ဥရောပဘောလုံးအသင်းတွေရဲ့ရာသီအကုန်မှာရပ်တည်နိုင်မယ့်အဆင့်တွေနဲ့ပတ်သတ်လို့အမြဲတမ်းခန့်မှန်းတွက်ချက်ပေးလေ့ရှိတဲ့စူပါကွန်ပျူတာကတော့ဒီတစ်ကြိမ်မှာလည်းမန်ချက်စတာယူနိုက်တက်ကိုမျက်နှာသာမပေးခဲ့ပြန်ပါဘူး။ဒီနှစ်ဘောလုံးရာသီပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာနည်းပြရူဘင်အမော်ရင်ရဲ့အသင်းကအဆင့်၁၃နေရာနဲ့သာရာသီသိမ်းလိမ့်မယ်လို့စူပါကွန်ပြူတာကတွက်ချက်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်စူပါကွန်ပြူတာဟာလစ်ဗာပူးလ်ကိုပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ်လို့လည်းခန့်မှန်းခဲ့ပါသေးတယ်။
BetVictor ရဲ့စူပါကွန်ပြူတာကနေလက်ရှိရာသီပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ရပ်တည်ချက်တွေတွက်ချက်ကြည့်ခဲ့တာဖြစ်ပါတယ်။ဒီလိုတွက်ချက်ရမှာယူနိုက်တက်ကရမှတ်၄၅မှတ်နဲ့လက်ရှိအဆင့်ရပ်တည်မှုဖြစ်တဲ့အဆင့်၁၃နေရာနဲ့သာရာသီသိမ်းမယ်ဆိုပြီးတွက်ချက်ခဲ့တာဖြစ်ပါတယ်။စူပါကွန်ပြူတာရဲ့တွက်ချက်မှုအတိုင်းသာဖြစ်လာခဲ့မယ်ဆိုရင်တော့ယူနိုက်တက်အနေနဲ့ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်အဆိုးရွှားဆုံးအဆင့်ရပ်တည်မှုနဲ့ရာသီသိမ်းရတော့မှာလည်းဖြစ်ပါတယ်။ဒီလိုသာဆိုရင်တော့ယူနိုက်တက်ဟာလာမယ့်ဘောလုံးရာသီဥရောပပြိုင်ပွဲတွေမှာပါဝင်ကစားခွင့်ရတော့မှာမဟုတ်တာကြောင့်အသင်းအတွက်သက်ရောက်မှုတွေရှိလာတော့မှာဖြစ်ပါတယ်။နောက်ဆက်တွဲအနေနဲ့ကစားသမားခေါ်ယူမှုအပိုင်းမှာသာထိခိုက်မှုတွေရှိလာမှာဖြစ်တာကြောင့်နည်းပြအတွက်တော့ခေါင်းကိုက်စရာပဲဖြစ်ပါတယ်။
ယူနိုက်တက်ဟာပြီးခဲ့တဲ့အောက်တိုဘာလကပရီးမီးယားလိဂ်မှာအဆင့်၁၄နေရာအထိကျဆင်းခဲ့သလိုအသင်းရဲ့နည်းပြဖြစ်တဲ့အဲရစ်ခ်တန်ဟက်ဂ်နဲ့လက်တွဲဖြုတ်ခဲ့ပါတယ်။အဲဒီနောက်သူ့ရဲ့နေရာမှာစပိုတင်းလစ္စဘွန်းရဲ့နည်းပြရူဘင်အမော်ရင်နဲ့အစားထိုးခဲ့ပါတယ်။ဒါပေမယ့လည်းအသင်းကလက်ရှိအချိန်ထိအဆင့်၁၃နေရာမှာပဲရှိနေခဲ့သလိုရုန်းကန်နေရဆဲလည်းဖြစ်ပါတယ်။ယူနိုက်တက်ဟာနည်းပြသစ်ရူဘင်အမော်ရင်လက်ထက်မှာ၅ပွဲကစားထားပြီး၂ပွဲနိုင်၊၂ပွဲရှုံး၊၁ပွဲသရေကျထားပါတယ်။ဒီရလဒ်ဟာယူနိုက်တက်ပရိသတ်တွေအတွေက်ကျေနပ်စရာအခြေအနေမဟုတ်ပေမယ့်လည်းနည်းပြသစ်နဲ့အတူပြောင်းလဲမှုတွေများစွာပြုလုပ်နေတာဖြစ်တာကြောင့်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
စူပါကွန်ပြူတာရဲ့နောက်ထပ်တွက်ချက်မှုအရတော့လစ်ဗာပူးလ်ကရာသီကုန်မှာပရီးမီးယားလိဂ်ချန်ပီယံဆုရရှိမယ်လို့သိရပါတယ်။ဒါ့အပြင်ချဲလ်ဆီးကအဆင့်၂၊အာဆင်နယ်ကအဆင့်၃နေရာနဲ့ရာသီသိမ်းပြီးမန်စီးတီးကတော့အဆင့်၄နေရာမှာသာရပ်တည်နိုင်မယ်လို့သိရပါတယ်။စူပါကွန်ပြူတာရဲ့တွက်ချက်မှုကမှန်ကန်မလားဆိုတာတော့ရာသီအကုန်မှာအဖြေပေါ်တော့မှာဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.