နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မီဂွယ် ဂူတီယာရက်ဇ်ကို တိုက်ရိုက် ချိတ်ဆက်ထားတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အသင်းရဲ့ ဘယ်ခြမ်း ခံစစ်ကို အင်အားဖြည့်တင်းဖို့ ရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ လိုအပ်ချက် ရှိနေတဲ့ ဘယ်ခြမ်း ခံစစ် အတွက် ထိပ်တန်း ကစားသမား အများအပြားကို ပစ်မှတ်ထားလျက် ရှိပြီးတော့ အခုနောက်ဆုံး မှာတော့ ဂီရိုနာက မီဂွယ် ဂူတီယာရက်ဇ်ကို ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ယူနိုက်တက်ဟာ အသက် ၂၃ နှစ် အရွယ် ရီးရဲလ်မက်ဒရစ် အကယ်ဒမီထွက် ဘယ်နောက်ခံ ကြယ်ပွင့် ဂူတီယာရက်ဇ်ကို တိုက်ရိုက် ဆက်သွယ် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ အစောပိုင်းမှာ ယူနိုက်တက်ဟာ ဘယ်နောက်ခံလူ နေရာ အတွက် ဘေယန်မြူးနစ်က အယ်လ်ဖွန်ဆို ဒေးဗီးစ် ၊ ဘင်ဖီကာမှာ ခြေစွမ်းပြနေတဲ့ ကစားသမားဟောင်း အဲလ်ဗာရို ဖာနန်ဒက်ဇ်၊ ဘုန်းမောက် ဘယ်နောက်ခံလူ ကာကစ်ဇ်နဲ့ ဝုဗ်က ရာယန် အစ်နျူရီ တို့ကို ပစ်မှတ်ထားနေခဲ့တာပါ။ 

ဒီလို ဘယ်နောက်ခံလူတွေကို ချိန်ရွယ်ထားရာ ကနေ ယူနိုက်တက်က အခု နောက်ဆုံး မှာတော့ ဂီရိုနာရဲ့ စပိန် ဘယ်နောက်ခံလူ ဂူတီယာရက်ဇ်ကို စိတ်ဝင်စားလာခဲ့ကာ ခပ်မြန်မြန် ချိတ်ဆက်မှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ်ရဲ့ စိတ်ဝင်စားမှုကို သိရှိခဲ့တဲ့ ဂီရိုနာ ကလည်း ဂူတီယာရက်ဇ် အတွက် ယူရို ၃၅ သန်းထက် ပိုတဲ့ တန်ကြေးနဲ့သာ ရောင်းထုတ်သွားလိုနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့လည်း ဒီကစားသမား အတွက် အနိမ့်ဆုံး ယူရို ၄၅ သန်း ကနေ သန်း ၅၀ အကြား အသုံးပြုသွားရဖို့ ရှိနေပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် ကနေ ဂီရိုနာကို ပြောင်းရွှေ့ခဲ့တဲ့ ဂူတီယာရက်ဇ်ဟာ လက်ရှိမှာ ဂီရိုနာရဲ့ မရှိမဖြစ် အဓိကကျတဲ့ ကစားသမား တစ်ဦး ဖြစ်နေခဲ့သူပါ။ ဒီကစားသမားကို ပရီးမီးယားလိဂ် အပါအဝင် ဥရောပထိပ်တန်း ကလပ် များစွာကို အလိုရှိနေပေမယ့်လည်း ဂီရိုနာ ဘက်ကတော့ ရောင်းထုတ်ဖို့ထက် အသင်းမှာ ဆက်ထိန်းထားဖို့သာ လိုလားနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂူတီယာရက်ဇ်က ဂီရိုနာနဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသလို သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေး ကလည်း ယူရို ၃၅ သန်း တန်ကြေး ရှိနေခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်က ဂူတီယာရက်ဇ်ကို ဂီရိုနာဆီ ရောင်းချခဲ့စဉ်တုန်းက အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောင်းရွှေ့ကြေးရဲ့ ထက်ဝက်ကို ပြန်လည် ပေးချေရမယ် ဆိုတဲ့ သဘောတူညီချက် ထည့်သွင်းချုပ်ဆို ထားပါတယ်။ ဒီအချက်ကပဲ ဂူတီယာရက်ဇ်ကို ခေါ်ယူချင်တဲ့ အသင်းတွေ အတွက် အခက်အခဲ ဖြစ်လာဖို့တော့ ရှိနေတာ ဖြစ်ပါတယ်။ 

ဂူတီယာရက်ဇ်ဟာ ဂီရိုနာမှာ ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ၉၉ ပွဲ ကစားကာ ၆ ဂိုး သွင်းယူထားပါတယ်။ ဒီရာသီမှာတော့ စပိန်သားက ဂီရိုနာ အတွက် ပြိုင်ပွဲစုံ ၁၆ ပွဲ ပါဝင်ကစားထားပြီးတော့ ၁ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်