နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်ဒရစ်ဒါဘီမှာ အကောင်းဆုံး အမြတ်ထုတ်သွားနိုင်တဲ့ ရီးရဲယ်မက်ဒရစ် – လာလီဂါ ပွဲပြီးသုံးသပ်ချက်

ရီးရဲယ်မက်ဒရစ် ၂ – ၀ အက်သလက်တီကိုမက်ဒရစ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါ မက်ဒရစ်ဒါဘီပွဲစဉ်မှာ ရီးရဲယ်မက်ဒရစ် အသင်းက ၂-ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ဟာ ရီးရဲယ်မက်ဒရစ်တို့အတွက် အတိုင်းအတာ တစ်ခုအထိ ‌အရေးပါခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးက အသင်းတွေနဲ့ ရလဒ်ကွာဟချက် ကျဉ်းမြောင်းလာခဲ့့ပါတယ်။

အစဉ်အလာအရ လာလီဂါမှာ ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိခဲ့ပြီး ရလဒ်ပိုင်းသာမက ဂုဏ်သိကာအတွက်ပါ အားစိုက်ကစားကြတဲ့ ဒီနှစ်သင်းဟာ ရမှတ်ညီညီမျှမျှ ခွဲယူဖို့ထက် အနိုင် ၃မှတ်သေချာဖို့ ရည်ရွယ်ပြီး ကစားခဲ့ကြပါတယ်။ ဒီပွဲမတိုင်ခင်က နှစ်သင်းစလုံး ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ အာရုံစိုက်ခဲ့ရလို့  ပွဲပန်းခဲ့ကြပေမယ့် အဓိကကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး အက်တလက်တီကိုမက်ဒရစ်မှာ ဆွာရက်ဇ်၊ ဂျာအိုဖီးလစ်၊ ကာရက်စ်ကို၊ ဆာဗစ်၊ လော်ရန်တေးတို့လို ကစားသမားကောင်းတွေ ပါဝင်လာခဲ့ပါတယ်။ အိမ်ရှင် ရီးရဲယ်မက်ဒရစ် မှာ ဘင်ဇီမာ၊ လူးကပ်စ် ဗက်စ်ကွက်စ်၊ ဗင်နီးစီးယပ်စ်၊ ကတ်စီမီရို၊ တိုနီခရူးစ်၊ ဗာရန်း၊ ရာမို့စ် တို့ပါဝင်လာခဲ့ပါတယ်။ နှစ်သင်းစလုံး ပွဲစတာနဲ့ အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြပေမယ့် ထိရောက်တဲ့ အားထုတ်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်းမရှိပဲ ဂိုးပေါက် ခြိမ်းခြောက်မှုမှာ အိမ်ရှင်အသင်းက ၁၁ ကြိမ်၊ ဧည့်သည်အသင်းကတော့ ၅ ကြိမ်ပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်တို့ ပွဲချိန် ၁၅ မိနစ်မှာတင် ဦးဆောင်ဂိုးရရှိပြီး တိုနီခရူးစ်ရဲ့ ထောင့်ကန်ဘော ကန်တင်ပေးပို့မှုကို ကတ်စီမီရို ခေါင်းတိုက်သွင်းယူပြီး အကောင်းဆုံး အဆုံးသတ်ပေးခဲ့ပါတယ်။ အဲ့နောက်မှာတော့ နှစ်သင်းစလုံး အနိုင်ဂိုးနဲ့ ချေပဂိုးတွေ ရဖို့ ကြိုးပမ်းခဲ့ကြပေမယ့် ကွင်းလယ်မှာပဲ အပျက်များနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ရီးရဲယ်မက်ဒရစ်တို့ ပိုမို ဖိအားပေး  ကစားနိုင်ခဲ့ပြီး ဂျန်အိုဘလက်ခ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ရီးရဲယ်တို့ နောက်ထပ်ဂိုး ၁ ဂိုး ရခဲ့ပါတယ်။ အဲ့နောက်မှာတော့ နှစ်သင်းစလုံး သွင်းဂိုးတွေ ထပ်မရခဲ့လို့ ၂-၀ နဲ့ပဲ ရီးရဲယ်မက်ဒရစ်တို့ အနိုင်ရခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးက ရီးရဲယ်ဆိုစီဒက်စ်၊ အက်တလက်တီကို မက်ဒရစ်တို့ နောက်မှာ ဆက်လက်ရပ်တည်ခွင့်ရခဲ့ပါတယ်။
လာလီဂါမှာ နိုင်ပွဲဆက်မှု စံချိန် ရပ်တန့်ခဲ့တဲ့ အက်တလက်တီကို မက်ဒရစ်

အခုတစ်ခါ မက်ဒရစ်ဒါဘီကတော့ အရင်တွေ့ဆုံမှုတွေတုန်း ကလောက် ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းမရှိခဲ့ပေမယ့် နှစ်သင်းစလုံး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံး လုပ်ခဲ့ကြပြီး အဆုံးသတ်သေချာတဲ့ အသင်းက အနိုင်ရသွားတယ် လို့ ဆိုရမှာ ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ်တို့ အရှေ့ပွဲစဉ် တွေတုန်းက တောက်လျောက် ခြေစွမ်းပိုင်း ယိမ်းယိုင်ခဲ့တယ် ဆိုပေမယ့်‌ နောက်ပိုင်းပွဲစဉ်တွေမှာတော့ ခြေပြန်မှန်နေပြီး ချန်ပီယံလိဂ်မှာလည်း နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သလို အခုပွဲမှာလည်း အကောင်းဆုံး လုပ်ဆောင်ပြနိုင်ခဲ့ပါတယ်။ အက်တလက်တီကို မက်ဒရစ်ကတော့ ပြိုင်ပွဲစုံ ၁၁ ပွဲ ဆက်တိုက် နိုင်ပွဲဆက်မှု ရပ်တန့်ခဲ့ရပြီး အမှတ်ပေးဇယား ထိပ်ပိုင်းမှာ အမှတ်ဖြတ် ဦးဆောင်ခွင့်လည်း ဆုံးရှုံးခဲ့ရပါတယ်။ ရီးရဲယ်မက်ဒရစ် အတွက်ကတော့ တစ်ပွဲလျော့ ၃ မှတ်အကွာနဲ့ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးက ရီးရဲယ်ဆိုစီဒက်စ်၊ အက်တလက်တီကို မက်ဒရစ်တို့ နောက်မှာ ဆက်လက်ရပ်တည်ခွင့်ရခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အက်တလက်တီကို မက်ဒရစ်ကတော့ လာမယ့်ရက်မှာ အောက်တန်း အသင်းတစ်သင်းဖြစ်တဲ့ ကာဒက်ဆာ အသင်းနဲ့ ကိုပါဒယ်ရေးပွဲစဉ် ကစားရဖို့ရှိနေပြီး ရီးရဲယ်မက်ဒရစ်ကတော့ လာမယ့် ကြားရက်မှာ အက်သလက်တစ်ဘီလ်ဘာအို အသင်းနဲ့ လာလီဂါပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်