မနေ့ညက ကစားခဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ ရဲ့ အစောဆုံး ပွဲစဉ် မှာတော့ အက်စတွန်ဗီလာက မန်စီးတီးကို ဗီလာပါ့ခ်မှာ ၂-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပပ် ဂွာဒီယိုလာရဲ့ မန်စီးတီးက ပရီးမီးယားလိဂ် နောက်ဆုံး ၈ ပွဲမှာ ၆ ပွဲ အထိ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီးတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲမှာ အိမ်ရှင် အက်စတွန်ဗီလာက ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီးတော့ မာတီနက်ဇ်၊ ကွန်ဆာ၊ ပါအူ၊ တေးလီမန့်စ်၊ အိုနာနာ၊ မက်ဂင်းန်၊ ဒူရန် တို့လို အဓိက ကစားသမားတွေ ကိုပဲ အသုံးပြုလာခဲ့ပါတယ်။ မန်စီးတီး ကတော့ ကွင်းလယ်မှာ ကီဗင် ဒီဘရွန်းနားကို မသုံးပဲ ဂွန်ဒိုအန်၊ ကိုဗာချစ်၊ ဖိုဒန်၊ ရီကို လီဝစ် တို့ကို ပွဲထွက်စေပြီး ၃-၂-၄-၁ အခင်းအကျင်း နဲ့ပဲ အက်စတွန်ဗီလာကို ရင်ဆိုင်သွားခဲ့ပါတယ်။
အက်စတွန်ဗီလာဟာ အိမ်ကွင်း အားသာချက် ရှိနေတဲ့ အပြင် လက်တလော မန်စီးတီးရဲ့ form ပျက်စီးနေမှုကို ကောင်းကောင်း နားလည်ခဲ့ပေမယ့် ရိုးရှင်းတဲ့ ကစားပုံနဲ့ပဲ ရလဒ်ကောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဗီလာရဲ့ Trasition တွေက ကောင်းမွန်ခဲ့ပြီးတော့ ပွဲချိန် ၁၆ မိနစ်မှာတင်ပဲ ဒူရန်က အိမ်ရှင်တို့ အတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ကွင်းလယ် ကနေ တေးလီမန့်စ်ရဲ့ အကွက်မြင်မြင် ခင်းပေးလိုက်တာကို မော်ဂန်က ဆွဲပြေးပြီး ချိုးပေးတာကို ဒူရန်က အမှားအယွင်း မရှိ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် မန်စီးတီးက တောက်လျောက် ဘောလုံး ကိုင်ထားပေမယ့် ထိရောက်တဲ့ ကစားပုံတော့ မမြင်တွေ့ခဲ့ရပါဘူး။ တိုက်စစ်က ဟာလန်း တစ်ယောက် ဘာမှမလုပ်ပြနိုင်ခဲ့သလို တခြား ကစားသမားတွေလည်း တူတူပါပဲ။ ဂရီးလစ်ရှ် တစ်ယောက်လောက်ပဲ ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ထိထိရောက်ရောက်တော့ ဂိုးပေါက် ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။
ဒုတိယပိုင်း ၆၅ မိနစ် မှာတော့ ဗီလာတို့ ဒုတိယမြောက် ဦးဆောင်ဂိုး ရခဲ့ပြီး မော်ဂန် ရော်ဂျာ-မက်ဂင်းန် တွဲလုံး ကနေ ရော်ဂျာက ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ အက်စတွန်ဗီလာရဲ့ Work Rate အကောင်းဆုံး ကစားသမားကို ပြောပါ ဆိုရင်တော့ မော်ဂန် ရော်ဂျာ ကိုပဲ ပြရမှာပါ။ မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင် အချိန်ပို ၃ မိနစ် မှာတော့ မန်စီးတီးတို့ ချေပဂိုး တစ်ဂိုး ပြန်ရခဲ့ပြီး ဖီးလ် ဖိုဒန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးက ဖိုဒန် အတွက်တော့ အခုနှစ် ပရီးမီးယားလိဂ် ပထမဦးဆုံး သွင်းဂိုးလည်း ဖြစ်ခဲ့ပါတယ်။
ဒီရှုံးပွဲကြောင့် မန်စီးတီးက ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာ အထိ ရောက်ရှိသွားခဲ့ပြီး ချန်ပီယံဆု မျှော်လင့်ချက် ကတော့ လုံးဝ ကုန်ဆုံးသွားပြီလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ပပ် ဂွာဒီယိုလာရဲ့ အသင်း အနေနဲ့ လက်တလော ရလဒ် ဆိုးတွေ အောက်ကနေ အလျင်အမြန် ရုန်းထွက်နိုင်ဖို့ လိုအပ်နေပြီးတော့ ဖြစ်နိုင်ချေရှိတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ကိုသာ မျှော်လင့်ရတော့မှာပါ။ ဟာလန်း အပါအဝင် အသင်းသားတွေနဲ့ အသင်း တာဝန်ရှိသူတွေ ကတော့ သူတို့ အတွက် ဆုဖလား များစွာ ရယူပေးထားတဲ့ နည်းပြ ဂွာဒီယိုလာကို အပြည့်အဝေ ယုံကြည်ထားဆဲ ဖြစ်ကြောင့် ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ဒါကလည်း ဂွာဒီယိုလာ မို့လို့သာ မန်စီးတီးတို့ ဆက်ပြီး ယုံကြည်မှု ပေးထားတာ ဖြစ်ပါတယ်။ အခြား နည်းပြ တစ်ဦးသာ ဆိုရင်တော့ ဒီလောက်အထိ ရလဒ် ဆိုးရွားနေရင် ကျိန်းသေပေါက် ထုတ်ပယ် ပြီးလောက်ပါပြီ။ အသင်းရဲ့ လူစာရင်းကို ပြန်ကြည့်ရင်လည်း အတောင့်တင်းဆုံး အနေအထားမှာ ရှိနေလို့ ဂွာဒီယိုလာရော၊ မန်စီးတီး တစ်သင်းလုံး ဘာတွေ မှားနေသလဲ၊ နိုင်ပွဲတွေနဲ့ ဘယ်ရထားမှာ စလွဲသွားခဲ့သလဲ ဆိုတာ မဖြစ်မနေ ခပ်မြန်မြန် အဖြေရှာဖို့ လိုအပ်နေပြီပဲ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.