နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ငှက်ကြားတွေနဲ့ အတွေ့မှာ ထပ်မှားခွင့် မရှိတော့တဲ့ သရဲနီတို့ရဲ့ ပရီးမီးယားလိဂ် သိက္ခာဆယ်ပွဲ

နယူးကာဆယ် Vs မန်ချက်စတာယူနိုက်တက်

လာမယ့် အောက်တိုဘာလ‌ ၁၈ရက်နေ့၊ စနေနေ့ မြန်မာစံတော်ချိန် မနက် အစောပိုင်းမှာ နယူးကာဆယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ယှဉ်ပြိုင်ကစားဖို့ရှိနေပါ တယ်။ တော့တင်ဟမ်ဟော့စပါးကို ၁-၆ နဲ့ ရှုံးနိမ့်အပြီး အပြောင်းအရွှေ့မပိတ်မီ ကာဗာနီနဲ့ အဲလက်စ်တဲက်စ် အပါအဝင် ကစားသမားကောင်းတွေ ခေါ်ယူအားဖြည့်ထားတဲ့ မန်ချက်စတာယူနိုက်တက်တို့ ဒီရာသီမှာ ခြေတက် နေတဲ့ နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပါ့ခ်မှာ ဘယ်လိုပုံစံနဲ့ ရင်ဆိုင်လာဦးမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေ ပါတယ်။

နယူးကာဆယ်တို့ အခုနှစ် ပရီးမီးယားလိဂ် ၄ပွဲ ကစားပြီးချိန်မှာ ၂ပွဲ နိုင်၊ ၁ပွဲရှုံး၊ ၁ပွဲ သရေ နဲ့ ရမှတ် ၇မှတ် ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။ နယူးကာဆယ်တို့ ပွဲဦးထွက်မှာ ဝက်စ်ဟမ်း ကို ၂-၀ရလဒ် နဲ့ အဝေးကွင်း နိုင်ပွဲရခဲ့ပြီး ၂၀၂၀ ပရီးမီးယားလိဂ် အဖွင့်လှခဲ့ပါတယ်။ ဒုတိယပွဲစဉ်မှာတော့ ဘရိုင်တန်ကို အိမ်ကွင်းစိန့်ဂျိမ်းစ်ပါခ့်မှာ ဧည့်ခံကစားရပေမယ့် ၀-၃နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့ပါတယ်။ တတိယပွဲမှာတော့ တော့တင်ဟမ်ဟော့စပါးကို ပွဲပြီးခါနီး ပင်နယ်တီ သွင်းဂိုးကြောင့် သရေကစားနိုင်ခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ပွဲမှာတော့ ဘန်လေကို ၃ဂိုး ၁ဂိုးနဲ့ အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ပြန်ရထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ရမှတ် ၄၄မှတ်နဲ့ အဆင့် ၁၃နေရာမှာ ရပ်တည်ခဲ့တဲ့ နယူးကာဆယ်တို့ရဲ့ အိမ်ကွင်း၊ အေဝးကွင်း စွမ်းဆောင်ရည်ကတော့ တော်တော်လေး ညံခဲ့တယ်လို့ ဆိုရမှာပါ။ တစ်ချိန်က ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းဖြစ်ခဲ့တဲ့ နယူးကာဆယ်ဟာ နောက်ပိုင်းနှစ်တွေထဲမှာ တန်းဆင်းခဲ့ ရတာအပြင် တန်းပြန်တက်လာချိန်မှာ လည်း အဆင့် ၁၀အတွင်း ၀င်ဖို့တောင် ရုံးကန်နေရတဲ့ အသင်းဖြစ်ပါတယ်။ ကလပ်အပေါ် အလေးမထားတာတွေ ကြောင့် ပရိသတ်တော်တော်များများ ရဲ့ ဝေဖန်တာခံနေရတဲ့ အသင်း ပိုင်ရှင် မိုက်အက်ရှ်လေ ကတော့ လက်ရှိ အချိန်ထိ အသင်းအတွက် ပြောင်းလဲမှု တစုံတရာမှာ ပြုလုပ်ထားခြင်း မရှိသေးပါဘူး။ ဘုန်းမောက်က ကော်လမ် ဝီလ်ဆင် ၊ ဒန်နီရို့စ် တို့ကို ခေါ်ယူခဲ့တာ ကလွဲရင် ရာသီအကြို ပြင်ဆင်မှုကလည်း အားရစရာမရှိပါဘူး။ ဒါပေမယ့် ဒီရာသီ နယူးကာဆယ်ရဲ့ ခြေစွမ်း‌ကို ကြည့်မယ်ဆိုရင် ပြိုင်ပွဲစုံ နောက်ဆုံး ၇ပွဲကစား ထားတာမှာ ၄ပွဲနိုင်၊ ၂ပွဲသရေ၊ ၁ပွဲရှုံးဆိုတဲ့ ရလဒ်က မဆိုးဘူးလို့ ပြောရမှာပါ။

မန်ချက်စတာယူနိုက်တက်နဲ့ ပတ်သတ်ပြီးတော့ ပြောစရာတွေက များလွန်းနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးကို ၁-၆နဲ့ အရှက်တကွဲ ရှုံးနိမ့်ပြီး အိုလီဂန်နာ ဆိုးလ်ရှားရဲ့ နည်းစနစ်အမှား တွေနဲ့အတူ မာစီရယ်ရဲ့ ပါးနပ်မှုမရှိလို့ အနီကတ်ပြခံရတဲ့ ကိစ္စ အပါအ၀င် ဟယ်ရီမက်ဂွိုင်းရားရဲ့ အသင်းခေါင်းဆောင်‌ ကောင်း မပီသတဲ့ ပြောစကားတွေ ကတော့ လူပြောများခဲ့ပါတယ်။ ယူနိုက်တက်တို့ မနှစ်က ရာသီ ကုန်ခါနီး မှာ တောက်လျှောက် ခြေစွမ်းပြနိုင်ခဲ့လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၃ နေရာ ရပ်တည် နိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ် ၀င်ခွင့်လည်း ရထားခဲ့ပါတယ်။ လက်ရှိရာသီ မှာတော့ ၃ပွဲကစားပြီး ၁ပွဲနိုင်၊ ၂ပွဲရှုံး၊ ရမှတ် ၃မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆နေရာမှာ ရပ်တည်နေပါတယ်။ အနိုင်ရခဲ့တဲ့ပွဲက အဝေးကွင်းမှာ ဖြစ်ပေမယ့် ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ၂ပွဲ လုံးကတော့ အိမ်ကွင်း အိုးထရက်ဖိုဒ့်မှာ ကစားခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်တို့ ၃ပွဲသာ ကစားရသေးပေမယ့် ပေးဂိုး ၁၁ဂိုးအထိ ရှိ‌နေပြီး ယူနိုက်တက် ထက်ပေးဂိုး များတဲ့ အသင်းဆိုလို့ ၄ပွဲကစား၊ ၄ပွဲစလုံး ရှုံးနိမ့်ထားတဲ့ တန်းတက် ၀က်စ်ဘရွန်း ပဲရှိပါတယ်။ ခံစစ်က ဟယ်ရီမက်ဂွိုင်းယား အနေနဲ့လည်း ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေရပြီး ကြားရက်က ကစားခဲ့တဲ့ နေးရှင်းလိဂ်မှာလည်း အနီကတ်ပြသခံခဲ့ရသလို အဂ်လန်ဟာလည်း ဒိန်းမတ်ကို အရေးနိမ့်သွားခဲ့ ပါတယ်။ ယူနိုက်တက် ပရိသတ်တွေ မျှော်လင့်နေတဲ့ ကစားသမားသစ် တိုက်စစ်မှူး ကာဗာနီ အခုပွဲမှာ ပါဝင်လာ နိုင်ဦးမှာမဟုတ်သလို မာစီရယ် ပွဲပယ်ပြစ်ဒဏ်ထိထားလို့ အိုင်ဂါလို ကိုပဲ အထောင်တိုက်စစ်မှူးနေရာမှာ အသုံးပြု လာဖို့ ရှိနေပါတယ်။

၁ ပွဲနိုင်၊ ၂ပွဲရှုံး၊ ရမှတ် ၃မှတ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၁၆နေရာမှာ ရပ်တည်နေပါတယ်။
ပြီးခဲ့တဲ့ရာသီ က စိန့်ဂျိမ်းစ်ပတ်ခ်မှာ နယူးကာဆယ်ကို ရှုံးနိမ့်ထားတဲ့ ယူနိုက်တက်

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှုအရ ဧည့်သည် မန်ချက်စတာယူနိုက်တက် အတွက် နယူးကာဆယ်ဟာ ပြိုင်ဘက် မဟုတ် တာ ကြာပါပြီ။ ၂၀၁၀ ခုနှစ် နောက်ပိုင်းတွေ့ဆုံမှု ၁၉ ကြိမ်မှာ မန်ချက်စတာယူနိုက်တက်က ၁၁ ကြိမ်အနိုင်ရပြီး ၄ပွဲ သရေနဲ့ နယူးကာဆယ်က ၄ပွဲပဲ ပြန်ပြီး အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီတွေ့ဆုံမှုမှာတော့ နယူးကာဆယ်က အိမ်ကွင်းမှာ ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး ယူနိုက်တက်ကတော့ ၄-၀နဲ့ အိမ်ကွင်းမှာ ပြန်လည်အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
နယူးကာဆယ် Vs မန်ချက်စတာယူနိုက်တက် အချိန်ပြည့် 1×2 ဧည့်သည် @ ၁.၇၂ဆ
အောက်တိုဘာလ ၁၈ ရက်, မနက် ၁:၃၀နာရီ (GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင်ဘက်က ၄.၆၀ဆ ဧည့်သည်ဘက်က ၁.၇၂ ဆနဲ့ သရေအတွက် ၃.၇၀ဆ ကြေးဖွင့်ထားပါတယ်။ နယူးကာဆယ်တို့ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံချိန်တိုင်း ယှဉ်ကစားဖို့ တော်တော် လေး ခက်ခဲနေခဲ့တာ ကြာပါပြီ။ ယူနိုက်တက်တို့ ပြီးခဲ့တဲ့ စပါးပွဲမှာ ကျခဲ့တဲ့ သိက္ခာကို ပြန််ဆယ်ဖို့ နယူးကာဆယ်ကို ကျိန်းသေပေါက် အနိုင်ကစားဖို့ ပြင်ဆင်လာမှာပါ။ လက်ရှိလူစာရင်းအရ ယူနိုက်တက်တို့ ခြေကျနေရင်တောင် နယူးကာဆယ် ကို အနိုင်ကစားလို့ ရပါတယ်။ ဆိုးလ်ရှားအနေနဲ့ ဒီပွဲမှာ ထပ်ပြီးလွဲ ချော်ခွင့်မရှိတော့လို့ အနိုင် ၃မှတ်အတွက် သေချာပြင်ဆင်လာမှာပါ။ နောက်တစ်ကြိမ် မန်ချက်စတာယူနိုက်တက်ကို ယုံကြည်လိုက်ရအောင်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်