နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိတ်ပျက်စရာကောင်းတဲ့ရာသီ ဖြစ်ခဲ့ရခြင်းမှာ ဒဏ်ရာရကစားသမား များပြားခဲ့ခြင်းကြောင့်လို့ တန်ဟက်ဂ်ပြော | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က သူ့တို့ အသင်း အနေနဲ့ စိတ်ပျက်စရာ ကောင်းတဲ့ ရာသီ အဖြစ် ဖြတ်သန်းခဲ့ရခြင်းမှာ အဓိကက ဒဏ်ရာ ပြဿနာတွေကြောင့် ဖြစ်တယ်လို့ ညီးတွား ပြောဆိုခဲ့ပါတယ်။

အဲရစ်ခ် တန်ဟက်ဂ်က ၂၀၂၂/၂၃ ဘောလုံးရာသီမှာ သရဲနီတွေနဲ့ အတူ သူ့ရဲ့ ပွဲဦးထွက် ဆုဖလား အဖြစ် ခရာဘောင်ဖလားကို ကိုင်မြှောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ် မှာလည်း ထိပ်ဆုံး ၃ သင်းနေရာ ဝင်ခဲ့ပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလားမှာလည်း ဗိုလ်လုပွဲ တက်ခဲ့ပြီး မန်စီးတီးကို အရေးနိမ့်ကာ ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ပါတယ်။

တန်ဟက်ဂ်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အန်ဒရေ၊ အိုနာနာ၊ မေဆန်မောင့်နဲ့ ရက်စ်မက်စ် ဟွိုက်ဂျ်လန်း တို့လို ကစားသမားတွေကို ခေါ်ယူခဲ့ပြီး ကြီးမားတဲ့ မျှော်လင့်ချက်တေွ ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ချန်ပီယံလိဂ်မှာ အုပ်စု ဘိတ်ချေး နေရာ ကနေ ထွက်ခွာခဲ့ရသလို လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ၇ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၁၃ မှတ် အထိ ပြတ်တောက်နေပြီး စပါးနဲ့ ၆ မှတ်၊ နယူးကာဆယ်နဲ့ ၂ မှတ် ကွာဟနေပါတယ်။ ဒါ့အပြင် ချဲလ်ဆီးရဲ့ ၃ မှတ် အကွာက လိုက်လံ ဖိအားပေးခြင်းလည်း ခံနေရတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လက်ကျန် ပွဲစဉ် ၄ ပွဲ ကစားဖို့ ကျန်ရှိနေပြီး ခရစ္စတယ်ပဲလေ့စ်၊ အာဆင်နယ်၊ နယူးကာဆယ်၊ ဘရိုက်တန် တို့နဲ့ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ လက်ကျန် ပွဲစဉ် အခြေအနေအရ ဆိုရင် ယူနိုက်တက်တို့ တော်တော်လေး ပွဲကြပ်နေပြီး မထင်ရင် မထင်သလို အမှတ်ပေးဇယား အလယ်လောက် ကိုတောင် ကျဆင်းသွားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

လက်ရှိမှာ ယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ၇ နေရာမှာ ရှိနေပြီး အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၁၃ မှတ် အထိ ပြတ်တောက်နေပြီး စပါးနဲ့ ၆ မှတ်၊ နယူးကာဆယ်နဲ့ ၂ မှတ် ကွာဟနေပါတယ်။
အဆင့် ၄ နေရာက အက်စတွန်ဗီလာနဲ့ ၁၃ မှတ် အထိ ပြတ်တောက်နေတဲ့ ယူနိုက်တက်

တန်ဟက်ဂ်က ရာသီကြို ကာလမှာ ယူနိုက်တက်ကို ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်စေလိုကြောင်း ထုတ်ဖော် ပြောကြားထားခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ ယူနိုက်တက်က ခံစစ်အားနည်းတဲ့ အသင်း ဂိုးမသွင်းနိုင်တဲ့ အသင်း အဖြစ်သာ ကျော်ကြားလာခဲ့တာ ဖြစ်ပါတယ်။ ရာသီ တစ်လျှောက်လုံး အဓိက ကစားသမား အများအပြား ဒဏ်ရာပြသနာတွေ ရှိခဲ့ခြင်းက အသင်းကို ရလဒ်တွေ ဆိုးရွားစေခဲ့တာလည်း ဖြစ်ပါတယ်။

Sky Sportsရဲ့ ယူနိုက်တက် ဂန္တဝင် ဂယ်ရီနဗီးလ်နဲ့ အင်တာဗျူး တစ်ခုမှာ အဲရစ်ခ် တန်ဟက်ဂ်က သူ့ရဲ့ ကစားဟန် နဲ့ ပတ်သတ်ပြီး ‘စိတ်ပျက်စရာ’ ခံစားချက် ရှိမရှိ မေးမြန်းခဲ့ရာမှာ အခုလိုပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

“စိတ်ပျက်တယ် ဆိုတာနဲ့ ပတ်သတ်ပြီး ကျွန်တော်ဟာ လက်တွေ့ဆန်တဲ့ လူတစ်ယောက် ဖြစ်တာကြောင့် မှန်ကန်တဲ့ စကားလုံး မဟုတ်ပါဘူး” “မနှစ်က ကျွန်တော် ရောက်လာတုန်းက အသင်းကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပြီး အဆုံးမှာတော့ ဂိမ်းတွေ အနိုင်ရခဲ့ပါတယ်။ မနှစ်တုန်းက အရမ်းကို အောင်မြင်တဲ့ အသင်း တစ်သင်း အဖြစ် ဖန်တီးဖို့ နည်းလမ်းလည်း ရှာတွေ့ခဲ့တယ်။

“ဒီနှစ်မှာ ကျွန်တော်တို့ နောက်တစ်ဆင့် တက်ချင်ခဲ့ပါတယ်။ အိုနာနာဟာ နောက်တန်း ကနေ ကစားကွက် စတင်နိုင်တဲ့ ဂိုးသမား တစ်ဦး ဖြစ်သလို ရာသီ တစ်လျှောက်လုံး ဒဏ်ရာရရှိခဲ့တဲ့ မေဆန်မောင့် ကလည်း သွက်လက်တဲ့ ကွင်းလယ်ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ငယ်ရွယ်တဲ့ တိုက်စစ်မှူး အဖြစ် ဟွိုက်ဂျ်လန်းကို ခေါ်ယူနိုင်ခဲ့ပါတယ်။”

“တဖက်မှာတော့ ကျွန်တော်တို့ဟာ မှန်ကန်တဲ့ ရွေးချယ်မှုတွေကို ပြုလုပ်ခဲ့ပြီး အသင်းကို နောက်တစ်ဆင့် မြှင့်တင်နိုင်မယ်လို့လည်း ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာပြသနာတွေ ရောက်ရှိလာခဲ့ပြီး နောက်တန်း အတွက် အနေအထားအမျိုးမျိုး အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့ရပါတယ်။

“ကျွန်တော်တို့ ဒီရာသီမှာ ၄၇ ပွဲ ကစားထားခဲ့ပြီး နောက်တန်းမှာ ကစားသမား ပေါင်းစပ်မှု အကြိမ် ၃၀ အထိ ပြုလုပ်ခဲ့ရပါတယ်။ သူတို့ဟာ ရွေးချယ်စရာ မရှိခဲ့ပဲ အတင်းအကြပ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကစားသမားတွေ ဒဏ်ရာရနေလို့ပါပဲ။

“အဲဒီနောက်မှာတော့ ကတ်စ်မဲရိုးဟာ အချိန်အတော်ကြာ ဒဏ်ရာရခဲ့ပါတယ်။ ကျွန်တော်တို့ အသင်းမှာ ပြဿနာတွေ အများကြီး ရှိခဲ့ပြီး ကစားချင်တဲ့ ပုံစံ အတိုင်း အမြဲတမ်း မကစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ပရိသတ်တွေက အောင်မြင်တဲ့အသင်း၊ နိုင်ပွဲတွေနဲ့ အတူ အောင်ပွဲခံနိုင်တဲ့ အသင်း တစ်သင်းကို အမြဲတမ်း မြင်ချင်ကြပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အမြဲတမ်း ကြိုးစားပြီး အသင်း ကိုလည်း ချီးကျူးခဲ့ပါတယ်၊ ပွဲတိုင်းကို အနိုင်ဖို့ စိတ်ဓာတ် အပြည့်နဲ့ ကစားခဲ့ပါတယ်။ “ ကျွန်တော်တို့မှာ တိုးတက်မှုတွေ ရှိနေပါတယ်။ ဆောင်းရာသီ အားလပ်ရက်မှာ ဂိုးတွေ သွင်းနိုင်သလို ခြေစွမ်းလည်း ပိုကောင်းလာခဲ့ပါတယ်။ ၂၀၂၄ မှာ ရှုံးပွဲတွေ အများကြီး မရှိခဲ့ဘူး။ ၃ ပွဲပဲ ရှုံးခဲ့ပြီး သရေ ပွဲတွေတော့ များခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တာ ကတော့ ကိုယ့်ကိုကိုယ် ထိန်းထားဖို့ပါပဲ။ အနိုင်ရတဲ့ အလျောက် လမ်းကြောင်းမှန်ပေါ် ရောက်အောင် ဆွဲတင်ရပါမယ်။” လို့ တန်ဟက်ဂ်က ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်