နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မျှော်လင့်ချက် ကိုယ်စီ အတွက် အကြိတ်အနယ် ကစားကြမယ့် စပါးနဲ့ ဖောရက်စ် | ပရီးမီးယားလိဂ် (ပွဲကြိုသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး – နော့တင်ဟမ်ဖောရက်စ်

တနင်္ဂနွေနေ့ညမှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲထဲက နောက်ဆုံး ပွဲအဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ နော့တင်ဟမ်ဖောရက်စ်တို့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အားခဲနေတဲ့ စပါးနဲ့ တန်းဆင်းဇုန် ဖိအားတွေ အောက်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ဖောရက်စ် ဘယ်အသင်း အသာရသွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ လူတန်တောင်းကို အနိုင်ရခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာ လန်ဒန် မြို့ခံ ပြိုင်ဘက် ဝက်စ်ဟမ်းနဲ့ သရေကျခဲ့လို့ ရမှတ် ဆုံးရှုံးခဲ့ရပါတယ်။ စပါးဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ဗီလာ ထက် တစ်ပွဲလျော့ ကစားပြီး ၂ မှတ် အကွာနဲ့ ဖိအားပေးနေတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အပြည့်အဝ ရှိနေတဲ့ စပါးတို့ ဒီပွဲကို အမှားမခံစတမ်း ကစားဖို့ ရှိပြီး ဖောရက်စ်ရဲ့ ရုန်းအား တစ်ခုကြောင့်တော့ ခက်ခဲသွားနိုင်ပါတယ်။ စပါးရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင် ၁၁ ပွဲနိုင်၊ ၄ ပွဲ ရှုံးပြီး သရေပွဲ မရှိခဲ့ပါဘူး။

ရမှတ် လျှော့ခံရလို့ တန်းဆင်းဇုန်ကို ရောက်သွားတဲ့ ဖောရက်စ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် မရှုံးအောင် ကစားပြီး အဆင့် ၁၇ နေရာကို ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပါတယ်။ နူနို ဆန်းတို့စ်ရဲ့ အသင်းက ပြီးခဲ့တဲ့ ပွဲမှာဆိုရင် ဖူလ်ဟမ်ကို အိမ်ကွင်းမှာ ဂိုးပြတ် အနိုင်ရခဲ့ပြီး ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းမှာပါ ကောင်းမွန်ခဲ့တာ တွေ့ရပါတယ်။ ဖောရက်စ်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ ၂ ပွဲသာ အနိုင်ရခဲ့ပြီး ၄ ပွဲ သရေ၊ ၉ ပွဲ အထိ ရှုံးနိမ့်ခဲ့ကာ အခြေအနေ ဆိုးခဲ့တာ တွေ့ရပါတယ်။


နှစ်ဖက်အသင်း သတင်းများ

အခုပွဲကိုတော့ စပါး ဘက်က ဆက်ဆနွန်၊ ရစ်ချာလီဆင်၊ ဆော်လမွန်၊ ဖော်စတာ၊ ဝှိုက်မန်း တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။

ရမှတ် လျှော့ခံရလို့ တန်းဆင်းဇုန်ကို ရောက်သွားတဲ့ ဖောရက်စ် ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲဆက် မရှုံးအောင် ကစားပြီး အဆင့် ၁၇ နေရာကို ပြန်လည် တက်လှမ်းလာနိုင်ခဲ့ပါတယ်။
တန်းဆင်းဇုန် ဖိအားအောက် ကနေ ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ နော့တင်ဟမ်ဖောရက်စ်

နော့တင်ဟမ်ဖောရက်စ် မှာတော့ ဘိုလီ၊ အေဝန်နီရီ၊ နူနို တာဗာရက်စ်တို့ လွဲချော်ကြမှာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

တော့တင်ဟမ်ဟော့စပါး – ဗစ်ကာရီယို၊ ပေါ်ရို၊ ရိုမဲယို၊ ဗန်ဒီဗန်၊ အူဒိုဂီ၊ ဘန်တန်ကာ၊ ဘစ်ဆူးမား၊ ဂျွန်ဆင်၊ မက်ဒီဆင်၊ တီမို ဗာနာ၊ ဆွန်

နော့တင်ဟမ်ဖောရက်စ် – ဆဲလ်စ်၊ ဝီလီယမ်စ်၊ အိုမိုဘမ်မီဒယ်လီ၊ မူရီလို၊ အိုင်နာ၊ ဒန်နီလို၊ ရိတ်စ်၊ အီလန်ဂါ၊ ဂစ်ဘ် ဝှိုက်၊ ဟက်ဒ်ဆန် အိုဒွိုင်း၊ ဝုဒ်


ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်းက ၅ ကြိမ် တွေ့ဆုံခဲ့ရာမှာ စပါးက ၄ ကြိမ် နိုင်ပြီး ဖောရက်စ်က ၁ ကြိမ် ပြန်လည် အနိုင်ရခဲ့ပါတယ်။ စပါးဟာ ဖောရက်စ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲဆက် အနိုင်ရထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၅ ပွဲ စွမ်းဆောင်ရည်ကို ပြန်ကြည့်ရင်တော့ စပါးက ၃ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးခဲ့ပြီး ဖောရက်စ် ကတော့ ၁ ပွဲ နိုင်၊ ၂ ပွဲ သရေ၊ ၂ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်

SBOTOPရဲ့ 1X2 မှာ စပါး နိုင်ရင် ၁.၃၇ ဆ၊ ဖောရက်စ် နိုင်ရင် ၆.၂၀ ဆနဲ့ သရေ ဆိုရင်တော့ ၄.၇၂ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာတော့ စပါးက တစ်လုံး တစ်ဝက်ရှုံး၊ တစ်လုံး အရှုံး၊ ၂ လုံး တစ်ဝက်စား ကြေးတွေ ပေါက်နေပြီး ဂိုးပေါင်း ကတော့ ၃ လုံးက စဖွင့်ပါတယ်။ ဖောရက်စ်တို့ တန်းမဆင်းရဖို့ ရုန်းကန်နေပေမယ့် စပါးလို အသင်းနဲ့ တေ့တေ့ဆိုင်ဆိုင် ကစားရင်တော့ မထင်မှတ်တာတွေ လုပ်ပြဖို့ မလွယ်ပါဘူး။ စပါးကလည်း အမှတ်လိုနေတာ ဖြစ်လို့ အားထည့်ကစားမှာပါ။ စပါး ဂိုးပြတ် နိုင်ပွဲ ရသွားနိုင်ပါတယ်။

ခန့်မှန်းရလဒ်

တော့တင်ဟမ်ဟော့စပါး ၁-၂ နော့တင်ဟမ်ဖောရက်စ်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်