နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမားသစ် ၃ ဦး တပြိုင်နက်တည်း ခေါ်ယူလိုက်နိုင်တဲ့ ဝက်စ်ဟမ်း | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်းယူနိုက်တက် ကတော့ ကစားသမား ၃ ဦးကို တပြိုင်နက်တည်း ခေါ်ယူနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းက ဘယ်တောင်ပံ၊ ကွင်းလယ်နဲ့ တိုက်စစ် နေရာတွေ အတွက် ကစားသမား ၃ ဦးနဲ့ Here We Go ထားခဲ့တာ ဖြစ်ပြီး မကြာခင်မှာတော့ တရားဝင် ကြေညာသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ပထမဦးဆုံး သဘောတူညီမှု ရရှိသွားခဲ့တဲ့ ကစားသမား ကတော့ လိဒ်စ်ယူနိုက်တက် တောင်ပံ ကစားသမား ခရိုင်ဆန်စီယို ဆမ်းမားဗီးလ် ဖြစ်ပါတယ်။ ဒီနယ်သာလန် ဘယ်တောင်ပံ ကစားသမားလေးဟာ အခုနွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်နဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ပရီးမီးယားလိဂ် အပါအဝင် ကလပ် အသင်း များစွာနဲ့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နောက်ဆုံး မှာတော့ ဆမ်းမားဗီးလ်က ဝက်စ်ဟမ်း ကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ ဆမ်းမားဗီးလ်က ဝက်စ်ဟမ်းတို့ လိုအပ်နေတဲ့ တောင်ပံ တစ်နေရာ အတွက် အသင့်လျော်ဆုံး ကစားသမား ဖြစ်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဝက်စ်ဟမ်းက ဆမ်းမားဗီးလ်ကို ခေါ်ယူပြီးတဲ့နောက်မှာတော့ လာလီဂါ ကလပ် ရီးရဲလ်ဘက်တစ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ အာဂျင်တီးနား ကွင်းလယ်လူ ဂီဒို ရိုဒရီဂွက်ဇ်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားက လာလီဂါ ထိပ်သီး ကလပ် ဘာစီလိုနာဆီ အလွတ်နဲ့ ရောက်ရှိဖို့ နီးစပ်ခဲ့သေးပေမယ့် ဘာစီလိုနာမှာ နည်းပြ အပြောင်းအလဲ ဖြစ်ခဲ့တာကြောင့် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။ အခု နောက်ဆုံး မှာတော့ ဒီကစားသမားကို ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်းက ခေါ်ယူနိုင်ခဲ့ပြီး ဂီဒို ရိုဒရီဂွက်ဇ် အနေနဲ့ လန်ဒန် ကလပ်မှာ ဆေးစစ်မှုတွေ ပြုလုပ်ပြီးနောက် ဝက်စ်ဟမ်း ကစားသမားသစ် ဖြစ်လာခဲ့ပါပြီ။

နောက်ဆုံး အနေနဲ့ ဝက်စ်ဟမ်းတို့ ခေါ်ယူလိုက်နိုင်တဲ့ ကစားသမား ကတော့ ဒေါ့မန် ဝါရင့် တိုက်စစ်မှူး ဖူးလ်ခရက်ချ် ဖြစ်ပါတယ်။ ဒီကစားသမားက အသက် ၃၁ နှစ် အရွယ် ရှိနေပြီ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဒေါ့မန် အတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ယူရို ၂၀၂၄ မှာလည်း ဂျာမနီ အသင်း အတွက် တောက်ပနိုင်ခဲ့ပြီး အရေးပါတဲ့ ဂိုးတွေလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဖူးခရက်ချ် အတွက် ကိုတော့ ဝက်စ်ဟမ်းက ပြောင်းရွှေ့ကြေး ယူရို ၂၇ သန်း + အပိုဆုကြေး ယူရို ၅ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ပြီး ဝက်စ်ဟမ်းက ညာနောက်ခံလူ နေရာ အတွက် မန်ချက်စတာယူနိုက်တက်က အာရွန် ဝမ်ဘစ်ဆာခါကို ခေါ်ယူဖို့ ဆွေးနွေးလျက်ရှိပြီး ပုဂ္ဂိုလ်ရေး အရလည်း သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။ ဒီကစားသမားကို ဝက်စ်ဟမ်းက ၂၀၂၉ ခုနှစ် အထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ် ချုပ်ဆိုသွားဖို့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ အချိန်ထိတော့ အာရွန် ဝမ်ဘစ်ဆာခါရဲ့ အပြောင်းအရွှေ့ အတွက် ပရီးမီးယားလိဂ် ကလပ် နှစ်ခု အကြား သဘောတူညီမှု မရရှိသေးပါဘူး။ အဓိက ကတော့ ဝက်စ်ဟမ်းက ဝမ်ဘစ်ဆာခါကို ပေါင် ၁၀ သန်းနဲ့ ကမ်းလှမ်းထားခဲ့ပြီး ယူနိုက်တက် ဘက်ကတော့ ပေါင် ၁၈ သန်း ရမှသာ ရောင်းထုတ်လိုနေတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အပြုသဘောဆောင်တဲ့ အပြောင်းအရွှေ့ ဖြစ်လာဖို့ အတွက်တော့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်