နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

El Clasico နောက်ဆုံး ၃ ပွဲဆက် အောင်ပွဲခံတဲ့ ရီးရဲယ်မက်ဒရစ် – လာလီဂါ ပွဲပြီး သုံးသပ်ချက်

ရီးရဲယ်မက်ဒရစ် ၂ – ၁ ဘာစီလိုနာ

အခုတစ်ပတ် လာလီဂါ ရဲ့ အကောင်းဆုံး ပွဲစဉ်ဖြစ်တဲ့ El Clasico ဒါဘီမှာ ရီးရဲယ်မက်ဒရစ်တို့ ဘာစီလိုနာကို ကာရင်ဘင်ဇီမာ၊ တိုနီခရူးစ် တို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီရလဒ်ကြောင့် အသင်း ၃ သင်း အပြိုင်ဖြစ်နေတဲ့ လာလီဂါ ချန်ပီယံလုပွဲဟာ ဇာတ်ရှိန် ပိုမြင့်သွားခဲ့ပြီး လက်ကျန် ပွဲစဉ်တွေဟာ ရာသီကုန်ခါနီးလေ ပိုပြီး ရင်ခုန်စရာ ကောင်းလေ  ဖြစ်လာဦးမှာ ပါ။

ဇီဒန်းရဲ့ ရီးရဲယ်မက်ဒရစ်ဟာ ဒီနေ့ပွဲမှာ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး ရော်နယ်ကိုးမန်းရဲ့ ဘာစီလိုနာ ကတော့ ၃-၄-၂-၁ ကစားကွက်ကို အသုံးပြုခဲ့ပါတယ်။ နှစ်သင်းစလုံး အနိုင်အရှုံး သေချာစေဖို့ တိုက်စစ် အသားပေး ကစားစေခဲ့ပါတယ်။ အိမ်ရှင်အသင်းရဲ့ တိုက်စစ်ကို ဗယ်ဗာဒီ၊ ကာရင် ဘင်ဇီမာ၊ ဗင်နီးစီးယပ်စ် ဂျူနီယာတို့ ဦးဆောင်လာပြီး ဘာစီလိုနာ မှာတော့ ဒမ်ဘီလီကို အထောင်ထားပြီး ပက်ဒရီ၊ မက်ဆီတို့နဲ့ ဝန်းရံစေခဲ့တာ တွေ့ရပါတယ်။ ရီးရဲယ်တို့ ပြီးခဲ့တဲ့ လစ်ဗာပူးလ်နဲ့ ပွဲတုန်းကလိုပဲ ဗဟိုခံစစ် နေရာမှာ မီလီတောင်နဲ့ ဖာနန်ဒက်စ်ကို အသုံးပြုခဲ့ပါတယ်။ ပွဲစတာနဲ့ ရီးရဲယ်မက်ဒရစ်တို့ ဂိုးရဖို့ အားထုတ်ခဲ့ပြီး ဘာစီလိုနာ နောက်တန်းကို အချိန်ပြည့် အလုပ်ရှုပ်စေခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ပွဲချိန် ၁၃ မိနစ် မှာတင် ရီးရဲယ်မက်ဒရစ်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဗယ်ဗာဒီ အနေနဲ့ ဘာကာ ခံစစ်ကို ဖောက်ထွက်ပြီး ညာတောင်ပံက လူးကပ်စ် ဗက်စ်ကွက်ကို ခင်းပေးခဲ့တာကတဆင့် ဂိုးဧရိယာထဲ ပြန်ပို့ပေးတဲ့ ဘောလုံးကို ဘင်ဇီမာက နောက်ပေါက်နဲ့ လှလှပပ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ၂၆ မိနစ်မှာ ဧရိယာထိပ်မှာ ရတဲ့ ပြစ်ဒဏ်ဘောကို တိုနီကရူးစ် ကန်သွင်းရာမှာ ဒက်စ်နဲ့ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့လို့ ရီးရဲယ်မက်ဒရစ်တို့ ဘာစီလိုနာကို စောစောစီးစီး နှစ်ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ ရော်နယ် ကိုးမန်းဟာ ဂရစ်ဇ်မန်းကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့လို့ ၅၉ မိနစ်မှာတော့ နောက်ခံလူ မင်ဂွယ်ဇာက ချေပဂိုး တစ်ဂိုး ပြန်သွင်းနိုင်ခဲ့ ပါတယ်။ လက်ကျန်မိနစ်တွေမှာ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်ပြီး ဂိုးရဖို့ နီးစပ်ခဲ့ကြပေမယ့် တာစတီဂန်နဲ့ ကော့တွိုက်စ်တို့ ကာကွယ်နိုင်ခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

အခုပွဲအပြီးမှာ ရီးရဲယ်တို့ အမှတ်ပေးဇယား ထိပ်ဆုံးက အက်တလက်တီကိုမက်ဒရစ်ရဲ့ နေရာကို သိမ်းပိုက်သွားပြီး ဘာစီလိုနာ ကတော့ လာလီဂါ အဆင့် ၃ နေရာကို ပြန်ဆင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။
ိုင်ပွဲစုံ ၉ ပွဲဆက် ရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့တဲ့ ဘာစီလိုနာ

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး အပြန်အလှန်ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပိုလုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် မက်ဆီ၊ ဒမ်ဘီလီ တို့အပြင် ရီးရဲယ်က ဗင်နီးစီးယပ်စ်တို့ရဲ့ ကန်ချက်တချို့ တိုင်ထိခဲ့ကြပြီး ဂိုးသမား နှစ်ဦးစလုံးကလည်း လက်စွမ်းပြနိုင်ခဲ့ကြတာ တွေ့ရပါတယ်။ ရီးရဲယ်တို့ ဘာစီလိုနာကို ကစားပုံ မသာခဲ့ပေမယ့် တိုက်စစ်က လုပ်အားနှုန်း ပိုကောင်းခဲ့လို့ နိုင်ပွဲ ရခဲ့တာ ဖြစ်ပြီး ၂၀၀၇/၀၈ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တစ်ရာသီတည်းမှာ အယ်ကလက်စီကို နှစ်ကျော့လုံးကို အနိုင်ရတဲ့ မှတ်တမ်းကောင်း တစ်ခုကို ရီးရဲယ်မက်ဒရစ်တို့ ပြန်လည် ရရှိသွားခဲ့ပါတယ်။ ဒါ့အပြင် ရီးရဲယ်မက်ရစ်တို့ ၁၉၇၈ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် လာလီဂါ အယ်ကလက်စီကို သုံးပွဲဆက်တိုက် အနိုင်ရရှိတဲ့ မှတ်တမ်းကောင်း တစ်ခုကိုလည်းး ထပ်မံ ပိုင်ဆိုင်သွားခဲ့ပါတယ်။ အခုပွဲအပြီးမှာ ရီးရဲယ်တို့ အမှတ်ပေးဇယား ထိပ်ဆုံးက အက်တလက်တီကိုမက်ဒရစ်ရဲ့ နေရာကို သိမ်းပိုက်သွားပြီး ဘာစီလိုနာ ကတော့ လာလီဂါ အဆင့် ၃ နေရာကို ပြန်ဆင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ရီးရဲယ်မက်ဒရစ်တို့ လာမယ့် ဧပြီလ ၁၅ ရက်နေ့မှာ လစ်ဗာပူးလ်နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ကစားဖို့ ရှိနေပြီး ဘာစီလိုနာ ကတော့  ၁၈ ရက်နေ့မှ ဘီလ်ဘာအိုနဲ့ လာလီဂါ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်