နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်ယူနိုက်တက်က ထွက်ဖို့ အခွင့်အရေး ရရှိခဲ့ပြီဖြစ်တဲ့ ဆန်ချို (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၁၁ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်ယူနိုက်တက်က ထွက်ဖို့ အခွင့်အရေး ရရှိခဲ့ပြီဖြစ်တဲ့ ဆန်ချို 

ဒေါ့မန်က လာမယ့် ဇန်နဝါရီလမှာ အငှားနဲ့ ခေါ်ယူဖို့ စီစဉ်နေတာကြောင့် ဂျေဒန် ဆန်ချိုဟာ ပရီးမီးယားလိဂ် ကလပ် ကနေ ထွက်ခွာဖို့ အခွင့်အရေး ရရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဆန်ချိုဟာ အဲရစ်ခ် တန်ဟက်ဂ်က ၎င်းကို အသင်းရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည် အတွက် ခုတုံးလုပ်နေတယ်လို့ ပြောကြားခဲ့ပြီးနောက် ဒတ်ချ် လူမျိုး နည်းပြနဲ့ ဆက်ဆံရေး ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။ 

ဆန်ချိုရဲ့ အနာဂတ်ဟာ မရေမရာဖြစ်လာခဲ့တာ ဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က ယခုတပတ်မှာ အယ်လ် အတ်တီဖတ်နဲ့ အငှားသဘောတူညီမှု အတွက် ဆွေးနွေးခဲ့ပေမယ့်လည်း ဆော်ဒီ ပရိုလိဂ် ကလပ်က မန်ယူနိုက်တက်နဲ့ သဘောတူညီမှု ရရှိခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ အသင်းဟောင်း ဒေ့ါမွန်က အသက် ၂၃ နှစ် အရွယ် ကစားသမားနဲ့ အဲရစ် တန်ဟက်ဂ် တို့ရဲ့ ဆက်ဆံရေးက ပြန်လည် ပြင်ဆင်လို့ မရနိုင်ဘူး ဆိုရင် ဇန်နဝါရီလမှာ အငှားနဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ 


မောင့်ရဲ့ မန်ယူနိုက်တက်ကို ပြောင်းရွှေ့မှုမှာ ဘယ်သူမှမသိတဲ့ ဇာတ်လမ်း ရှိတယ် ဆိုတဲ့ တယ်ရီ 

ချဲလ်ဆီး ဂန္တဝင် ဂျွန် တယ်ရီက မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့တဲ့ မေဆန် မောင့်ရဲ့ အပြောင်းအရွှေ့မှာ ဘယ်သူမှ မသိခဲ့တဲ့ ဇာတ်လမ်း ရှိတယ်လို့ ပြောဆိုခဲ့ပြီး အင်္ဂလန် ကွင်းလယ် ကြယ်ပွင့် အနေနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်လည် လာရောက်တဲ့ အခါမှာ အလွန်အကျွံတွေ မတိုက်ခိုက်ကြဖို့ ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။ 

မေဆန် မောင့်ဟာ ယခုနွေရာသီမှာ ချဲလ်ဆီးနဲ့ ၁၈ နှစ်တာ သံယောဇဉ်ကို ဖြတ်တောက်ပြီး အဲရစ်ခ် တန်ဟက်ဂ်ရဲ့ အသင်းကို ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ် အရွယ် ကွင်းလယ်လူဟာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့တာ ဖြစ်ပြီး အလွတ်နဲ့ ထွက်ခွာခွင့်ပေးရမယ့် အစား အကယ်ဒမီထွက် ကစားသမား အတွက် ငွေကြေးရှာဖွေဖို့ ချဲလ်ဆီးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မေဆန် မောင့်ဟာ ချဲလ်ဆီး ပထမအသင်းမှာ အဓိက ကစားသမားတစ်ဦး ဖြစ်တဲ့ ဂုဏ်ပုဒ်နဲ့အညီ လုပ်ခလစာကို ပေါင် ၈ သောင်း ကနေ ပေါင် ၂ သိန်း ၄ သောင်း အထိ တိုးမြှင့်ရရှိချင်ခဲ့ပေမယ့် ချဲလ်ဆီးက တော့ဒ် ဘိုလေ လက်အောက်မှာ ကြီးမားတဲ့ ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် FFP ရန်ကို ကြောက်ပြီး လစာမတိုးပေးခဲ့တာဖြစ်ပါတယ်။ FFP ကို မျက်လှည့်ပြတဲ့အနေနဲ့ ချဲလ်ဆီးဟာ ကစားသမားသစ်တွေ ခေါ်ယူရာမှာ ရှည်လျားတဲ့ စာချုပ်သက်တမ်းတွေ ချုပ်ဆိုခဲ့ပြီး အဲဒီလို ပြုလုပ်ခြင်းအားဖြင့် တစ်နှစ်စာ လစာပေးချေမှု ပမာဏမှာ လျော့နည်းသွားတာ ဖြစ်ပါတယ်။ 

ချဲလ်ဆီးက မေဆန် မောင့် ကိုလည်း ၇ နှစ်စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း စာချုပ်ပါ အချက်တွေက အင်္ဂလန် ကွင်းလယ် ကစားသမား တောင်းဆိုတဲ့ အရာတွေနဲ့ မကိုက်ညီခဲ့တဲ့ အတွက် စတမ်းဖို့ဒ် ဘရစ်ချ်ကို စွန့်ခွာခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီး ဂန္တဝင် ဂျွန် တယ်ရီက လက်ရှိမှာတော့ မေဆန် မောင့်ရဲ့ အပြောင်းအရွှေ့မှာ အဲဒီထက် ပိုတဲ့ ကိစ္စတွေ ရှိခဲ့တယ်လို့ ပြောကြားခဲ့ပြီး စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြန်လည် ရောက်ရှိလာတဲ့ အချိန်မှာ ပရိသတ်တွေ အနေနဲ့ ပြင်းပြင်းထန်ထန် မတုံ့ပြန်ကြဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ 


အင်္ဂလန်နဲ့ ပွဲက ရခဲ့တဲ့ ဒဏ်ရာကြောင့် မူဒရစ်ခ်ကို ဆုံးရှုံးခဲ့ရတဲ့ ချဲလ်ဆီး 

မူဒရစ်ခ်ရဲ့ ဒဏ်ရာ ပြဿနာက ပရီးမီးယားလိဂ် အသင်း အတွက်တော့ နောက်ထပ် ထိုးနှက်ချက် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
အသင်းမှာ ဒဏ်ရာပြသနာ များစွာ ရှိနေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးရဲ့ ဒဏ်ရာ ပြဿနာတွေဟာ စနေနေ့ညနေက အင်္ဂလန်နဲ့ ယူကရိန်း ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ မီခိုင်လို မူဒရစ်ခ် ခြေသလုံး ဒဏ်ရာရရှိခဲ့ပြီးနောက် ပိုမို ဆိုးရွားသွားခဲ့ပါတယ်။ မူဒရစ်ခ်ဟာ အင်္ဂလန်နဲ့ ၁-၁ သရေကျခဲ့တဲ့ ပွဲမှာ ယူကရိန်း အတွက် ပွဲထွက် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း မိနစ် ၉၀ မှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၂၂ နှစ် အရွယ် တောင်ပံ ကစားသမားဟာ အင်္ဂလန်နောက်ခံလူ ကိုင်လီ ဝေါ်ကာကို ယိုဟန် ခရိုက်ဖ် လှည့်ထွက်မှုနဲ့ ကျော်ဖြတ်ဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့တဲ့နောက် ခြေသလုံးကို ကိုင်ပြီး မြက်ခင်းပြင်ပေါ် လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ မူဒရစ်ခ်ဟာ မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရပြီးနောက် ဆေးကုသမှု ခံယူဖို့ လိုအပ်ခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှာ ရခဲ့တဲ့ ခြေသလုံး ဒဏ်ရာကြောင့် ဘယ်လိုမှ ဆက်မကစားနိုင်တော့ဘဲ လူစားလဲလှယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။  

ချဲလ်ဆီးဟာ ခရစ္စတိုဖာ အန်ကွန်ကူ၊ ရီးစ် ဂျိမ်းစ်၊ ဝက်စ်လေ ဖိုဖာနာ၊ ကာနီ ချူကဝူမီကာ၊ ထရီဗို ချာလိုဘက် တို့လို ကစားသမားတွေကို ဒဏ်ရာကြောင့် ဆုံးရှုံးထားရပြီး ဖြစ်ပါတယ်။ မူဒရစ်ခ်ရဲ့ ဒဏ်ရာ ပြဿနာက ပရီးမီးယားလိဂ် အသင်း အတွက်တော့ နောက်ထပ် ထိုးနှက်ချက် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်