နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမရာဘတ်ရဲ့ အနာဂတ်ကို အခုတစ်ပတ်အတွင်း အဆုံးအဖြတ်ပေးမယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ဖီအိုရင်တီးနား ကနေ အငှားနဲ့ ခေါ်ယူခဲ့တဲ့ ဆိုဖရန် အမ်မရာဘတ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ အခုတစ်ပတ် အတွင်း အပြီးသတ် ဆုံးဖြတ်ချက်ချသွားမယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ စာချုပ်ပါ အချက်အလက်တွေအရ မော်ရိုကို ကွင်းလယ်လူကို အပြီးသတ် ခေါ်ယူခွင့်လည်း ပါရှိနေတာကြောင့် အိုးထရက်ဖို့ဒ်ဆီ အပြီးသတ် ခေါ်ယူသွားမလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

အစောပိုင်းမှာ ယူနိုက်တက်က အမ်မရာဘတ်ကို အငှားသက်တမ်း ကုန်ဆုံးသွားရင် ဖီအိုရင်တီးနားဆီ ပြန်လည် ပို့ဆောင်ဖို့ အစီအစဉ် ရှိခဲ့ပေမယ့် ကစားသမားက ရာသီသိမ်းချိန်လောက်မှာ အသင်းနဲ့ အံ့ဝင်လာခဲ့တာကြောင့် ဆက်ထိန်းထားဖွယ်လည်း ရှိသွားတာ ဖြစ်ပါတယ်။ လက်ရှိမှာ အသင်းမှာ ခြေစွမ်းပြ ကစားနိုင်လာတဲ့ အမ်မရာဘတ်ကို ယူနိုက်တက်က စာချုပ်သက်တမ်းတိုးဖို့ ရာခိုင်နှုန်း များနေကြောင်းလည်း သတင်းတွေက ဖော်ပြနေပါတယ်။ နောက်ထပ် အကြောင်းအရာ တစ်ခုက ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ကက်စ်မဲရိုးနဲ့ အဲရစ်ခ်ဆင် တို့ကို လက်လွတ်သွားရဖို့ များနေသလို ဗန်ဒီဘိခ် ကလည်း ဂီရိုနာ အသင်းထံ ပြောင်းရွှေ့သွားခဲ့တာကြောင့် ကွင်းလယ်ပိုင်းမှာ အင်အား ဖြည့်တင်းဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမား ခေါ်ယူဖို့ အတွက် ငွေကြေး အကန့်အသတ်နဲ့သာ အသုံးပြုရမယ့် ယူနိုက်တက် အတွက် အမ်မရာဘတ် အတွက် ပေါင် (၂၁) သန်းတန် စာချုပ်ကသာ အဆင်အပြေဆုံး ဖြစ်နေခဲ့တာပါ။

ယူနိုက်တက်ဟာ အသက် ၂၇ နှစ် အရွယ် မော်ရိုကို ကွင်းလယ်လူ အမ်မရာဘတ်ကို ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဖီအိုရင်တီးနား ကနေ တစ်ရာသီအငှား + ပေါင် ၂၁ သန်းတန် အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒီကစားသမားက ပြီးခဲ့တဲ့ ရာသီမှာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၃၀ အထိ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကို အသင်းနဲ့ အတူ စတင် တောက်ပလာခဲ့တဲ့ အမ်မရာဘတ်ဟာ ယူနိုက်တက် မှာတော့ ရောက်ရောက်ချင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီးလောက်မှတော့ သူရဲ့ ပုံမှန် ခြေစွမ်းတွေ ပြန်လည် ရရှိခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်နဲ့ အတူ အက်ဖ်အေဖလား ရရှိရေး အတွက်လည်း အရေးကြီးတဲ့ နေရာ ကနေ ပါဝင်ခဲ့ပါတယ်။ 

သတင်းတွေရဲ့ ဖော်ပြချက် အရ ဆိုရင် ဆိုဖရန် အမ်မရာ ဘတ်ဟာ သူကိုယ်တိုင်က ဖီအိုရင်တီးနားကို ပြန်သွားလိုခြင်း မရှိပဲ ယူနိုက်တက် ဆီသာ အပြီးသတ် ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ ယူနိုက်တက် ဘက်ကလည်း ကွင်းလယ်ပိုင်းကို မဖြစ်မနေ အင်အားဖြည့်တင်းဖို့ လိုအပ်နေသလို ပြောင်းရွှေ့ကြေးလည်း အနည်းသာ သုံးရမယ့် အမ်မရာဘတ်ကို အပြီးသတ် ခေါ်ယူဖို့ အစီအစဉ် ရှိနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း အမ်မရာဘတ်ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း သိရဖို့ အတွက် ဒီတစ်ပတ် အတွင်းမှာပဲ INEOS က ဆုံးဖြတ်ချက် သေသေချာချာ ချသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ယူနိုက်တက်ဟာ တစ်ဖက်မှာလည်း ဗဟိုခံစစ်နေရာနဲ့ ဘယ်ခြမ်းခံစစ် အတွက် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး ဒီလစ်ဂျ်၊ ယိုရို၊ ဘရန့်ဝိတ်သ်၊ ရက်ဂီလွန်း တို့နဲ့ သတင်းတွေ ထွက်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် ထိပ်သီး တို့က ဝါရင့် ခံစစ်မှူးကြီး ဂျွန်နီ အီဗန့်စ်ကို တစ်နှစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်