နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမ်မရာဘတ်ကို ပစ်မှတ်ထားလာတဲ့ စပယ်ရှယ်ဝမ်းကြီးရဲ့ ဖီနာဘာချီ | ပရီးမီးယားလိဂ်

လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာယူနိုက်တက်မှာ ဆက်ရှိဖြစ် မရှိဖြစ် မသေချာသေးတဲ့ ဆိုဖရန် အမ်မရာဘတ် ကိုတော့ ဖီနာဘာချီ အသင်းက ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ မော်ရိုကို ကွင်းလယ်လူ အမ်မရာဘတ်က ယူနိုက်တက်ကို အပြီးသတ် သို့မဟုတ် နောက်ထပ် တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်နေပေမယ့်လည်း မသေချာသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီအချိန်မှာ စပယ်ရှယ်ဝမ်း ကိုင်တွယ်နေတဲ့ တူရကီ ထိပ်သီး ကလပ် ဖီနာဘာချီက အမ်မရာဘတ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ဆိုဖရန် အမ်မရာဘတ်ကို ကမ်းလှမ်းဖို့ ယူနိုက်တက်ရဲ့ ဒုတိယမြောက် အစီအစဉ် ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်က သူတို့ လိုချင်တဲ့ ကွင်းလယ် ကစားသမားတွေကို အရင် ဦးဆုံး ခေါ်ယူဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။ အကယ်၍ ယူနိုက်တက် အနေနဲ့ ပီအက်စ်ဂျီက အူဂါတေး သို့မဟုတ် ဆိုစီဒက်က ဇူဘီမန်ဒီ ကိုသာ ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ အမ်မရာဘတ်နဲ့ ရာဘီယော့တ် တို့ကို လက်လျှော့သွားဖွယ် ရှိနေပါတယ်။ ဒီလိုမျိုး ယူနိုက်တက်ရဲ့ ကွင်းလယ် ကစားသမား အပြောင်းအရွှေ့တွေ မရေရာ မသေချာသေးချိန်မှာ ဖီနာဘာချီက အမ်မရာဘတ်ကို စိတ်ဝင်စားလာခဲ့ပြီးတော့ မကြာခင်မှာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေပြီ ဖြစ်ပါတယ်။ တူရကီ ကလပ် ဖီနာဘာချီဟာ လာမယ့် ဘောလုံးရာသီသစ် အတွက် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး အောင်မြင်မှုတွေ ရရှိဖို့ အတွက် နည်းပြ အဖြစ်လည်း စပယ်ရှယ်ဝမ်းကြီး ဟိုဆေး မော်ရင်ဟို ကို ခန့်အပ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဖီနာဘာချီက သူတို့ရဲ့ အသင်း အတွက် စိန့်မက်ဆီမင်နဲ့ အန်နက်ဆီရီ တို့လို အတွေ့အကြုံရင့် တိုက်စစ် ကစားသမားကောင်းတွေကို ခေါ်ယူထားခဲ့ပါသေးတယ်။ ဒါ့အပြင် လက်ရှိမှာ အမ်မရာဘတ်လို အရည်အသွေးမြင့် ကွင်းလယ်ကစားသမား တစ်ဦး ကိုပါ ထပ်မံ ကြိုးပမ်းနေပြီး ခေါ်ယူနိုင်ခဲ့မယ် ဆိုရင်တော့ တော်တော်လေး တောင့်တင်းသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ဆိုဖရန် အမ်မရာဘတ်ကို ကမ်းလှမ်းဖို့ ယူနိုက်တက်ရဲ့ ဒုတိယမြောက် အစီအစဉ် ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်က သူတို့ လိုချင်တဲ့ ကွင်းလယ် ကစားသမားတွေကို အရင် ဦးဆုံး ခေါ်ယူဖို့ ကြိုးပမ်းမှာ ဖြစ်ပါတယ်။
ဖီနာဘာချီရဲ့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ အမ်မရာဘတ်

အမ်မရာဘတ်ဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ကာတာ ကမ္ဘာ့ဖလားမှာ မော်ရိုကို အသင်းနဲ့ အတူ အကောင်းဆုံး တောက်ပပြနိုင်ခဲ့တာကြောင့် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်ခဲ့သူပါ။ ဒီကစားသမားကို ယူနိုက်တက်က ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ ဖီအိုရင်တီးနားကနေ တစ်ရာသီ အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူခဲ့ပါတယ်။ အမ်မရာဘတ်ဟာ မော်ရိုကိုနဲ့ ဖီအိုရင်တီးနား တို့မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့်လည်း ယူနိုက်တက်မှာတော့ ခြေစွမ်းပြဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပြီး ရာသီကုန်ခါနီးမှသာ ပုံမှန် ခြေစွမ်းတွေ ပြန်လည် ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ယူနိုက်တက်က အမ်မရာဘတ် အတွက် ထည့်သွင်းချုပ် ဆိုထားတဲ့ အပြီးသတ် ခေါ်ယူခွင့် အတိုင်း ခေါ်ယူသွားမှာ မဟုတ်ကြောင်း ဖီအိုရင်တီးနားဆီ အသိပေးထားပြီး တခြားသော ကမ်းလှမ်းမှုမျိုးနဲ့သာ ခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က ဒီရာသီမှာ ဂျော်ရွှာ ဇီယက်ခ်ဇီးနဲ့ လီနီ ယိုရို တို့ နှစ်ဦးကိုသာ ခေါ်ယူထားရသေးပြီး အခြား ပစ်မှတ်တွေ ကိုတော့ ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အူဂါတီ၊ ဇူဘီမန်ဒီတို့ အပြင် ခံစစ် အတွက် မားသီးယက်စ် ဒီလစ်ဂျ်နဲ့ နူဆာ မက်ဇရာရီ တို့ကိုလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်