စပိန် ဘယ်နောက်ခံလူ အဲလ်ဗာရိုး ဖာနန်ဒက်ဇ်ဟာ အခုနှစ် နွေရာသီမှ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကနေ ဘင်ဖီကာကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲလ်ဗာရိုး ဖာနန်ဒက်ဇ်က လက်ရှိ မှာတော့ ယူနိုက်တက် နည်းပြသစ် ဖြစ်လာတဲ့ ရူဘင် အမော်ရင်နဲ့ အတူ ယူနိုက်တက်ဆီ ပြန်ရောက်လာနိုင်ချေ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
ယူနိုက်တက်ဟာ အခုနှစ် ဘောလုံး ရာသီ အစပိုင်းမှာ ရလဒ်ပိုင်း ကျဆင်းမှုတွေကြောင့် အသင်းရဲ့ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်နဲ့ လက်တွဲဖြုတ်ခဲ့ပြီး သူ့ရဲ့ နေရာ မှာတော့ စပိုတင်းလစ္စဘွန်း နည်းပြ ရူဘင် အမော်ရင်နဲ့ ချက်ချင်းပဲ အစားထိုး ခန့်အပ်ခဲ့ပါတယ်။ လက်ရှိမှာ အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အမော်ရင်က နည်းပြ သက်တမ်း နုနယ်သေးပေမယ့် စပို့တင်းကို ကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာ ပေါ်တူဂီ အမှတ်ပေး ချန်ပီယံဆု ၂ ကြိမ်နဲ့ ပေါ်တူဂီ ရှုံးထွက် ဖလား ၂ ကြိမ် ရယူပေးထားနိုင်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တို၊ ဘင်ဖီကာ တို့လို အသင်းတွေကို ယှဉ်ပြိုင်နိုင်တဲ့ ပေါ်တူဂီရဲ့ ထိပ်တန်း အသင်းကြီး တစ်သင်း ဖြစ်လာအောင်လည်း စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။
ဒီလို စွမ်းဆောင်ရည်တွေကြောင့် အမော်ရင်ကို ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ်၊ ချဲလ်ဆီးနဲ့ မန်စီးတီး တို့က အလိုရှိခဲ့ပြီး ဝက်စ်ဟမ်းနဲ့လည်း သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ အမော်ရင်ဟာ ၃-၄-၃ ကစားကွက်ကို အသုံးပြုတတ်သူ ဖြစ်နေတာကြောင့် ဘယ်ခြမ်း ခံစစ် နေရာ အတွက် ဒဏ်ရာပြသနာတွေနဲ့ အမြဲတမ်း ရုန်းကန်နေရတဲ့ လုခ် ရှောနဲ့ မာလာစီယာ တို့ အစား ဘင်ဖီကာကို ရောင်းချတုန်းက ပြန်လည် ခေါ်ယူခွင့်ပါ ထည့်သွင်းထားတဲ့ အသက် ၂၁ နှစ် ဘယ်နောက်ခံလူ ဖာနန်ဒက်ဇ်ကို ပြန်လည် ခေါ်ယူသွားဖွယ် ရှိနေပါတယ်။
ဖာနန်ဒက်ဇ်ဟာ ၂၀၂၀ ခုနှစ် ကတည်းက ရီးရဲလ်မက်ဒရစ် လူငယ် အသင်း ကနေ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ကို ရောက်ရှိနေခဲ့တာ ဖြစ်ပြီး လူငယ်အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက် အသင်းကြီးမှာ နေရာ မရလို ဘင်ဖီကာဆီ အငှားနဲ့ အရင်သွားပြီးနောက် အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဲလ်ဗားရိုး ဖာနန်ဒက်ဇ်က ဘင်ဖီကာမှာ အထူးခြေစွမ်းပြနေပြီး သူ့ကို ဥရောပထိပ်တန်း ကလပ်တွေက စိတ်ဝင်စားနေသလို ယူနိုက်တက် ကလည်း ပြန်လည် ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ် အကယ်ဒမီ ကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ စပိန် နောက်ခံလူ ကတော့ ယခင်က အဲလ်ဗာရို ဖာနန်ဒက်ဇ်လို့ လူသိများသူ ဖြစ်ပါတယ်။ အဲလ်ဗားရိုး ဖာနန်ဒက်ဇ် အနေနဲ့ ဘင်ဖီကာကို အပြီးသတ် မပြောင်းရွှေ့ခင်မှာ ပရက်စ်တန် နော့သ် အန်း၊ ဂရန်နာဒါ တို့မှာ အငှားနဲ့ ကစားခဲ့သူ ဖြစ်ပါတယ်။ ပေါ်တူဂီ ထိပ်သီး ကလပ်ဟာ ဖာနန်ဒက်ဇ်ကို ယူရို သန်း ၅၀ (ပေါင် ၄၁.၇ သန်း)နဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်က ယူရိုသန်း ၂၀ (ပေါင် ၁၆.၇ သန်း)နဲ့ ပြန်လည် ဝယ်ယူခွင့်ကို စာချုပ်မှာ ထည့်သွင်း ချုပ်ဆိုခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.