ဘာဆာ ဘက်မှာလည်း ဂါဗီ၊ မာတီနက်ဇ်၊ ကန်ဆယ်လို၊ တာစတီဂျန်၊ အလွန်ဆိုနဲ့ ရာဖင်ညာတို့ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။

ဒါပေမယ့်လည်း ဒီနေ့ပွဲမှာ ရီးရဲလ်မက်ဒရစ်ရဲ့ အကောင်းဆုံး ပုံစံ တစ်ခုကို မြင်တွေ့ခဲ့ရပြီး ပွဲကစားချိန် (၁၀) မိနစ် မပြည့်ခင်မှာတင် ဗင်နီးစီးယပ်စ် ဂျူနီယာက နှစ်ဂိုး သွင်းခဲ့တာကြောင့် ဘာစီလိုနာတို့ ရုန်းကန်ခဲ့ရပါတယ်။ လီဝမ်ဒေါစကီး ချေပဂိုး တစ်ဂိုး ပြန်သွင်းခဲ့ပေမယ့် ပွဲချိန် ၃၉ မိနစ်မှာ ခြေစွမ်းပြနေတဲ့ ဗင်နီးစီယပ်စ် ကပဲ ပင်နယ်တီက တဆင့် ဟက်ထရစ်သွင်းသွားခဲ့လို့ ပထမပိုင်း အပြီးမှာ ၃-၁ နဲ့ ရီးရဲလ်တို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ပွဲချိန်အတွင်းမှာ ဘရာဇီးလ်သား နှစ်ယောက် ဖြစ်တဲ့ ဗင်နီးစီးယပ်စ်နဲ့ ရိုဒရီဂို တို့ရဲ့ မွှေနောက်ထိုးဖောက်မှုတွေကြောင့် ဘာစီလိုနာ နောက်တန်းက တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဘာဆာတို့ အခွင့်အရေးရရင် ရသလို ရီးရဲလ် နောက်တန်းကို ကျော်ဖြတ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် လူနင်ရဲ့ ကာကွယ်မှုတွေကြောင့် အရာမထင်ခဲ့ပါဘူး။

ပရီးမီးယားလိဂ်
ရှက်ဖီး ယူနိုက်တက်
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 သရေ (Draw) @ 3.11
ဂိုးပေါ် 2.50@ 2.06
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အဲ့နောက် ရိုဒရီဂိုက ပွဲချိန် ၆၄ မိနစ်မှာ အနိုင်သေချာစေမယ့် ဂိုးသွင်းယူခဲ့သလို ပွဲချိန် ၇၁ မိနစ် မှာတော့ အာရူဟို နှစ်၀ါ တစ်နီ နဲ့ အထုတ်ခံခဲ့ရလို့ ဘာစီလိုနာတို့ မျှော်လင့်ချက်မဲ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲကို လာရောက် ကြည့်ရှုခဲ့တဲ့ ဥက္ကဌ လာပေါ်တာနဲ့ နည်းပြ ဇာဗီရဲ့ မျက်နှာ ညှိုးနေခဲ့ရပြီး အစဉ်အလာ ပြိုင်ဘက်ရဲ့ အမဲဖြတ် အနိုင်ယူမှုကြောင့် ဘာစီလိုနာတို့ ရှုံးချက်နာခဲ့ရတယ် ဆိုရင်လည်း မမှားပါဘူး။ ရီးရဲလ်ဟာ ဘာစီလိုနာနဲ့ စပိန် စူပါဖလား ဗိုလ်လုပွဲ ထိပ်တိုက် တွေ့ဆုံမှု (၉) ကြိမ်မှာ (၇) ကြိမ် အထိ အနိုင်ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဗင်နီးစီးယပ်စ် ဆိုရင် သူ့ရဲ့ Idol ရော်နယ်ဒို ရှိရာ ဆော်ဒီမြေမှာ အလှပဆုံး အောင်ပွဲဆင်နိုင်ခဲ့သလို ကျောနံပါတ် ၇ ဝတ်ဆင် ကစားတဲ့ ဘရာဇီးလ်သားဟာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ၇ မိနစ်မှာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပြီး ရော်နယ်ဒိုရဲ့ Siuuu အောင်ပွဲခံဟန်နဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။

ဒါ့အပြင် ဗင်နီးစီးယပ်စ်ဟာ ဘာစီလိုနာနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ ဟက်ထရစ် သွင်း‌ယူနိုင်တဲ့ ပထမဆုံး ဘရာဇီးလ် လူမျိုး ကစားသမား ဖြစ်လာခဲ့ပြီး စပိန် စူပါဖလား အက်ကလက်စီကို ပွဲစဉ်မှာ ဟက်ထရစ် သွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ်လည်း စံချိန်ကောင်းတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

ဒီရာသီ အတွက် ဖလား တစ်လုံး စတင်ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ဇန်နဝါရီ ၁၉ ရက်နေ့မှာ မြို့ခံ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်နဲ့ ကိုပါဒယ်ရေး ရှုံးထွက် ကစားဖို့ ရှိနေပါတယ်။ တစ်ဖက်က ဘာစီလိုနာ ကလည်း အသင်းငယ်လေး ယူနီယံနီစတက်ဒီဆယ်လာမန်ကာနဲ့ ကိုပါဒယ်ရေး ရှုံးထွက်ပွဲစဉ်ပဲ ကစားရဖို့ ရှိပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်