နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အူဂါတီ ဈေးကြီးလို့ ဖိုဖာနာကိုပဲ ပြောင်းလဲ ပစ်မှတ်ထားတော့မယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် သူတို့ရဲ့ ပစ်မှတ် ကစားသမား ဖြစ်တဲ့ အူဂါတီ ကို လက်လျှော့လိုက်ပြီလို့ သိရပါတယ်။ အဓိက ကတော့ အူဂါတီ အတွက် ပီအက်စ်ဂျီ ဘက်က လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး ပမာဏက မြင့်မားနေတာကြောင့်လို့ သိရပါတယ်။

ဒါ့အပြင် ယူနိုက်တက်က ရီးရဲလ်ဆိုစီဒက်ရဲ့ စပိန် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို စိတ်ဝင်စားခဲ့ပေမယ့် အသေအချာ မကြိုးပမ်းသလို လက်ရှိမှာ ဒီကစားသမား ကလည်း လစ်ဗာပူးလ်နဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့ပါပြီ။ ဒီအခြေအနေမှာ ယူနိုက်တက်က တခြားသော ကွင်းလယ် ပစ်မှတ်တွေ ကိုပဲ ဆက်လက် ကြိုးပမ်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ လက်ရှိမှာ အူဂါတီကို လက်လျှော့လိုက်ပြီ ဖြစ်တာကြောင့် တခြား ပစ်မှတ်တွေ အဖြစ် မာတင် ဇူဘီမန်ဒီ၊ အက်ဒရီယန် ရာဘီယော့တ် အပြင် ဖိုဖာနာ၊ အမ်မရာဘတ်နဲ့ ဆန်ဒါဘက်ချ် တို့ကို စောင့်ကြည့်လျက် ရှိနေပါတယ်။ နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ယူနိုက်တက်က ဘန်လေရဲ့ နော်ဝေ ကွင်းလယ် ကြယ်ပွင့် ဆန်ဒါဘတ်ချ်နဲ့ ဆွေးနွေးမှုတွေ စတင် ပြုလုပ်နေပြီးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး တစ်ဖက်မှာလည်း မိုနာကိုရဲ့ ပြင်သစ် ကွင်းလယ်လူ ယူဆွတ်ဖ် ဖိုဖာနာ ကို ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။ ဖိုဖာနာဟာ အသက် ၂၅ နှစ် အရွယ်သာ ရှိနေသေးပေမယ့် မိုနာကို အတွက် ၄ ရာသီ အတွင်း ပွဲပေါင်း ၁၇၅ ပွဲ ကစားကာ ခြေစွမ်းလည်း ပြနိုင်ခဲ့သူ ဖြစ်ပါတယ်။ တစ်ရာသီကို အနည်းဆုံး ပွဲ ၄၀ ဝန်းကျင် ကစားထားနိုင်တဲ့ ဖိုဖာနာဟာ ကြံ့ခိုင်မှု ကောင်းသူ ဖြစ်ပြီး ဗဟိုကွင်းလယ် အပြင် ကွင်းလယ် ခံစစ် နေရာမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။

ဖိုဖာနာဟာ ၂၀၂၀ ခုနှစ်မှာ စထရက်စ်ဘော့ဂ် ကနေ မိုနာကို အသင်းထံ ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိ မှာတော့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့သူ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ် ကလပ် ဘက်က ဖိုဖာနာကို ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်း ရရှိတာနဲ့ ထွက်ခွာခွင့် ပေးသွားဖို့ ရှိနေပြီး ဒီပမာဏက ယူနိုက်တက် အတွက်တော့ အူဂါတီ ထက်စာရင် များစွာ သက်သာနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ သတင်းတွေ မထွက်ခင် ဖိုဖာနာက စီးရီးအေ ထိပ်သီး အေစီမီလန်ကို ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နှစ်သင်းအကြား သဘောတူညီမှုမရ ဖြစ်နေပြီး ဒီအခြေအနေကို စောင့်ကြည့်နေတဲ့ ယူနိုက်တက်က ကြားဖြတ် ခေါ်ယူဖို့ ကြိုးပမ်းလားတာ ဖြစ်ပါတယ်။

တစ်ဖက်မှာတော့ ပရီးမီးယားလိဂ် ကလပ်က အသင်းရဲ့ ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ကက်စ်မဲရိုး၊ အဲရစ်ခ်ဆင်နဲ့ မက်တော်မီနေး တို့ကို ရောင်းထုတ်ရဖို့ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကစားသမားတွေထဲကမှာ အဲရစ်ခ်ဆင် တစ်ဦးလောက်သာ အသင်း ကနေ ထွက်ခွာဖို့ များနေတာကြောင့် ယူနိုက်တက် အတွက် အခက်အခဲတွေတော့ ရှိနေပါတယ်။Sky Germanyရဲ့ ဖော်ပြချက် အရတော့ ယူနိုက်တက်ဟာ ဖိုဖာနာကို ခေါ်ယူဖို့ ကြိုးပမ်းရာမှာ အသင်းရဲ့ အနာဂတ် အစီအစဉ်တွေ ကိုပါ ချပြခဲ့တယ်လို့ သိရပါတယ်။ အခု နောက်ဆုံး ရရှိတဲ့ သတင်းတွေ မှာတော့ ယူနိုက်တက်က ဖိုဖာနာရဲ့ အပြောင်းအရွှေ့ အတွက် မိုနာကိုနဲ့ စတင် ဆွေးနွေးနေပြီလို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်