နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကွန်မြူနတီဒိုင်း ပွဲစဉ် မတိုင်ခင် ဘေယန် ကစားသမား နှစ်ဦးကို အရ ခေါ်ယူချင်နေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ ခံစစ်ပိုင်း နေရာ နှစ်နေရာကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

လက်တလော ယူနိုက်တက်နဲ့ သတင်း အထွက်ဆုံး ဖြစ်နေတဲ့ ကစားသမား နှစ်ဦး ကတော့ ဘေယန်မြူးနစ်က ဗဟိုခံစစ်မှူး မားသီးယက်စ် ဒီလစ်ဂျ်နဲ့ ညာနောက်ခံလူ နူဆာ မက်ဇရာရီတို့ ဖြစ်ပါတယ်။ ဒါကြောင့် အခု လက်ရှိမှာတော့ ယူနိုက်တက်က ဒီ ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ အတွက် ဘေယန်မြူးနစ်နဲ့ ဆွေးနွေးမှုတွေ ထပ်မံ ပြုလုပ်သွားဖို့ ပြင်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။ ဒီသတင်း ကိုတော့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ်ဟာ ဗဟိုခံစစ် နေရာ အတွက် ဒီနွေရာသီ အစောပိုင်းမှာ ပြင်သစ် ကြယ်ပွင့်လေး လီနီ ယိုရိုကို ခေါ်ယူထားခဲ့ပြီးပါပြီ။ ဒါပေမယ့်လည်း ယိုရိုက ရာသီ မစခင်မှာပဲ ကာလရှည် အနားယူရဖို့ ရှိခဲ့သလို တန်ဟက်ဂ် ကလည်း အရင် ကတည်းက ယိုရို အပြင် နောက်ထပ် ဗဟိုခံစစ်မှူး တစ်ဦး ထပ်မံ ခေါ်ယူချင်နေခဲ့တာပါ။ ဒါကြောင့် နယ်သာလန် ခံစစ်မှူး ဒီလစ်ဂျ်ကို ကြိုးပမ်းနေခဲ့တာ ဖြစ်သလို တစ်ဖက်မှာလည်း ညာနောက်ခံလူ နေရာ အတွက် မော်ရိုကို ကစားသမား မက်ဇရာရီကိုကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ အသီးသီး ရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းနှစ်သင်း ကြားကတော့ အခုထိ သဘောတူညီမှု မရသေးပဲ အပြောင်းအရွှေ့ ကိစ္စတွေ ကြန့်ကြာနေခဲ့ပါတယ်။

 
ပရီးမီးယားလိဂ် ကလပ်ဟာ ဗဟိုခံစစ် နေရာ အတွက် ဒီနွေရာသီ အစောပိုင်းမှာ ပြင်သစ် ကြယ်ပွင့်လေး လီနီ ယိုရိုကို ခေါ်ယူထားခဲ့ပြီးပါပြီ။
မန်စီးတီးနဲ့ ပွဲမတိုင်ခင် ဒီလစ်ဂျ်နဲ့ မက်ဇရာရီကို ခေါ်ချင်နေတဲ့ ယူနိုက်တက်

သတင်းတွေ အရ ဆိုရင် အေဂျက်စ် ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဒီလစ်ဂျ်နဲ့ မက်ဇရာရီ တို့ဟာ သူတို့ရဲ့ ဆရာဟောင်း ဖြစ်တဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ အတူ မန်ယူနိုက်တက်မှာ ပြန်လည် လက်တွဲလိုနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ နှစ်သင်း အကြား အမြန်ဆုံး သဘောတူညီမှု ရရှိဖို့လည်း မျှော်လင့်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလစ်ဂျ် အတွက် ကတော့ ပြောင်းရွှေ့ကြေးရာမှာ အဆင်မပြေနေပြီး မက်ဇရာရီ ကို ခေါ်ယူဖို့ ကတော့ ဝမ်ဘစ်ဆာခါရဲ့ အပြောင်းအရွှေ့ပေါ် မူတည်နေပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ယူနိုက်တက်ဟာ ဒီကစားသမား ၂ ဦးပေါင်း အတွက် ယူရို သန်း ၇၀ အထိ အသုံးပြုသွားရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။ ယူနိုက်တက် ဘက်ကတော့ ကစားသမား နှစ်ဦးစလုံးကို အရ ခေါ်ယူသွားလိုတာကြောင့် ဘေယန်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းချင်နေပါတယ်။ သတင်းတွေ အရ ဆိုရင် ကစားသမား ၂ ဦးစလုံးနဲ့ ၂၀၂၉ ခုနှစ် + ၁ နှစ် သက်တမ်း တိုးခွင့် စာချုပ်တွေနဲ့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှုတွေ အသီးသီး ရရှိထားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကစားသမား ၂ ဦးစလုံးကို ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ်မတိုင်ခင် အရ ခေါ်ယူသွားချင်နေတယ်လို့လည်း သိရပါတယ်။ အေးဂျင့်တွေ ကလည်း သူတို့ရဲ့ ကစားသမားတွေကို ယူနိုက်တက်ဆီ ပြောင်းရွှေ့ခွင့် ရရှိဖို့ အတွက် အစွမ်းကုန် ကြိုးပမ်းသွားဖို့ ရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်