နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဘယ်ကစားသမားတွေကို ခေါ်ယူဖို့ ပြင်ဆင်နေပြီလဲ?

အခုဆက်လက်ပြီး ပရီးမီးယားလိဂ် နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ နွေရာသီမှာ အန်ဖီးလ် ကနေ ထွက်ခွာဖွယ် ရှိနေတယ်လို့ သိရပါတယ်။ သူ့ကို ခေါ်ယူဖို့ အတွက် ဆော်ဒီ ပရိုလိဂ်က ပေါင်သန်း ၁၅၀ အထိ ပေးပြီး ကမ်းလှမ်းမှုတွေ ပြုလုပ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ဖီယင်နော့ဒ် အသင်းရဲ့ နယ်သာလန် ခံစစ်မှူး လတ်ရှရယ် ဂီယာထရူအီဒါဟာ နည်းပြ ဖြစ်သူ အာနေး ဆလော့တ်နဲ့ အတူ လစ်ဗာပူးလ်ကို ပြောင်းရွှေ့သွားနိုင်တယ်လို့ သိရပါတယ်။ ဒီကစားသမားဟာ ဝက်စ်ဟမ်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ ဆလော့တ်နဲ့ အတူ ပွဲကြည့်စင်ပေါ်မှာ ရှိခဲ့တယ်လို့ သိရပါတယ်။

တော့တင်ဟမ်ဟော့စပါး ကတော့ စီးရီးအေမှာ အထင်ကြီးစရာ စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တဲ့ တိုရီနို နောက်ခံလူ အလက်ဆန်ဒရို ဘူရွန်ဂီရော်နို ကို ယူရို သန်း ၄၀ နဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူတို့ရဲ့ ကြယ်ပွင့် ကစားသမား မာ့ခ်ဂူဟီကို ဆုံးရှုံးရဖွယ် ရှိနေပါတယ်။ ဒီကစားသမား ကိုတော့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် စိတ်ဝင်စားလျက် ရှိတယ်လို့ သိရပါတယ်။

ဘရိုက်တန် ကွင်းလယ်လူ ကားလို့စ် ဘယ်လီဘ ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး ၃ သင်း ဖြစ်တဲ့ အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာ ယူနိုက်တက် တို့က စိတ်ဝင်စား နေပြီး နွေရာသီ အပြောင်းအရွှေ့ မှာ ပါဝင် လာဖွယ် ရှိနေပါတယ်။
ဘယ်လီဘကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ ယူနိုက်တက်

ဘေယန်မြူးနစ် အသင်း ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ကိုင်လီ ဝေါလ်ကာကို ထပ်မံကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ မန်ချက်စတာစီးတီး အတွက် အရေးပါတဲ့ ညာနောက်ခံလူ ဝေါလ်ကာ အနေနဲ့ ဘေယန်မြူးနစ်ကို အမှန်တကယ် ရောက်သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကတော့ ဂျေဒန် ဆန်ချိုကို ကလပ်ဆီ ပြန်လည် ခေါ်ဆောင်ဖို့ အတွက် နည်းလမ်းတွေ စတင် ရှာဖွေနေပြီ ဖြစ်ပြီး ဒီလို လုပ်ဆောင်ဖို့ အတွက်လည်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ကို နှုတ်ဆက်သွားဖွယ် ရှိနေတယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း ဒေါ့မန် အသင်း ဘက်က ဂျေဒန် ဆန်ချိုရဲ့ ခြေစွမ်းကို ကျေနပ်နှစ်သက်နေပြီး အငှား ကနေ အမြဲတမ်း စာချုပ် အဖြစ် ပြောင်းလဲဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

အာဆင်နယ် အသင်း ကတော့ ဘာစီလိုနာ ဆယ်ကျော်သက် ကွင်းလယ် ကစားသမား ဘရိုင်ယန် ဖာရီနက်စ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီကစားသမားလေးကို ဘွန်ဒက်စ်လီဂါ ထိပ်သီး ဒေါ့မန် အသင်း ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အတ္တလန္တာ ကွင်းလယ်လူ တီယန်ကု့ပ် မိုင်းနား ကိုတော့ လစ်ဗာပူးလ်က ပေါင် ၅၁ သန်းနဲ့ ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ဒီကစားသမား ကတော့ နည်းပြ သစ် ဆလော့တ် လက်ထက်မှာ အဓိကကျတဲ့ ကစားသမား ဖြစ်လာနိုင်သူလို့ ထင်ကြေးပေး သုံးသပ်နေကြပါတယ်။

ဘရိုက်တန် ကွင်းလယ်လူ ကားလို့စ် ဘယ်လီဘ ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး ၃ သင်း ဖြစ်တဲ့ အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ မန်ချက်စတာယူနိုက်တက် တို့က စိတ်ဝင်စား နေပြီး နွေရာသီ အပြောင်းအရွှေ့ မှာ ပါဝင် လာဖွယ် ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်