နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်းဆင်းဇုန်ထဲက ဘန်လေကို သရေ တစ်မှတ် ခွဲပေးခဲ့တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ် (ပွဲပြီးသုံးသပ်ချက်)

မန်ချက်စတာယူနိုက်တက် ၁-၁ ဘန်လေ

မန်ချက်စတာယူနိုက်တက် မန်ချက်စတာယူနိုက်တက်က ကတော့ မနေ့ညက ပွဲစဉ် မှာတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲက ဘန်လေကို အကြိတ်အနယ် ကစားပြီး သရေ တစ်မှတ် ခွဲပေးခဲ့ပါတယ်။ ယူနိုက်တက်တို့ ရံဖန်ရံခါမှာ ခြေစွမ်းပြတတ်တဲ့ အန်တိုနီရဲ့ ရှားရှားပါးပါး သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီး ပေးလိုက်ရတဲ့ ပင်နယ်တီ သွင်းဂိုးကြောင့် သရေ တစ်မှတ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်က ကန်လေ ချာလေ ဖြစ်လာတဲ့ ဘယ်တောင်ပံက ရက်ရှ်ဖို့ဒ် နေရာမှာ ဂါနာချိုကို သုံးပြီး ညာတောင်ပံမှာတော့ ထောက်ချွန်ကောင်လေး အန်တိုနီကို ပွဲထွက်စေခဲ့ပါတယ်။ ဂိုးမှာတော့ ထုံးစံ အတိုင်း ဂိုးပေး ကြမ်းတဲ့ အိုနာနာကိုပဲ ပွဲထုတ်လာခဲ့ပြီး ခံစစ်မှာတော့ ကက်စ်မဲရိုး၊ မက်ဂွိုင်းယား အတွဲအဖက်နဲ့ အတူ ဝမ်ဘစ်ဆာခါ၊ ဒါးလော့တ်၊ ကွင်းလယ်မှာ မိန်းနူး၊ အဲရစ်ခ်ဆင်နဲ့ ဖာနန်ဒက်စ်၊ တိုက်စစ်မှာတော့ ဟွိုက်ဂျ်လန်းပဲ ဦးဆောင်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ခြေစွမ်း ကတော့ ကြည့်မိတိုင်းမှာ စိတ်တော်တော်လေး ဆင်းရဲရပါတယ်။ ယူနိုက်တက် ပရိသတ်တွေသာ ဆိုရင် ဘယ်လို စိတ်နဲ့များ အားပေးနေကြမလဲ လို့တောင် တွေးမိပါတယ်။ တန်ဟက်ဂ်ရဲ့ အသင်းက ကစားကွက်မရှိ တစ်ဦးချင်း ခြေစွမ်း ကြည့်တော့လည်း ဘာမှလောက်လောက်လားလား လုပ်မပြနိုင်တာ တွေ့ရတော့ ကြည့်ရင်းနဲ့ ပျင်းလာတာ မထူးဆန်းပါဘူး။ ဘန်လေဟာ တန်းဆင်းဇုန် ဖိအားအောက်က ရုန်းထွက်နေလို့ ယူနိုက်တက်တို့ ကစားရခက်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့် အသင်းကြီး တစ်သင်း အနေနဲ့ ဒီလောက် ပြသနာလေး ကိုတော့ အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သင့်ပါတယ်။ ဘန်လေရဲ့ ရည်ရွယ်ချက် ကတော့ ရှင်းပါတယ်။ Classic ကစားကွက် ၄-၄-၂ နဲ့ ပွဲထွက်ခဲ့ပြီး သူတို့ရဲ့ ထုံးစံ အတိုင်း ခံစစ် ပိတ်ကစားရင်း တန်ပြန် တိုက်စစ်နဲ့ ယူနိုက်တက်ကို ဒုက္ခပေးဖို့ ပြင်ဆင်လာခဲ့တာပါ။ ပထမပိုင်းမှာ အော်ဒိုဘတ်ရဲ့ ကန်ချက်၊ ဖော်စတာရဲ့ ခေါင်းတိုက်ချက်တွေကို အိုနာနာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့လို့သာ ယူနိုက်တက်တို့ သက်သာရာရခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ပွဲချိန် မိနစ် ၇၀ ကျော် အထိ နှစ်သင်းစလုံး ဂိုးမရခဲ့ပဲ ၇၉ မိနစ်မှာတော့ ဘန်လေ နောက်တန်းရဲ့ လူပေး မသေသပ်မှုကနေ အန်တိုနီက အမှတ်မထင် ဖြတ်ဆွဲသွားပြီး အမှားအယွင်း မရှိ ကန်သွင်းခဲ့လို့ ယူနိုက်တက်တို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်တို့ အပျော်တွေက ၈၇ မိနစ်မှာ ပျက်စီးခဲ့ရပါတယ်။ အိုနာနာကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီကို တစ်ဖက်က အမ်ဒူနီက အသာအယာ ကန်သွင်းသွားခဲ့လို့ ဘန်လေတို့ အဖိုးတန် ချေပဂိုးရခဲ့ပါတယ်။ ပင်နယ်တီ ပေးလိုက်ရတာကို ပြန်ကြည့်ရင် ကက်စ်မဲရိုးရဲ့ အမှားမကင်းခဲ့ပဲ အိုနာနာ ကတော့ သူ့အလုပ်သူလုပ်ရင် မတော်တဆ ပင်နယ်တီပေးခဲ့ရတာ ဖြစ်ပါတယ်။ ပင်နယ်တီ ကိုတော့ တကူးတက VAR ပြန်ကြည့်ပြီး ပေးခဲ့တာကြောင့် ယူနိုက်တက် ပရိသတ်တွေ အတွက် စိတ်တိုစရာ ဖြစ်ခဲ့မှာ သေချာပါတယ်။

အမှန်တိုင်း ဝန်ခံရရင် ဒီရာသီ အသင်းကြီးတွေထဲမှာ ယူနိုက်တက်နဲ့ ချဲလ်ဆီး ပွဲကို ကြည့်ရတာ စိတ်အညစ်ဆုံးပါပဲ။ ပွဲတိုင်းလိုလို ခြေစွမ်းပိုင်းက အားရစရာ မရှိပဲ၊ ဦးဆောင်ဂိုး ရရင်တောင် ဘယ်အချိန် ဂိုးပြန်ပေးရတော့မလဲ ဆိုပြီး ကြိုပြီး တွေးပူနေရတာက တော်တော်လေး ဆိုးပါတယ်။ Winning Mental မရှိသလို တစ်ဦးချင်း အမှားတွေကို မြင်တွေ့နေရတာ စိတ်ပျက်စရာပါ။ တကယ်ဆို ယူနိုက်တက်ဟာ လက်ကျန် ပွဲအနည်းငယ်ပဲ ကျန်တော့တဲ့ အချိန်မှာ သူတို့ အတွက် အရေးကြီးတဲ့ ဥရောပဝင်ခွင့် တစ်နေရာ အတွက် ပွဲတိုင်းကို ဖော်ဖျက် တိုက်နေရမှာပါ။ အခုတော့ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အသင်းက ရရင် ရတဲ့ နေရာ ကနေပဲ ရာသီသိမ်းလိုက်မယ်ကွာ ဆိုတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ ပြင်းပြင်းထန်ထန် ဝေဖန်ရရင် ယူနိုက်တက် ပရိသတ်တွေ စိတ်ဆိုးချင် ဆိုးပါလိမ့်မယ်။ ဒါပေမယ့် သေချာတာက ယူနိုက်တက်ဟာ ဥရောပဝင်ခွင့်ရဖို့တောင် မထိုက်တန်ဘူးလို့ပဲ ပြောပါရစေ။

ပွဲအပြီးမှာ ယူနိုက်တက်က ၅၄ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး ဘန်လေ ကတော့ အဆင့် ၁၉ နေရာမှာ ဆက်ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဘန်လေဟာ တတ်နိုင်သမျှ ရမှတ်တွေ ယူထားနိုင်တာကြောင့် တန်းမဆင်းရရေး မျှော်လင့်ချက် ကတော့ ဆက်လက် ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လာမယ့် တစ်ပတ် ပရီးမီးယားလိဂ်မှာ ခြေစွမ်း ထက်မြတ်နေတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရဦးမှာ ဖြစ်ပြီး ဘန်လေ ကတော့ နယူးကာဆယ်ကို တက်ဖ်မောမှာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်