နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နည်းပြသစ်နဲ့ အလုပ်တွဲလုပ်ဖို့ စိတ်လှုပ်ရှားနေပြီ ဆိုတဲ့ ရော်ဘတ်ဆန် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် နောက်ခံလူ အန်ဒီ ရော်ဘတ်ဆန် ကတော့ နည်းပြသစ် အာနေး ဆလော့တ်နဲ့ အလုပ်တွဲလုပ်ရဖို့ စိတ်လှုပ်ရှားနေပြီလို့ ဖွင့်ဟလာခဲ့ပါတယ်။ ရော်ဘတ်ဆန်ဟာ နည်းပြဟောင်း ယာဂင် ကလော့ပ် စိတ်ကြိုက် ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်ပြီး လစ်ဗာပူးလ်နဲ့ အတူ ရွှေရောင်နေ့ရက်တွေ ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။

ဆလော့တ်ဟာ ဖီယင်နော့ဒ်ကို သူတာဝန်ယူ ကိုင်တွယ်စဉ် အတွင်း နယ်သာလန် အမှတ်ပေးဖလား အပြင် KNVB ဖလား ရယူပေးနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မှာတော့ ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်ပွဲကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ယာဂင် ကလော့ပ် နေရာ အတွက် ဆလော့တ်နဲ့ အစားထိုးခဲ့ခြင်း အတွက် ပရိသတ်တွေ အနေနဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဘောလုံးသမားဟောင်းတွေနဲ့ သုံးသပ်သူ တချို့ကတော့ နယ်သာလန်သား နည်းပြ အနေနဲ့ ပရီးမီးယားလိဂ်မှာ အလျင်အမြန် အသားကျသွားနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ နည်းပြဟောင်း ကလော့ပ် ကိုယ်တိုင် ကလည်း ဆလော့တ်ရဲ့ တိုက်စစ် အသားပေး ကစားဟန်ကို နှစ်သက်ကြောင်း ပြောကြားခဲ့ပြီး ခန့်အပ်ဖို့လည်း ထောက်ခံအားပေးခဲ့သူ ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် ဇူလိုင်လမှာ နည်းပြ ကလော့ပ် ခေါ်ယူခဲ့တဲ့ ရော်ဘတ်ဆန်ဟာ ဆလော့တ်နဲ့ စကားမပြောရသေးပေမယ့်လည်း လာမယ့်ရာသီမှာ လစ်ဗာပူးလ်နဲ့ အတူ အကောင်းဆုံးတွေ လုပ်ပြနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ စကော့တလန်နဲ့ အတူ ယူရို ၂၀၂၄ ပြိုင်ပွဲ အတွက် ပြင်ဆင်နေတဲ့ ရော်ဘတ်ဆန်က Sky Sportsနဲ့ အင်တာဗျူးမှာ “ကျွန်တော် [ဆလော့တ်] နဲ့ စကားမပြောသေးပါဘူး။ “သူက ကျွန်တော် တို့ကို ယူရိုကို အာရုံစိုက်ဖို့ အချိန်ပေးထားတယ် ထင်ပါတယ်။ ဒါဟာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ စိန်ခေါ်မှု အသစ် တစ်ခုပါ။ သိသာ ထင်ရှားပါတယ်၊ ခေတ်ဟောင်းက အရမ်းထူးခြားတယ်၊ ပြီးတော့ မန်နေဂျာဟောင်း အတွက် ကျေးဇူးတင်စရာတွေ အများကြီး ရှိတယ်၊ ဒါပေမယ့် အခု မန်နေဂျာ အသစ် ရောက်လာတော့ အကြံဉာဏ် အသစ်တွေ၊ အသံ အသစ်တွေနဲ့ ကျွန်တော် စိတ်လှုပ်ရှားနေတယ်။ အဲဒီ ကနေ ဘာတွေရနိုင်မလဲ ဆိုတာ အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ရော်ဘတ်ဆန်က “ကျွန်တော်တို့ ဒီအရှိန်အဟုန်ကို ဆက်ထိန်းထားနိုင်တယ် ဆိုတာ သံသယမရှိပါဘူး။ ကျွန်တော်တို့ ရရှိထားတဲ့ အစီရင်ခံစာတွေ အရ မန်နေဂျာသစ်က အရမ်းထူးချွန်ပြီး အဲဒါတွေကို အနီးကပ် မြင်ရဖို့ မစောင့်နိုင်တော့ပါဘူး။”

နည်းပြဟောင်း ယာဂင် ကလော့ပ်ဟာ ၂၀၂၀ ခုနှစ်မှာ လစ်ဗာပူးလ် အတွက် နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကလော့ပ် အနေနဲ့ မာဆေးလ်ဆိုက်ဒ်နဲ့ သူဖြတ်သန်းခဲ့တဲ့ ၉ နှစ်တာ ကာလ အတွင်း ချန်ပီယံလိဂ်၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား နှစ်ကြိမ်နဲ့ ကလပ် ကမ္ဘာ့ဖလား တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရောဘတ်ဆန် ကတော့ ကလော့ပ်ရဲ့ အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းဖို့ ခက်ခဲနိုင်တယ်လို့ ဝန်ခံခဲ့ပေမယ့်လည်း အသင်း အနေနဲ့ ဆလော့တ် လက်အောက်မှာ အကောင်းမွန်ဆုံး စတင်နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားလာခဲ့သည်။

“ပြီးခဲ့တဲ့ ရှစ်နှစ်၊ ကိုးနှစ်တာ ကာလတွေက တော်တော်လေး ထူးခြားပါတယ်။ သူတို့ မသိသေးတဲ့ အကြောင်းအရာတွေ နည်းနည်းများကောင်း များသွားနိုင်ပေမယ့် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အသင်း တစ်သင်းဟာ နေရာကောင်း တစ်ခု၊ ပြီးခဲ့တဲ့ရာသီက ကောင်းမွန်တဲ့ ရာသီတစ်ခုကို ရခဲ့ပါတယ်။ ရာသီအစမှာ ကျွန်တော် တို့ရဲ့ ရည်မှန်းချက်က ချန်ပီယံလိဂ် ပြန်ကစားဖို့ပဲ၊ ကျွန်တော်တို့ဟာ ဆုဖလား တစ်လုံးနဲ့ အဆုံးသတ်ခဲ့တယ်။ အဲဒါကို အပြုသဘောဆောင်တဲ့ အခြေအနေ တစ်ခု အနေနဲ့ မှတ်ယူရပါမယ်။

ဆက်လက်ပြီး ရော်ဘတ်ဆန်က “ကလော့ပ်က ကလပ်ကို တကယ် ကောင်းတဲ့ အခြေအနေ တစ်ခု အဖြစ် ထားခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ အခုပဲ ရှေ့ကို ဆက်သွားရမှာပါ၊ မန်နေဂျာသစ် ဝင်လာမှာ ဖြစ်ပြီး သူက တကယ်ကောင်းတဲ့ လူစာရင်းကို ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ မျက်နှစ်သစ် ကစားသမားတွေလည်း ရှိလာမှာပါ။” လို့ ပြောကြားသွားခဲပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်