ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်ဟာ ရီးရဲလ်ဆိုစီဒက် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီ ကိုတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရှိနေတဲ့ အသင်း ဖြစ်ပါတယ်။ သတင်းတွေ ကလည်း စပိန်သားဟာ နည်းပြ မီခဲလ် အာတေးတားရဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး အရတောင် သဘောတူညီမှု ရရှိထားတယ် ဆိုပြီး ဖော်ပြနေကြတာပါ။
ဒါပေမယ့်လည်း ဆိုစီဒက် ကွင်းလယ်လူ ကတော့ လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ထက် ရီးရဲလ်မက်ဒရစ် ကိုသာ ပြောင်းရွှေ့ဖို့ ပိုမို နီးစပ်လာကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ဇူဘီမန်ဒီဟာ အာဆင်နယ်နဲ့ သတင်းတွေ မထွက်ခင် ပြီးခဲ့တဲ့နှစ် နွေရာသီ မှာလည်း လစ်ဗာပူးလ်ကို ပြောင်းရွှေ့မယ်လို့ အတည်တကျ သတင်းတွေ ထွက်ခဲ့ပြီး နောက်ဆုံးမှာ ရီးရဲလ်ဆိုစီဒက် မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့သူ ဖြစ်ပါတယ်။
လက်ရှိ မှာတော့ ဇူဘီမန်ဒီ ကိုယ်တိုင်က ဒီနွေရာသီ မှာတော့ အသင်း ပြောင်းရွှေ့ချင်နေပြီး သူ့ကို အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ် အပါအဝင် ထိပ်တန်း ကလပ် တော်တော်များများက စိတ်ဝင်စားနေတာပါ။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ အာဆင်နယ်ဟာ ဇူဘီမန်ဒီကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်ခဲ့ပြီး အာဆင်နယ် ပရိသတ်တွေ အတွက် ကျေနပ်စရာ ကောလာဟလတွေ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် အာဆင်နယ်က ဇူဘီမန်ဒီရဲ့ စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း ၆၀ ကို ပေးချေဖို့ ဝန်မလေးသလို ဆိုစီဒက်မှာ ရရှိနေတဲ့ လုပ်ခ လစာထက်လည်း ပိုပေးနိုင်တဲ့ အသင်း ဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာ အနာဂတ် အတွက် ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းချင်နေတဲ့ ရီးရဲလ်မက်ဒရစ်တို့ ဇူဘီမန်ဒီရဲ့ အပြောင်းအရွှေ့ထဲ ဝင်ရောက်လာတာကြောင့် အာဆင်နယ် အတွက် ခက်ခဲသွားရပြီး တခြားသော ပစ်မှတ်တွေကို ထပ်မံ ရှာဖွေရဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် ကတော့ တိုနီ ခရူးစ်ကို လက်လွှတ်ထားရပြီး လူကာ မိုဒရစ် ကလည်း မကြာခင် အသင်းနဲ့ လမ်းခွဲတော့မှာ ဖြစ်တာကြောင့် ကွင်းလယ်ပိုင်း အားနည်းချက်တွေကို ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် ဇူဘီမန်ဒီကို အာဆင်နယ်နဲ့ အပြိုင် ခေါ်ယူချင်နေတာ ဖြစ်ပြီး နှစ်သင်းစလုံးက လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အာမခံချက် ကိုယ်စီ ရှိနေကြတာကြောင့် ဇူဘီမန်ဒီရဲ့ ဆုံးဖြတ်ချက် ကသာ အဓိကကျနေပါတယ်။ ဒါပေမယ့်လည်း ဆုဖလား အောင်မြင်မှုကို ကြည့်မယ် ဆိုရင်တော့ ရီးရဲလ်မက်ဒရစ်က ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ထက် အာမခံချက် ပိုရှိနေပါတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ရာသီမှာ နည်းပြ အပြောင်းအလဲ ပြုလုပ်ဖွယ် ရှိနေပြီး ဇာဘီ အလွန်ဆိုက နည်းပြသစ် ဖြစ်လာဖို့ များနေပါတယ်။ ဒါ့အပြင် ဇာဘီ အလွန်ဆိုဟာ ဇူဘီမန်ဒီ လေးစားအားကျရသူ ဖြစ်တာကြောင့် ဒီအချက်တွေကြောင့် စပိန်သားဟာ အာဆင်နယ်ထက် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ပိုပြီး နီးစပ်နေပါတယ်။
ဒါပေမယ့်လည်း ဇူဘီမန်ဒီဟာ စိတ်အပြောင်းအလဲ မြန်သူ ဖြစ်တယ် ဆိုတာ ပြီးခဲ့တဲ့ ရာသီက အခြေအနေကို ကြည့်တာနဲ့ သိနိုင်တာကြောင့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုတွေသာ အဆင်ပြေခဲ့ရင်တော့ အခြေအနေက တမျိုးတဖုံ ပြောင်းလဲသွားနိုင်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.