ဘရန့်ဖို့ဒ် – မန်ချက်စတာယူနိုက်တက်
ဘရန့်ဖို့ဒ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ကတော့ တနင်္ဂနွေနေ့ မနက် ၂ နာရီခွဲမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ အားခဲနေတဲ့ မန်ချက်စတာယူနိုက်တက်တို့ ခြေပျက်နေတဲ့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ အသာရနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဘရန့်ဖို့ဒ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၁၀ ပွဲမှာ နိုင်ပွဲ ၂ ပွဲသာ ရထားပြီး ကျန် ၈ ပွဲမှာ ၇ ပွဲ ရှုံးပြီး ၁ ပွဲ သရေကျထားပါတယ်။ လက်တလော အမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရောက်ရှိနေတဲ့ ဘရန့်ဖို့ဒ်က တန်းဆင်းဇုန်နဲ့ ၅ မှတ်သာ ကွာဟနေတာကြောင့် ဖိအားတွေလည်း ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နောက်ဆုံး ၆ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့တဲ့ ဘရန့်ဖို့ဒ်ရဲ့ လက်ရှိ ခြေစွမ်းက ယူနိုက်တက်လို အသင်းမျိုးကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။
အဲရစ်ခ် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ခွင့် ပစ်မှတ်ထားနေပေမယ့် တကယ်တမ်းတော့ ထင်သလောက် မလွယ်ပါဘူး။ လက်တလော ပရီးမီးယားလိဂ် အဆင့် ၆ နေရာမှာ ရှိနေတဲ့ ယူနိုက်တက်က ဗီလာနဲ့ ၆ မှတ် ကွာဟနေသလို လက်ကျန် ပွဲတွေ ကလည်း ကြပ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အပါအဝင် နောက်ဆုံး ၅ ပွဲမှာ ယူနိုက်တက်က ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပြီး တန်ဟက်ဂ်ရဲ့ အသင်းက Gtech Community Stadium မှာ နောက်ဆုံး ကစားခဲ့ချိန်တုန်းက ၄-၀ နဲ့ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ယူနိုက်တက် မှာတော့ ဒိုင်ရယ်လို၊ မလာဆီယာ၊ လုခ်ရှော၊ မာတီနက်ဇ်၊ ကတ်စ်မဲရိုး၊ မာစီရယ်၊ ဘေရင်ဒီယာ တို့ လွဲချော်မှာ ဖြစ်ပြီး မက်ဂွိုင်းယားနဲ့ ဂျွန်နီ အီဗန့်စ် တို့ကတော့ ပါဝင်ကစားဖို့ မသချောသေးဘူးလို့ သိရပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရန့်ဖို့ဒ် – ဖလက်ကန်၊ အယား၊ ဇန်ကာ၊ ကိုလင်းန်စ်၊ ယန်ဆန်၊ အွန်ရီကာ၊ ဂျနဲလ်၊ ရိုဝါဆလက်ဗ်၊ ဒမ်းစ်ဂတ်၊ ဝစ်ဆာ၊ တိုနေး
မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ လင်ဒီလော့ဖ်၊ ဗာရန်း၊ ဒါးလော့တ်၊ ဘစ်ဆာခါ၊ မိန်းနူး၊ မက်တော်မီနေး၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဂါနာချို၊ ဟွိုက်ဂျ်လန်း
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၆ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရန့်ဖို့ဒ်က ၁ ကြိမ်နိုင်ပြီး ယူနိုက်တက်က ၄ ကြိမ်နိုင်ကာ ၁ ကြိမ်က သရေကျခဲ့ပါတယ်။ နောက်ဆုံး၂ ကြိမ် တွေ့ဆုံမှုမှာတော့ ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်ကို အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ဘရန့်ဖို့ဒ်က ၁ ပွဲ သရေ၊ ၄ ပွဲ ရှုံးထားပြီး ယူနိုက်တက် ကတော့ ၃ ပွဲနိုင်၊ ၂ ပွဲ ရှုံးထားပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2မှာ ဘရန့်ဖို့ဒ် အနိုင် အတွက် ၂.၈၁ ဆ၊ သရေ အတွက် ၃.၄၀ ဆ၊ ယူနိုက်တက် အနိုင် အတွက် ၂.၂၁ ဆ ပေးထားပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ဒဲ့ကြေး၊ ယူနိုက်တက်က သရေ အရှုံးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ လက်ရှိ ခြေစွမ်းအရတော့ ဘရန့်ဖို့ဒ်တို့ တပ်ပျက်နေလို့ ယူနိုက်တက် သေချာဖိဖိစီးစီး ကစားမယ် ဆိုရင်တော့ အခြေအနေကောင်းနိုင်ပါတယ်။ ကြေးဖွင့်မှု အရတော့ အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ သရေကျသွားဖို့ ဦးတည်နေပုံပါပဲ။ ကျနော် ကတော့ အကျိုးအမြတ် အတွက် ယူနိုက်တက် ဘက်မှာပဲ အရဲစွန့် ရပ်တည်ထားစေချင်ပါတယ်။
ခန့်မှန်းရလဒ်
ဘရန့်ဖို့ဒ် ၁-၂ မန်ချက်စတာယူနိုက်တက်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.