နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လာမယ့် နွေရာသီမှာ ကစားသမား တော်တော်များများ ရှင်းထုတ်ပစ်မယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်းဟာ လာမယ့် ရာသီမှာ ကြီးမားတဲ့ ကစားသမား အပြောင်းအလဲတွေ ပြုလုပ်ဖို့ ပြင်ဆင်နေတယ် ဆိုတာ အားလုံးလည်း သိပြီးကြမှာပါ။ ဒီအထဲမှာ တောင်ပံ ကစားသမား MBE မားကပ်စ် ရက်ရှ်ဖို့ဒ်လည်း ပါဝင်နေတယ်လို့ သတင်းတွေက ဖော်ပြနေပြီး ကစားသမား ၃ ဦး ကိုတော့ အသင်းမှာ မဖြစ်မနေ ဆက်ထိန်းထားဖို့ ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ နောက်ပိုင်း နှစ်တွေ အတွင်း ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး အောင်မြင်မှုလည်း မရ ဖြစ်နေတာကြောင့် လာမယ့် နွေရာသီမှာ အသင်းက သွေးသစ်လောင်းဖို့ ပိုင်ရှင်သစ်တွေက ရည်ရွယ်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ရှယ်ယာပိုင်ဆိုင်မှု ရာခိုင်နှုန်း အများဆုံး ဖြစ်လာတဲ့ ဆာဂျင်မ် ရက်ကလစ်ဖ် ကလည်း အသင်းမှာ ရှိတဲ့ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေကို ရှင်းထုတ်ပြီး ပြန်လည် တည်ဆောက်ဖို့ ဆန္ဒရှိနေသူ ဖြစ်ပါတယ်။

လာမယ့် နွေရာသီ ယူနိုက်တက် ဘက်က ရောင်းထုတ်ချင်နေတဲ့ ကစားသမား စာရင်းမှာ အင်္ဂလန်သား မားကပ်စ် ရက်ရှ်ဖို့ဒ်က ထိပ်ဆုံးက ပါဝင်နေပြီး သူ့ကိုတော့ ပီအက်စ်ဂျီက ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ပြင်သစ် ထိပ်သီး တို့ဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ရာသီကုန်ရင် ထွက်ခွာတော့မှာ ဖြစ်တာကြောင့် ရက်ရှ်ဖို့ဒ်နဲ့ အစားထိုးဖို့ စဉ်းစားနေပြီး ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့လည်း သတင်းတွေမှာ‌ ဖော်ပြနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ဘောလုံးရာသီ ပြိုင်ပွဲ အရပ်ရပ်မှာ ဂိုး ၃၀ သွင်းခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို အသင်း ဘက်က ဆက်ထိန်းထားချင်ပေမယ့် လက်ရှိမှာ ပုံစံကောင်း ပျောက်ဆုံးသွားတာကြောင့် တရားဝင် ကမ်းလှမ်းမှု ရှိလာခဲ့ရင် စဉ်းစားသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၃၁ ပွဲ ပါဝင်ကစားရမှာ ၇ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်သာ ပြလုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် နောက်ပိုင်း ပွဲတွေမှာ နိုင်ပွဲ ဆာလောင်စိတ် ပျောက်ဆုံးနေခြင်းနဲ့ အတူ အာရုံစူးစိုက်မှုလည်း မရှိတဲ့ ရက်ရှ်ဖို့ဒ်ဟာ တဖြည်းဖြည်း စွမ်းဆောင်ရည် ကျဆင်းနေတယ် ဆိုတာ ပေါ်လွင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ရက်ရှ်ဖို့ဒ်က ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၄ နှစ် ကျန်ရှိနေတာကြောင့် သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးသာ ရရင် ရက်ရှ်ဖို့ဒ်ကို ရောင်းထုတ်သွားဖွယ် ရှိနေတာပါ။

ပရီးမီးယားလိဂ် ကလပ်ဟာ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အသင်းရဲ့ ပထမ ပွဲထွက် လူစာရင်းမှာ ပါတဲ့ ကစားသမား အများအပြား အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ဖို့ ဆန္ဒ ရှိနေတာ ဖြစ်ပါတယ်။ အသင်းပိုင်ရှင်သစ် ရက်ကလစ်ဖ် အပါအဝင် ဘုတ် အဖွဲ့ဝင်တွေက လာမယ့် လအနည်းငယ် အတွင်း အိုးထရက်ဖို့ဒ်ကို မြေလှန်ဖို့ စီစဉ်ထားပြီး နည်းပြ အဲရစ်ခ် တန်ဟက်ဂ်လည်း အသင်းမှာ ဆက်ရှိဖို့ မသေချာကြောင်း သတင်းတွေ ထွက်နေပါတယ်။

၂၀၂၃-၂၄ ဘောလုံး ရာသီ အတွင်း ကစားသမား အနည်းငယ်သာ ယူနိုက်တက်မှာ ခြေစွမ်းပြနိုင်ခဲ့ကြပြီး ကျန်ကစားသမား အများအပြား ကတော့ ကျေနပ်လောက်တဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့ကြတာ အားလုံးလည်း အသိပါ။ အခုအခါမှာတော့ ယူနိုက်တက်ဟာ တစ်သင်းလုံး နီးပါးကို အပြောင်းအလဲ လုပ်ဖို့ လက်တွေ့ကျတဲ့ အဆိုပြုချက်တွေကို ထည့်သွင်း စဉ်းစားသွားဖို့ ရှိနေကြောင်း တယ်လီဂရပ်ဖ်က ဖော်ပြထားပါတယ်။ ဒီအခြေအနေမှာ ဘရူနို ဖာနန်ဒက်စ်နဲ့ ဟယ်ရီ မက်ဂွိုင်းယား တို့လို ကစားသမားတွေ ကတော့ ယူနိုက်တက်ရဲ့ အနာဂတ် အသင်းမှာ ဆက်ရှိနေနိုင်ပြီး လူငယ်ကြယ်ပွင့် ကိုဘီ မိန်းနူး၊ ဂါနာချိုနဲ့ ဟွိုက်ဂျ်လန်း တို့ကိုလည်း ယူနိုက်တက်မှာ ဆက်လက် မြင်တွေ့ရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်