နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

ဥရောပကလပ်အသင်းတွေရဲ့ ကစားသမား အပြောင်းအရွှေ့သတင်းတွေကတော့ ဒီရက်ပိုင်းထဲမှ  ဆက်တိုက်ဆိုသလို လှုပ်လှုပ်ခတ်ခတ်ရှိနေခဲ့ပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီး၊နဲ့ အာဆင်နယ်ကတော့ ကစားသမား ခေါ်ယူမှုတချို့ပြုလုပ်ထားပြီး ဖြစ်သလို နောက်ထပ်ခေါ်ယူမှုတွေ ပြုလုပ်ဖို့ ကြိုးစားနေကြတာကို တွေ့မြင်နေရပေမယ့် လက်ရှိချန်ပီယံ လစ်ဗာပူးလ် နဲ့ နာမည်ကြီး မန်ချက်စတာယူနိုက်တက် ကတော့ ကစားသမားသစ်ခေါ်ယူတဲ့ အပိုင်းမှာ အားရစရာသိပ်မရှိတာကိုတွေ့ရပါတယ်။ အခုတစ်ခါမှာတော့ နောက်ဆုံးရ ပရီးမီးယားလိဂ် အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သတ်ပြီး SBOTOP ဘောလုံးပရိသတ်တွေကို  ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
 

 
ပရီးမီးယားလိဂ် ကလပ်တွေအားလုံးထဲမှာ ချဲလ်ဆီးအသင်းကတော့ အားရစရာအကောင်းဆုံးဖြစ်ပါတယ်။ ဇီးယက်ခ်ျ နဲ့တိုင်မိုဝါနာတို့ကို ခေါ်ယူထားပြီးတဲ့နောက် ပရီးမီးယားလိဂ်ကလပ် လက်စတာစီးတီး က ဘန်ချေးလ်ဝဲလ်ကိုပါ ပေါင်သန်း ၅၀နဲ့ ခေါ်ယူထားခဲ့ပါတယ်။ အခုနောက်ဆုံးမှာတော့ နိုက်စ် အသင်းက အသက် ၂၁နှစ်အရွယ် ပြင်သစ် နောက်ခံလူ  မာလန်းဆားကို ၅နှစ်စာချုပ်နဲ့ ထပ်မံခေါ်ယူခဲ့ပြန်ပါတယ်။ ချဲလ်ဆီးအနေနဲ့ မာလန်းဆားကို လာမယ့်ရာသီမှာ အငှားထွက်ကစားစေဦးမှာ ဖြစ်ပြီး လေဗာကူဆင်က ဂျာမနီ လူငယ်ကြယ်ပွင့် ကိုင်ဟာဗက်စ်ကို ခေါ်ယူရာမှာ အပြောင်းအရွှေ့အစိတ်အပိုင်း တစ်ခု အနေနဲ့အသုံးပြုသွားဖို့ရှိနေပါတယ်။ ချဲလ်ဆီးအနေနဲ့ ကိုင်ဟာဗက်ဇ်ကို ခေါ်ဖို့ အခြေအနေကောင်းနေပြီး ပေါင်သန်း ၉၀ လောက်ပေးချေရဖွယ်ရှိနေပါတယ်။ အသင်းရဲ့ အသက် ၃၃နှစ်အရွယ် တိုက်စစ်မှူး ပီဒရိုကတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားပြီး စီးရီးအေကလပ် ရိုးမားနဲ့ ၃နှစ်စာချုပ်ချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။

အာဆင်နယ်အသင်းကတော့ အခုရာသီမှာ ချဲလ်ဆီးက ဝီလျံတစ်ဦးတည်းကိုပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားပြီး လက်ရှိမှာ လိုင်လီနောက်ခံလူ ဂါဘရီမန်ဂါလိုင်စ် နဲ့လည်း အပြောင်းအရွှေ့ အပြီးသတ် ကြေညာလာခြင်းမရှိသေးသလို အက်သလက်တီကိုက သောမက်စ်ပါတေး နဲ့လည်း မသေချာမရေရာသေးတာတွေ့ရပါတယ်။ လက်ရှိမှာတော့ ပါတေးကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်ကလပ် ဘက်က ပေါင် ၄၅သန်းထိတိုးမြှင့်ကမ်းလှမ်းထားပါတယ်။ အသင်းရဲ့ တိုက်စစ်မှူး အော်ဘာမီယန်ကိုတော့ စာချုပ်သက်တမ်းတိုးနိုင်ဖို့ သေချာသလောက်ရှိနေပြီလို့သိရပါတယ်။ တခြားသတင်းတွေအရဆိုရင် လစ်ဗာပူးလ်က စိတ်၀င်စားနေတဲ့ စပိန်ကွင်းလယ်ကစားသမား သီယာဂိုအဲလ်ကန်တာယာကို ချဉ်းကပ်နေပြီး မာဆေးလ်က မော်ဂန် ဆန်ဆွန်ကိုလည်း ၀က်စ်ဟမ်း၊ ဖူလ်ဟမ်၊ ဝုဗ်၊ ဘန်လေ တို့နဲ့ အပြိုင်စိတ်၀င်စားနေပါတယ်။ အသင်းမှာရှိတဲ့ ဥရုဂွေးကွင်းလယ်ကစားသမား တော်ရိုင်းရားနဲ့ ပြင်သစ်လူငယ်ကစားသမား မက်တီရို ဂွမ်ဒူဇီကိုတော့ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

 ဂရေးလ်လစ်ရှ်ကိုတော့ ပရီးမီးယားလိဂ်ကလပ်တော်တော်များများက ခေါ်ယူဖို့ စိတ်၀င်စားနေခဲ့တာကြာပါပြီ။

ဂျက်ဂရေးလစ်ရှ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေဆဲဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်

လက်ရှိ အပြောင်းအရွှေ့ကာလမှ ငြိမ်သက်လွန်းနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကိုတော့ ပရိသတ်တွေက အားမလိုအားမရဖြစ်နေပါတယ်။ နည်းပြ ဆိုးလ်ရှားကတော့ ဒေါ့မန်အသင်းက ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ လက်မလျှော့သေးသလို အက်စတန်ဗီလာအသင်းက ဂျက်ဂရေးလစ်ရှ် ကို ခေါ်ယူဖို့လည်း ကြိုးပမ်းချင်နေသေးတယ်လို့သိရပါတယ်။ ဂရေးလ်လစ်ရှ်ကိုတော့ ပရီးမီးယားလိဂ်ကလပ်တော်တော်များများက ခေါ်ယူဖို့ စိတ်၀င်စားနေခဲ့တာကြာပါပြီ။ လက်တလောမှာတော့ ဘာစီလိုနာက ‌ဂျူရာဒို နဲ့ ရီးရဲမက်ဒရစ်က အဲလ်ဗာရို ဖာနန်ဒက်စ်တို့ကိုတော့ လူငယ်အသင်းအတွက် ခေါ်ယူဖို့ အနီးစပ်ဆုံးအခြေအနေမှာ ရှိနေပါတယ်။ ဒါပေမယ့် အဲ့ဒီ အသက် ၁၇နှစ် ၀န်းကျင်လူငယ်ကြယ်ပွင့် နှစ်ဦးကတော့ လူငယ်အသင်းတွေ အတွက်ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ ဂိုးသမား ဒင်းန်ဟန်ဒါဆန် ကတော့ အသင်းနဲ့ ၅နှစ်စာချုပ်ချုပ်ဆိုလိုက်ပြီး လာမယ့်ရာသီမှာ နံပါတ် ဂိုးသမားနေရာအတွက် ဒီဂေးဟားနဲ့ အပြိုင်ဖြစ်လာဖို့ရှိနေပါတယ်။ နောက်ဆုံးသတင်းတွေ အရဆိုရင်လည်း ဘာစီလိုနာက ထွက်ခွာမယ့် မက်ဆီကို ၀ယ်ယူနိုင်တဲ့ ငွေကြေးရှိပေမယ့်လည်း ခေါ်ယူမှာမဟုတ်ကြောင်း ပြောကြားထားတယ်လို့သိရပါတယ်။

စပါးနည်းပြ မော်ရင်ဟိုကတော့ ဝုဗ် ညာနောက်ခံလူ ဒိုဟာတီကို ခေါ်ယူဖို့ကြိုးစားနေပြီး ဝုဗ်ဘက်ကလည်း အနည်းဆုံး ပေါင်သန်း ၂၀တန်ကြေးရှိတဲ့ အာဆင်နယ် မစ်လန်းနိုင်းလ်စ်ကို ခေါ်ယူနိုင်တာနဲ့ ရောင်းထုတ်ဖို့ အဆင်သင့်ရှိနေတယ်လို့သိရပါတယ်။ မစ်လန်းနိုင်းလ်စ်ကိုတော့ ဝုဗ်အပြင် အခုနောက်ဆုံးမှာ နယူးကာဆယ်အသင်းကပါ ကမ်းလှမ်းမှုတွေပြုလုပ်ထားတယ်လို့သိရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ်, တွစ်တာ, အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်