ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်း ကတော့ ရလဒ်ကောင်းအောင် မစွမ်းဆောင်ပေးနိုင်တဲ့ လက်ရှိ နည်းပြ ဟူလီယန် လိုပက်တယ်ဂွီ ကိုတော့ ရာထူး ကနေ ထုတ်ပယ်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဝက်စ်ဟမ်းက လိုပက်တက်ဂွီရဲ့ နေရာမှာ ဂရေဟမ် ပေါ်တာနဲ့ အစားထိုး ခန့်အပ်သွားဖို့လည်း ဆွေးနွေးနေကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြလျက် ရှိပါတယ်။
ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ နည်းပြ ဒေးဗစ် မွိုက်စ်နဲ့ လမ်းခွဲခဲ့ပြီးတော့ လိုပက်တယ်ဂွီကို အစားထိုး ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၅၈ နှစ် အရွယ် စပိန် လူမျိုး နည်းပြ လိုပယ်တယ်ဂွီ ကတော့ စပိန် လက်ရွေးစင် အသင်း၊ ရီးရဲလ်မက်ဒရစ်၊ ဆီဗီလာနဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် တို့ကို ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်ပြီး ဆီဗီလာနဲ့ အတူ ယူရိုပါလိဂ် ချန်ပီယံဆုလည်း ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဝက်စ်ဟမ်းက အဆိုပါ နည်းပြကို ၂ နှစ် စာချုပ် + ၁ နှစ် ထပ်မံ သက်တမ်းတိုးနိုင်တဲ့ သဘောတူညီချက်နဲ့ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ လိုပယ်တယ်ဂွီက ဝက်စ်ဟမ်းကို ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၂၂ ပွဲ ကိုင်တွယ်ရမှာ ၇ ပွဲနိုင်၊ ၅ ပွဲ သရေ၊ ၁၀ ပွဲ ရှုံး ရလဒ် ရရှိအောင်သာ စွမ်းဆောင်ပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အချိန်ထိ နိုင်ပွဲ ရာခိုင်နှုန်းက ၃၁.၈၂ ရာခိုင်နှုန်းသာ ရရှိထားခဲ့တဲ့ အတွက် ရာထူး ကနေ ထုတ်ပယ်ဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဝက်စ်ဟမ်းက ပရီးမီးယားလိဂ် မှာလည်း တန်းဆင်းဇုန် အန္တရာယ် အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရောက်ရှိနေတာကြောင့် ဝက်စ်ဟမ်း တာဝန်ရှိသူတွေက နည်းပြ အပြောင်းအလဲ ပြုလုပ်ဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်းက လိုပယ်တယ်ဂွီ နေရာမှာ အစားထိုးဖို့ ပရီးမီးယားလိဂ် အတွေ့အကြုံရှိ နည်းပြ တစ်ဦးကို ရှာဖွေနေကာ ချဲလ်ဆီး နည်းပြဟောင်း ဂရေဟမ် ပေါ်တာကို နံပါတ် ၁ ပစ်မှတ် အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်းရဲ့ အားကစား ဒါရိုက်တာ ဖြစ်တဲ့ စတိဒ်တန်နဲ့ ဂရေဟမ် ပေါ်တာ တို့ကလည်း ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သလို သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဂရေဟမ် ပေါ်တာ ကတော့ ဆွမ်ဆီးကို ၂၀၁၈ ခုနှစ် ကနေ ၂၀၁၉ ခုနှစ် အထိ ကိုင်တွယ်ခဲ့ပြီးတော့ ၂၀၁၉ ခုနှစ် မှာတော့ ဘရိုက်တန်ကို ပြောင်းရွှေ့ ကိုင်တွယ်ခဲ့ပါတယ်။ ဂရေဟမ် ပေါ်တာဟာ ဘရိုက်တန် မှာတော့ နိုင်ပွဲ ၃၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပေမယ့် အသင်းကို ဘောလုံး အဆင့်အတန်း တစ်ခု ရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ချဲလ်ဆီးက ပေါ်တာကို နည်းပြ အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သားက ချဲလ်ဆီး မှာတော့ အဆင်မပြေ ဖြစ်ခဲ့ရပြီး ထုတ်ပယ်ခံရကာ လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.