နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်ဟာ ချန်ပီယံ စိတ်ဓာတ် မရှိလို့ အဆင့် ၂ နဲ့ပဲ ကျေနပ်ခဲ့ရတာပါ ဆိုတဲ့ ရိုဒရီ | ပရီးမီးယားလိဂ်

အာဆင်နယ် အသင်းဟာ ချန်ပီယံ စိတ်ဓာတ် မရှိလို့ အဆင့် ၂ နေရာနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ကြောင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီး အသင်းရဲ့ ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီက ဝေဖန် ပြောဆိုလိုက်ပါတယ်။

ရိုဒရီဟာ ဝက်စ်ဟမ်းကို ၃-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံအပြီး ပထမဦးဆုံး ပြုလုပ်တဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီဟာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အသင်း အတွက် အနိုင်ဂိုး တစ်ဂိုးလည်း သွင်းယူပေးခဲ့ပါသေးတယ်။

ရိုဒရီက “အရိုးသားဆုံး ဖြေရရင် စိတ်ဓာတ်ပိုင်းက အဓိကပါပဲ။ ပရီးမီးယားလိဂ် အသင်းတွေမှာ ထိပ်တန်း ကစားသမားတွေ အများကြီး ရှိကြပါတယ်။ အာဆင်နယ်မှာလည်း တူတူပါပဲ။ အာဆင်နယ်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ထိုက်တန်ခဲ့ပါတယ်။”

“သူတို့ အသင်းဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့ ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ သူတို့ အသင်းနဲ့ ကျနော်တို့ အသင်းကြားမှာ ရှိတဲ့ ကွာခြားချက် တစ်ခုကတော့ စိတ်ဓာတ်ပိုင်းပါပဲ။ အာဆင်နယ်ဟာ ဒီနေရာ (အက်တီဟတ်ကွင်း) ကို လာတုန်းက ကျွန်တော်တို့နဲ့ ကစားတုန်းက အနိုင်မလိုချင်ခဲ့ပါဘူး။ သူတို့ သရေရလဒ်ပဲ လိုချင်ခဲ့တာပါ။ ကျွန်တော်တို့ သူတို့ နေရာမှာဆို အဲ့လိုမျိုး ကစားခဲ့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြိုင်ဘက်ကို လိုက်မှီအောင် အနိုင်ကစားခဲ့မှာပါ။ သူတို့ ကျွန်တော်တို့ကို တစ်မှတ်ခွဲပေးခဲ့ပြီး လက်ကျန် ပွဲတွေမှာ ကျွန်တော်တို့ အနိုင်ကစားခဲ့ပါတယ်။ ဒီနှစ်သင်းကြားမှာ အဓိက ကွာခြားသွားခဲ့တာက စိတ်ဓာတ်ပိုင်းပါပဲ။” လို့ ရိုဒရီက ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ မတိုင်ခင် အထိ မန်စီတီးနဲ့ အာဆင်နယ်ဟာ ၂ မှတ်သာ ကွာဟနေခဲ့ပြီးတော့ ဂိုးကွာခြားချက်အရ အာဆင်နယ် ကတောင် အနည်းငယ် ပိုသာနေခဲ့တာပါ။ ဒါကြောင့် နောက်ဆုံး ပွဲမှာ မန်စီးတီး အနေနဲ့ ဝက်စ်ဟမ်းကို သရေ သို့မဟုတ် ရှုံးနိမ့်ပြီး အာဆင်နယ်က အဲဗာတန်ကို အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို အာဆင်နယ်တို့ ကိုင်မြှောက်နိုင်ခဲ့မှာပါ။ ဒါပေမယ့်လည်း အာဆင်နယ်တို့ အနိုင်ရခဲ့သလို မန်စီးတီး ကလည်း ဝက်စ်ဟမ်းကို ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် မန်စီးတီးပဲ ချန်ပီယံ ဖြစ်ခဲ့တာပါ။

ဒါကြောင့် မန်စီးတီးဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဘယ်အသင်းမှ မလုပ်ပြနိုင်သေးတဲ့ ၄ နှစ်ဆက် ချန်ပီယံ ဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင်သွားခဲ့ပြီး အာဆင်နယ် ကတော့ ၂ ရာသီဆက် ဒုတိယလူ အဖြစ်နဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

မီခဲလ် အာတေးတားရဲ့ အသင်း အနေနဲ့ နောက်ထပ် တစ်ရာသီ မန်စီးတီးရဲ့ အနောက် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပေမယ့် တစ်ရာသီထက် တစ်ရာသီ ပိုပြီး တိုးတက်လာတဲ့ ခြေစွမ်းတွေ မြင်တွေ့နေရသလို အနာဂတ်ကောင်း ရှိနေတယ် ဆိုတာလည်း မြင်သာပါတယ်။ လာမယ့် အပြောင်းအရွှေ့မှာ လိုအပ်နေတဲ့ ကစားသမား တချို့ ထပ်ပေါင်း ထည့်နိုင်ပြီ ဆိုရင်တော့ လာမယ့်ရာသီ အာဆင်နယ်ဟာ မန်စီးတီး အတွက် အနီးကပ် ပြိုင်ဘက် ဖြစ်လာဦးမယ့် သဘော ရှိပါတယ်။

မန်စီးတီး ဟာ ၇ နှစ် အတွင်း ၆ ကြိမ် မြောက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာ ဖြစ်သလို ပြိုင်ပွဲ သမိုင်းတလျှောက် ၄ နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ခဲ့တဲ့ ပထမဦးဆုံး အသင်းလည်း ဖြစ်ခဲ့ပါတယ်။ မန်စီးတီးဟာ ချန်ပီယံလိဂ် ကနေ ထွက်ခွာလာရပေမယ့် ဒီရာသီ မှာတော့ ပြည်တွင်း ဖလား နှစ်လုံး ကိုင်မြှောက်နိုင်ဖို့ သေချာသလောက် ရှိနေပြီး အက်ဖ်အေဖလား မှာလည်း ယူနိုက်တက်နဲ့ ဗိုလ်လုပွဲ ကစားရဦးမှာ ဖြစ်လို့ အခက်အခဲတော့ မရှိနိုင်ပါဘူး။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်