နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရှက်ဖီးလ်ယူနိုက်တက်နဲ့ အတွေ့မှာ နိုင်ပွဲပျောက်နေမှုကို အဆုံးသတ်ဖို့ ကြိုးစားမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် – ရှက်ဖီးလ်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ပွဲကျန် အဖြစ် ရှက်ဖီးလ်ယူနိုက်တက်ကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ အသင်းကြီးတွေနဲ့ ကစားရင် ခြေစွမ်းပြသလောက် အသင်းငယ်တွေနဲ့ တွေ့ရင် ရုန်းကန်ရတတ်တဲ့ ယူနိုက်တက်တို့ ရှက်ဖီးလ်ယူနိုက်တက်ကို အလွယ်တကူ အသာရသွားပါ့မလား ဆိုတာ‌ စောင့်ကြည့်ရမှာပါ။
မန်ချက်စတာယူနိုက်တက်ရဲ့ ခြေစွမ်းနဲ့ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ နည်းစနစ်ပိုင်းကတော့ ထပ်တူကျနေတယ်လို့ ပြောရမလိုပါပဲ။ ကောင်းတာတော့ မဟုတ်၊ တလွဲလုပ်တာချင်း ထပ်တူကျတယ် ပြောချင်တာပါ။ ပြီးခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဆိုရင် ယူနိုက်တက်ဟာ ချန်ပီယံရှစ် အဆင့် ၈ နေရာမှာ ရှိနေတဲ့ ကိုဗင်ထရီကို ဘစ်ကျွတ်အောင် ကန်ခဲ့ရပြီး ကံတရားရဲ့ ဖေးမမှုနဲ့ ပြိုင်ဘက်ရဲ့ အတွေ့အကြုံ အားနည်းမှုကြောင့်သာ ဗိုလ်လုပွဲ တက်ခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက် နိုင်ပွဲ ပျောက်နေခဲ့ပြီးတော့ ၄ ပွဲ သရေ ၁ ပွဲ ရှုံးထားပါတယ်။ ယူနိုက်တက်ရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၈ ပွဲနိုင်၊ ၂ ပွဲ သရေ၊ ၅ ပွဲ ရှုံးထားပါတယ်။

ရှက်ဖီးလ်ယူနိုက်တက် ကတော့ နိုင်ပွဲတွေ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၂၃ ပွဲ အထိ ရှိနေခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲဆက် နိုင်ပွဲ ပျောက်နေပြီး နောက်ဆုံး ပွဲမှာ ဆိုရင် ဘန်လေကို အိမ်ကွင်းမှာ ဂိုးပြတ် အရေးနိမ့်ထားပါတယ်။ လက်ရှိ ခြေစွမ်းအရ ရှက်ဖီးလ်ယူနိုက်တက်ဟာ ယူနိုက်တက်ကို ယှဉ်ကစားနိုင်စွမ်း မရှိပဲ ယူနိုက်တက် အမှားမလုပ်ဖို့တော့ လိုအပ်ပါတယ်။


နှစ်ဖက်အသင်း သတင်းများ

ရှက်ဖီးလ်ယူနိုက်တက် ကတော့ နိုင်ပွဲတွေ ပျောက်ဆုံးနေဆဲ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ရှုံးပွဲ ၂၃ ပွဲ အထိ ရှိနေခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကနေ တန်းဆင်းရဖို့ သေချာသလောက် ရှိနေတဲ့ ရှက်ဖီးလ်ယူနိုက်တက်

အခုပွဲကိုတော့ ယူနိုက်တက် ဘက်က ကစားသမား အများအပြား လွဲချော်ဖို့ ရှိနေပြီး ကမ်ဘွယ်လား၊ လင်ဒီလော့ဖ်၊ မလာစီယာ၊ အမ်မရဘတ်၊ ဗာရန်း၊ မောင့်၊ ရက်ရှ်ဖို့ဒ်၊ ရှော၊ မာတီနက်ဇ်၊ အီဗန့်စ်၊ မာစီရယ် တို့အပြင် အန်တိုနီ ကလည်း ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

ရှက်ဖီးလ်ယူနိုက်တက် ဘက်မှာတော့ တွမ်ဒေးဗီးစ်၊ နော်ရင်တန် ဒေးဗီးစ်၊ ဘရူးစတား၊ လိုဝီ၊ အီဂန်၊ ရော်ဘင်ဆင်၊ ဘဲလ်ဒေါ့ခ်၊ ဂျက်ဘီဆင်နဲ့ ဘက်ရှမ်းတို့ လွဲချော်ကြမှာပါ။


ဖြစ်နိုင်ဖွယ် လူစာရင်း

မန်ချက်စတာယူနိုက်တက် – အိုနာနာ၊ ကတ်စ်မဲရိုး၊ မက်ဂွိုင်းယား၊ ဒါးလော့တ်၊ ဘစ်ဆာခါ၊ မိန်းနူး၊ တော်မီနေး၊ ဂါနာချို၊ ဖာနန်ဒက်စ်၊ အဲရစ်ခ်ဆင်၊ ဟွိုက်ဂျ်လန်း
ရှက်ဖီးလ်ယူနိုက်တက် – ဂါဘစ်၊ ထရပ်စတီ၊ အာမက်ဒ်ဟော့ဇစ်၊ အော့ဘွန်း၊ ဘိုဂလီ၊ အာဘလက်စတာ၊ ဟမ်မား၊ ဒီဆူဇာ ကော်စတာ၊ ဒီးရာ့ဇ်၊ မက်အတီး၊ မက်ဘန်နီ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၆ ကြိမ် တွေ့ဆုံခဲ့ရာမှာ ယူနိုက်တက်က ၄ ကြိမ် နိုင်ပြီး ရှက်ဖီးလ်ယူနိုက်တက်က ၁ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျခဲ့ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာတော့ ယူနိုက်တက်က ၃ ကြိမ်နိုင်၊ ၁ ကြိမ် သရေကျပြီး ရှက်ဖီးလ်ယူနိုက်တက်က ၁ ကြိမ် ပြန်လည် အနိုင်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ယူနိုက်တက်က ၁ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပြီး ရှက်ဖီးလ်ယူနိုက်တက် ကတော့ ၂ ပွဲ သရေ၊ ၃ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ မန်ချက်စတာယူနိုက်တက် နိုင်ရင် ၁.၂၉ ဆ၊ ရှက်ဖီးလ်ယူနိုက်တက် နိုင်ရင်တော့ ၆.၉၀ ဆ၊ သရေ ဆိုရင်တော့ ၅.၄၀ ဆ နီးပါး ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ ယူနိုက်တက်က ၂ လုံး သရေလောက်အထိ ကြေးဖွင့်ထားပြီး ဂိုးပေါင်း ကလည်း ၄ လုံး သွင်းမှ အပြည့်ရမယ့် အခြေအနေပါ။ ယူနိုက်တက်က အသင်းကြီးတွေနဲ့ တွေ့ရင် ကြောက်ထတတ်ပေမယ့် အသင်းငယ်လေးတွေဆိုရင် ဖေးဖေးမမ ကစားတတ်တဲ့ အသင်းပါ။ ယူနိုက်တက်ဟာ တန်ဟက်ဂ် လက်အောက်မှာ နိုင်ပွဲရရင်တောင် ခြေစွမ်းမကောင်းလို့ ပိုးစိုးပက်စက် ဝေဖန်ခံနေရပါတယ်။ ဒီလို အခြေအနေမျိုးမှာ ခြေစွမ်းပျက်နေတဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို သက်တောင့်သက်သာ အနိုင်ယူပြဖို့ လိုပါတယ်။ ကြေးဖွင့်မှုတွေ အရ ယူနိုက်တက် ဘက်မှာပဲ နေရမှာ ဖြစ်ပြီး တလွဲလုပ်တဲ့ ယူနိုက်တက် ခံစစ်ကြောင့် ကျနော် ကတော့ ဂိုးပေါ်လည်း ကြိုက်ပါတယ်။


ခန့်မှန်းရလဒ်

မန်ချက်စတာယူနိုက်တက် ၃-၁ ရှက်ဖီးလ်ယူနိုက်တက်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်