နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ရစ်ချာလီဆင်ကို ရောင်းထုတ်တော့မယ့် စပါး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါး ကတော့ အသင်းမှာ ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ရစ်ချာလီဆင်ကို ရောင်းထုတ်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ရစ်ချာလီဆင်ဟာ ၂၀၂၂ ခုနှစ် နွေရာသီမှာ အဲဗာတန် ကနေ စပါးကို အပိုဆုကြေး အပါအဝင် ပေါင်သန်း ၆၀နဲ့ ပြောင်းရွှေ့လာခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရစ်ချာလီဆင်က တော့တင်ဟမ်ဟော့စပါးကို ရောက်ရှိချိန်မှာ ဒဏ်ရာ ပြဿနာတွေနဲ့သာ ရုန်းကန်နေရပြီးတော့ အသင်း အတွက် အကျိုးမပြုနိုင် ဖြစ်နေသူပါ။ ရစ်ချာလီဆင်ဟာ ဒီရာသီမှာ တော့တင်ဟမ်ဟော့စပါး အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၇ ပွဲသာ ကစားပေးထားနိုင်ပြီး ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ စပါးက ရစ်ချာလီဆင်ကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေပြီးတော့ ကမ်းလှမ်းမှုတွေ ကိုလည်း လက်ခံ စဉ်းစားသွားမယ်လို့ သိရပါတယ်။ ရစ်ချာလီဆင်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာကတည်းက အသင်းပြောင်းရွှေ့ဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူကိုယ်တိုင် ကတော့ ထွက်ပေါ်နေတဲ့ သတင်းတွေကို အမှားတွေသာ ဖြစ်ကြောင်း မြောက်လန်ဒန် ကလပ် မှာပဲ ဆက်ရှိနေဦးမှာ ဖြစ်ကြောင်း တုန့်ပြန်ပြောဆိုခဲ့ဖူးပါတယ်။

ရစ်ချာလီဆင်ဟာ ဒီရာသီမှာ တော့တင်ဟမ်ဟော့စပါး အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၇ ပွဲသာ ကစားပေးထားနိုင်ပြီး ဒဏ်ရာကြောင့် အနားယူနေရတာ ဖြစ်ပါတယ်။
ခရာဘောင် လိဂ်ဖလား မှာတော့ ယူနိုက်တက်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်လှမ်းသွားတဲ့ ရစ်ချာလီဆင်

သတင်းတွေအရ ဆိုရင် ရစ်ချာလီဆင်ဟာ တော့တင်ဟမ်ဟော့စပါးမှာ မပျော်မရွှင် ဖြစ်နေတယ်လို့ ဖော်ပြထားပြီး စပါး ဘက်ကလည်း သူ့ကို ရောင်းထုတ်သွားဖို့ ပြင်ဆင်နေကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ရစ်ချာလီဆင် ကတော့ ဒီသတင်းတွေဟာ အခြေအမြစ် မရှိတဲ့ အတုအယောင် သတင်းတွေသာ ဖြစ်ကြောင်း နောက်ရာသီ ပရီးမီးယားလိဂ် မှာပဲ ဆက်လက် ကစားရဦးမှာ ဖြစ်ကြောင်း ပြောကြားထားခဲ့ပါတယ်။

ရာသီအစပိုင်းမှာ စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူးက အသင်းမှာ ရှိတဲ့ ကစားသမား တော်တော်များများကို ထွက်ခွာခွင့်ပေးသွားဖို့ ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် ကလပ်ရဲ့ အရောင်း စာရင်းထဲမှာ ကစားသမား ၈ ဦး အထိ ရှိနေကြောင်း ဖော်ပြထားခဲ့ပါသေးတယ်။ အဲဒီ စာရင်းထဲမှာ တိုက်စစ်မှူး ရစ်ချာလီဆင်လည်း ပါဝင်နေပြီး ပိုစတီကိုဂလူး အနေနဲ့ ဒီရာသီမှာ အသင်းကို အကောင်းဆုံး ပြန်လည် တည်ဆောက်ဖို့ စိတ်အားထက်သန်ခဲ့တာ ဖြစ်ပါတယ်။

ရစ်ချာလီဆင်ဟာ ၂၀၂၂/၂၃ စပါးနဲ့ ပထမဦးဆုံး ဘောလုံး ရာသီမှာ သွင်းဂိုး ၁ ဂိုးသာ ရရှိခဲ့ပြီး ရုန်းကန်ခဲ့ရသူပါ။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီ မှာတော့ ပုံစံကောင်းတွေ ပြန်လည် ရရှိခဲ့ပြီး သွင်းဂိုး ၁၁ ဂိုး ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရာဇီးလ်သားဟာ မကြာခဏ ဆိုသလို ဒဏ်ရာပြသနာတွေ ရှိနေပြီး စပါး အနေနဲ့ နော့တင်ဟမ်ဖောရက်စ်က ဘရန်နန် ဂျွန်ဆင်ကို ခေါ်ယူခဲ့သလို ဇန်နဝါရီလ မှာလည်း လိုက်ပ်ဇစ်က တီမိုဗာနာ ကိုလည်း အငှားနဲ့ ခေါ်ယူကာ အားဖြည့်ခဲ့ရပါတယ်။

အန်ဂျီ ပိုစတီကိုဂလူးရဲ့ စပါး ကတော့ လက်ရှိ ရာသီ ပရီးမီးယားလိဂ် မှာ ရှုံးပွဲ ၇ ပွဲ အထိ ရှိထားကာ ရမှတ် ၂၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရှိနေခဲ့ပါတယ်။ စပါးက ခရာဘောင် လိဂ်ဖလား မှာတော့ ယူနိုက်တက်ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်